နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, October 10, 2011

ငါဒီလိုကျင့်နေတယ်...


ငါဒီလိုကျင့်နေတယ်...
လူယဉ်ကျေးဖြစ်ဖို့ သင်လည်းကျင့်...
ထမင်း(ဆွမ်း) ခွက်ပုဂံ(သပိတ်) 

ထမင်းကို လေးလေးစားစား ငါစားမယ်...
ထမင်းလုတ်ကြီးကြီး ငါမစား...
ထမင်းလုတ်ကို ညီအောင်ညှိပြီး စားတော့မယ်...
ထမင်းလုတ်မရောက်မီ ပါးစပ်ကို ကြိုတင်ဖွင့်ပြီး ငါမထား...
ထမင်းနှင့်အတူ လက်ချောင်းများကို ပါးစပ်ထဲသို့ ငါမသွင်း...
ထမင်းပလုတ်ပလောင်းနှင့် ငါ စကားမပြော...
ထမင်းကို ပါးစပ်ထဲသို့ ပစ်ပေါက်သွင်းပြီး ငါမစား...
ထမင်းလုတ်ကို ကိုက်ဖြတ်ပြီးတော့ ငါမစား...
ပလုတ်ပလောင်း ငါမစား...
ထမင်းစားစဉ် လက်မခါမိအောင် ကြိုးစားမယ်...
ထမင်းလုံးများ ဖြန့်ကြဲပြီး ငါမစား...
လျှာတစ်လစ်ထုတ်ပြီး ငါမစား...
ထမင်းစားစဉ် ပျတ်ပျတ်မည်အောင် ငါမစား...
အစာစားစဉ် ရှုးရှုးရှဲရှဲ မြည်အောင် ငါမလုပ်...
လက်တွင်ကပ်နေသော အစာကို ငါမလျက်...
ခွက်ပုဂံကိုခြစ်၍ ခြစ်၍ ငါမစား...
နှုတ်ခမ်းကို လျှာဖြင့်လျက်၍ ငါမစား...
ဟင်းပေနေသောလက်ဖြင့် သောက်ရေခွက်ကို ငါမကိုင်...

ထမင်း(ဆွမ်း) ခွက်ပုဂံ(သပိတ်)

No comments: