နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 11, 2011

တို့အတွက် အကောင်းဆုံးအချိန်…

တို့အတွက် အကောင်းဆုံးအချိန်…

''အကြင် သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ အကြင် သတ္တဝါတို့သည်လည်း နောင်ဖြစ်ကုန်လတ္တံ့။ ထိုသတ္တဝါ အားလုံးသည် ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ လိမ္မာသူ ပညာရှိသည် ထိုအလုံးစုံ ပျက်စီး ဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက် မြတ်သော အကျင့်ကို ကျင့်ရာ၏''





အပ္ပါယုကသုတ်

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်…
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညနေချမ်းအခါ တစ်ယောက်တည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို ဒဒအသျှင်ဘုရား အံ့သြဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊

အသျှင်ဘုရား မြတ်စွာဘုရား၏ မယ်တော်သည် အလွန်နည်းသော အသက်ရှိ၏။ မြတ်စွာဘုရား မွေးဖွားပြီး နောက် ခုနစ်ရက်မြောက်၌ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်ပါ၏ ဟု လျှောက်၏။

အာနန္ဒာဟုတ်ပေ၏။

အာနန္ဒာ ဘုရားလောင်း မယ်တော်တို့သည် နည်းသော အသက်ရှိကုန်၏။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက် ခုနစ်ရက်မြောက်၌ ကွယ်လွန်ကြ၍ တုသိတာနတ်ပြည်၌ ဖြစ်ကြရကုန်၏ ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌…

''အကြင် သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ အကြင် သတ္တဝါတို့သည်လည်း နောင်ဖြစ်ကုန်လတ္တံ့။ ထိုသတ္တဝါ အားလုံးသည် ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ လိမ္မာသူ ပညာရှိသည် ထိုအလုံးစုံ ပျက်စီး ဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက် မြတ်သော အကျင့်ကို ကျင့်ရာ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 42

၂ - အပ္ပါယုကသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: