နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 23, 2011

တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည်...




ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ နှလုံးကို မပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ...

စွဲမက်ဖွယ် အာရုံ၌ စွဲမက်၏။
ပြစ်မှားဖွယ် အာရုံ၌ ပြစ်မှား၏။
တွေဝေဖွယ် အာရုံ၌ တွေဝေ၏။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်ထွက်၏။
ယစ်မူးဖွယ် အာရုံ၌ ယစ်မူး၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ နှလုံးကို မပွါးစေတတ်သူ ဖြစ်၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ နှလုံးကို ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ...

စွဲမက်ဖွယ် အာရုံ၌ မစွဲမက်။
ပြစ်မှားဖွယ် အာရုံ၌ မပြစ်မှား။
တွေဝေဖွယ် အာရုံ၌ မတွေဝေ။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်။
ယစ်မူးဖွယ် အာရုံ၌ မယစ်မူး။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ နှလုံးကို ပွါးစေတတ်သူ ဖြစ်၏ ဟု မိန့်တော်မူ၏။ 81

၁ - ရဇနီယသုတ်၊ ထေရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: