နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, May 20, 2011

စာတုမသုတ်မှ ဘေးလေးပါး...

မြတ်စွာဘုရားသည် ရဟန်းတို့ကို...

ရဟန်းတို့ ရေသို့ သက်ဆင်းသောသူ၌ လေးပါးသော ဤဘေးတို့သည် မချွတ်ဖြစ်ရ ကုန်မည်။ အဘယ် လေးပါးတို့နည်းဟူမူ- လှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ဝဲဘေး၊ ငါးမန်းဘေးတို့တည်း။ ရဟန်းတို့ ရေသို့ သက်ဆင်းသော သူ၌ လေးပါးကုန်သော ဤဘေးတို့သည် မချွတ်ဖြစ်ရကုန်မည်။

ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသော အချို့သော ပုဂ္ဂိုလ်၌ လေးပါးသော ဤဘေးတို့သည် မချွတ်ဖြစ်ရ ကုန်မည်။ 161

အဘယ် လေးပါးတို့နည်းဟူမူ...

         ၁... လှိုင်းတံပိုးဘေး၊
         ၂... မိကျောင်းဘေး၊
         ၃... ဝဲဘေး၊
         ၄... ငါးမန်းဘေးတို့တည်း။

ရဟန်းတို့ လှိုင်းတံပိုးဘေး ဟူသည် အဘယ်နည်း...

ရဟန်းတို့ မိကျောင်းဘေး ဟူသည် အဘယ်နည်း...

ရဟန်းတို့ ဝဲဘေး ဟူသည် အဘယ်နည်း...

ရဟန်းတို့ ငါးမန်းဘေး ဟူသည် အဘယ်နည်း...

ရဟန်းတို့ ဤသာသနာတော်၌ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသော အချို့သော ပုဂ္ဂိုလ်အား ဤဘေးလေးပါးတို့သည် မချွတ်ဖြစ်ရ ကုန်မည် ဟု မြတ်စွာဘုရားသည် ဤသုတ်ကို ဟောတော်မူ၏။

စာတုမသုတ်မှ


၇ - စာတုမသုတ်၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: