ဒီလိုအကျိုးပေးမြဲတဲ့ထဲ မပါတာ ကံကောင်းပါတယ်...
အမိ အဖ ရဟန္တာကိုလည်း မသတ်မိ...
ဘုရားသွေးစိမ်းတည်အောင်လည်း မလုပ်ဖူးဘူး...
သံဃာကွဲအောင်လည်း သင်းမခွဲဘူး...
နိယတမိစ္ဆာဒိဋ္ဌိခေါ်တဲ့ မှားယွင်းနေသောအယူကိုလည်း ဒါမှဒါဆိုပြီး မလုပ်မိဘူး...
လုပ်မိသူများကတော့ မဟာအ၀ီစိငရဲကို သွားကြရမယ်လေ...
ဒါကြောင့် ကံကောင်းတယ်ပြောရတာပါ...
ဒါပေမဲ့...
တနည်းအားဖြင့် အကျိုးပေးမြဲအောင် လုပ်ရပေဦးမည်...
အောက်ကသူများကလည်း အကျိုးပေးမြဲတယ်တဲ့...
ဘယ်သူတွေလဲဆိုတော့ အရိယာရှစ်ဖေါ် သံဃာတော်တို့လေ...
ဘယ်သောအခါမှ အပါယ်ငရဲမရောက်...
ကောင်းသောအကျိုးပေး မြဲတာပေါ့...
ဒီလိုအကျိုးပေး မြဲတာကြတော့လည်း လိုချင်စရာ...
ဆက်လက် ကြိုးစားရပေဦးမည်...
ဒီနေရာမှာ...
No comments:
Post a Comment