နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 4, 2011

ထိုရဟန်းသည် ဤတရား ကိုးပါးအား ကျင့်ခြင်းငှာ မထိုက်...



ထိုရဟန်းသည် ဤတရား ကိုးပါးအား ကျင့်ခြင်းငှာ မထိုက်...


စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော်တို့သည် အယူဝါဒ၌ မတည်တံ့သော သဘော ရှိကုန်သည် ဖြစ်၍ နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ဆိုအပ်ကုန်၏ -

''ငါ့သျှင်တို့ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြားပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့သျှင်တို့ မြေသို့ နက်စွာ ဝင်သော မြဲစွာ စိုက်အပ်သော ကျောက်တိုင်သည် လည်းကောင်း သံတိုင်သည် လည်းကောင်း မရွေ့ရှား မတုန်လှုပ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြား ပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် မရွေ့ရှား မတုန်လှုပ်ကုန်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ် တည်းဟူသော မိမိအကျိုးရှိ၏၊ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်။

၁... ငါ့သျှင်တို့ အာသဝေါကင်းပြီးသော ရဟန်းသည် သေစေလို၍ သတ္တဝါကို ဇီဝိတိနြေ္ဒမှချခြင်းငှါမထိုက်။

၂... အာသဝေါကင်းပြီးသော ရဟန်းသည် မပေးသည်ကို ခိုးလိုသောစိတ်ဖြင့် ခိုးယူခြင်းငှါ မထိုက်။

၃... အာသဝေါကင်းပြီးသော ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်းငှါ မထိုက်။

၎... အာသဝေါကင်းပြီးသော ရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းငှါ မထိုက်။

၅... အာသဝေါကင်းပြီးသော ရဟန်းသည် ရှေးလူဖြစ်စဉ် အခါက ပြုလုပ်သကဲ့သို့ ဝတ္ထုကာမ, ကိလေသာကာမ တို့ကို စုဆောင်း သိုမှီး၍ သုံးဆောင်ခြင်းငှါ မထိုက်။

၆... အာသဝေါကင်းပြီးသော ရဟန်းသည် ချစ်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၇... အာသဝေါကင်းပြီးသော ရဟန်းသည် မုန်းသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၈... အာသဝေါကင်းပြီးသော ရဟန်းသည် မသိသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၉... အာသဝေါကင်းပြီးသော ရဟန်းသည် ကြောက်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စ ရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ် တည်းဟူသော မိမိအကျိုး ရှိ၏၊ ဘဝ သံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ဤဆိုပြီးသော ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်'' ဟု ဆိုအပ်ကုန်၏။ 186

အာသဝေါကင်းသူ၏ မထိုက်သော အရာ၊
၆--- ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: