နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label ဒီဃနိကာယ်ပါဠိတော်. Show all posts
Showing posts with label ဒီဃနိကာယ်ပါဠိတော်. Show all posts

Saturday, May 14, 2011

ဘယ်ဝေဒနာကို သင်မှီဝဲမယ်...



မည်သည့်အရာကို သင် မှီဝဲမည်နည်း...

၁... 'သောမနဿ' ၀မ်းမြောက်ဝမ်းသာ

၂... 'ဒေါမနဿ' နှလုံးမသာယာ

၃... 'ဥပေက္ခာ' လျစ်လှူရှုခြင်း






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, April 5, 2011

ချမ်းသာ ခံစားခြင်း အကျင့်...

ချမ်းသာ ခံစားခြင်း အကျင့်

စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် ချမ်းသာခံစားခြင်း အကျင့်ကို အားထုတ်လျက် နေကြကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ''ငါ့သျှင်တို့ ထိုချမ်းသာခံစားခြင်းအကျင့်ဟူသည် အဘယ်နည်း၊ ချမ်းသာခံစားခြင်း အကျင့်တို့သည် များကုန်၏၊ များသော အစီအရင် ရှိကုန်၏၊ အထူးထူး အပြားပြား များကုန်၏'' ဟု ဆိုအပ်ကုန်၏။

စုန္ဒ ဤ (ဆိုလတ္တံ့သော) လေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် ယုတ်ညံ့ကုန်၏၊ ရွာနေသူတို့၏ အကျင့်ဖြစ်ကုန်၏၊ ပုထုဇဉ်တို့သာ မှီဝဲအပ်ကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ မမှီဝဲအပ်ကုန်၊ အကျိုးစီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ ချုပ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်ကုန်၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဖြစ်ကုန်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်ကုန်။

လူမိုက်တို့၏ ချမ်းသာခံစားခြင်း လေးမျိုး




စုန္ဒ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် ယုတ်ညံ့ကုန်၏၊ ရွာနေသူတို့၏ အကျင့်ဖြစ်ကုန်၏၊ ပုထုဇဉ်တို့သာ မှီဝဲအပ်ကုန်၏၊ အရိယာ ပုဂ္ဂိုလ်တို့ မမှီဝဲအပ်ကုန်၊ အကျိုးစီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲချုပ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်ကုန်၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဖြစ်ကုန်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်ကုန်။

စုန္ဒ ''သာကီဝင်မင်သား ဘုရားသားတော် ရဟန်းတို့သည် ဤလေးပါးသော ချမ်းသာ ခံစားခြင်းအကျင့်ကို အားထုတ်လျက် နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သင်တို့သည် ထိုပရိဗိုဇ်တို့ကို ''ဤသို့ မဆိုကုန်လင့်'' ဟု ဆိုအပ်ကုန်၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကို ဟုတ်မှန်စွာ ဆိုလိုသည်ဖြစ်၍ ဆိုသည်မမည်ကုန်ရာ၊ မဟုတ်မမှန်သောအားဖြင့် စွပ်စွဲ ပြောဆိုသည် မည်ကုန်ရာ၏။ 183



စုန္ဒ ဤဆိုလတ္တံ့သော လေးပါးသော ချမ်းသာခံစားခြင်း အကျင့်ကို အားထုတ်ခြင်းတို့သည် စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဝဋ်ဆင်းရဲချုပ်ရန် ဝဋ်ဆင်းရဲငြိမ်းရန် သစ္စာ လေးပါးကို ထိုးထွင်း၍ သိရန် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် နိဗ္ဗာန်ရောက်ရန် ဖြစ်ကုန်၏။

သူတော်ကောင်းတို့၏ ချမ်းသာ ခံစားခြင်းလေးမျိုး



စုန္ဒ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဝဋ်ဆင်းရဲချုပ်ရန် ဝဋ်ဆင်းရဲငြိမ်းရန် သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် နိဗ္ဗာန်ရောက်ရန် ဖြစ်ကုန်၏။

စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော်တို့သည် ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့ကို အားထုတ်ကြကုန်လျက် နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သင်တို့သည် ပရိဗိုဇ်တို့ကို ''မှန်ပေ၏'' ဟု ဆိုအပ်ကုန်၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကိုဟုတ် မှန်စွာဆိုလိုသည်ဖြစ်၍ ဆိုသည် မည်ကုန်ရာ၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကို မဟုတ်မမှန်သောအားဖြင့် စွပ်စွဲပြောဆိုသည် မမည်ကုန်ရာ။ 184

ချမ်းသာ ခံစားခြင်း အကျင့်
၆ - ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, April 4, 2011

ထိုရဟန်းသည် ဤတရား ကိုးပါးအား ကျင့်ခြင်းငှာ မထိုက်...



ထိုရဟန်းသည် ဤတရား ကိုးပါးအား ကျင့်ခြင်းငှာ မထိုက်...


စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော်တို့သည် အယူဝါဒ၌ မတည်တံ့သော သဘော ရှိကုန်သည် ဖြစ်၍ နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ဆိုအပ်ကုန်၏ -

''ငါ့သျှင်တို့ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြားပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့သျှင်တို့ မြေသို့ နက်စွာ ဝင်သော မြဲစွာ စိုက်အပ်သော ကျောက်တိုင်သည် လည်းကောင်း သံတိုင်သည် လည်းကောင်း မရွေ့ရှား မတုန်လှုပ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြား ပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် မရွေ့ရှား မတုန်လှုပ်ကုန်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ် တည်းဟူသော မိမိအကျိုးရှိ၏၊ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်။

၁... ငါ့သျှင်တို့ အာသဝေါကင်းပြီးသော ရဟန်းသည် သေစေလို၍ သတ္တဝါကို ဇီဝိတိနြေ္ဒမှချခြင်းငှါမထိုက်။

၂... အာသဝေါကင်းပြီးသော ရဟန်းသည် မပေးသည်ကို ခိုးလိုသောစိတ်ဖြင့် ခိုးယူခြင်းငှါ မထိုက်။

၃... အာသဝေါကင်းပြီးသော ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်းငှါ မထိုက်။

၎... အာသဝေါကင်းပြီးသော ရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းငှါ မထိုက်။

၅... အာသဝေါကင်းပြီးသော ရဟန်းသည် ရှေးလူဖြစ်စဉ် အခါက ပြုလုပ်သကဲ့သို့ ဝတ္ထုကာမ, ကိလေသာကာမ တို့ကို စုဆောင်း သိုမှီး၍ သုံးဆောင်ခြင်းငှါ မထိုက်။

၆... အာသဝေါကင်းပြီးသော ရဟန်းသည် ချစ်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၇... အာသဝေါကင်းပြီးသော ရဟန်းသည် မုန်းသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၈... အာသဝေါကင်းပြီးသော ရဟန်းသည် မသိသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၉... အာသဝေါကင်းပြီးသော ရဟန်းသည် ကြောက်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စ ရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ် တည်းဟူသော မိမိအကျိုး ရှိ၏၊ ဘဝ သံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ဤဆိုပြီးသော ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်'' ဟု ဆိုအပ်ကုန်၏။ 186

အာသဝေါကင်းသူ၏ မထိုက်သော အရာ၊
၆--- ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, August 4, 2010

ကိလေသာကင်းသော၊ အပြစ်မရှိသော...


အနင်္ဂဏသုတ် မှ... (ကိလေသာကင်းသော၊ အပြစ်မရှိသော)


အသျှင်မဟာမောဂ္ဂလာန်က ''ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခု ပေါ်လာပါသည်'' ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ ဟု မိန့်ဆို၏။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင် ငါသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏ အကွပ်တံကူကို ရွေနေစဉ် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား-
''ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက် ဤသည့် အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက် စင်ကြယ်သည် ဖြစ်၍ အနှစ်၌ တည်ရာ၏'' ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံ အတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့် အနာအဆာကို ရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် ''မိမိစိတ်ဖြင့် သူတစ်ပါး စိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား'' ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင် ပုဂ္ဂိုလ်တို့သည်...

ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေးမှုအတွက်သာ ရဟန်းပြုကုန်၏၊
သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊

စဉ်းလဲတတ်ကုန်၏၊
လှည့်ပတ်တတ်ကုန်၏၊
လိမ်လည် ကောက်ကျစ် တတ်ကုန်၏၊
ပျံ့လွင့် ကုန်၏၊
မာန်ထောင် ကုန်၏၊
လျှပ်ပေါ်လော်လည်ကုန်၏၊
နှုတ်ထွက် ကြမ်းကုန်၏၊
ပရမ်းပတာ ပြောဆိုကုန်၏၊
ဣနြေ္ဒတံခါး ပိတ်ဆို့ မထားကုန်၊
အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊
နိုးကြားမှု၌ အားမစိုက်ကုန်၊
ရဟန်းတရား၌ မငဲ့ကွက်ကုန်၊
သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားမှု မရှိကုန်၊
လာဘ်များရန်သာ ကျင့်ကုန်၏၊
အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ နာယူကုန်၏၊
ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ပြုကုန်၏၊
နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊
ပျင်းရိကုန်၏၊
လုံ့လ နည်းကုန်၏၊
သတိ ကင်းကုန်၏၊
ဆင်ခြင်ဉာဏ် မရှိကြကုန်၊
မတည်ကြည် ကြကုန်၊
စိတ်လေကြ ကုန်၏၊
ပညာမဲ့ကြ ကုန်၏၊
ထိုင်းအ,သူများ ဖြစ်ကြ ကုန်၏၊

အသျှင်သာရိပုတြာသည် ဤတရား ဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ)စိတ်ဖြင့် သိသကဲ့သို့ ရွေလေယောင်တကား။

အကြင် အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲ တတ်ကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါး ပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန်'ဥပဓိ ဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ ဝီရိယ ရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေ ကုန်၏၊ သတိရှိ ကုန်၏၊ ဆင်ခြင်Óဏ် ရှိကုန်၏၊ တည်ကြည် ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို ကြားကြကုန်၍ ''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်း သုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသော မိန်းမ၊ သို့မဟုတ် ယောက်ျားသည် ကြာပန်းကို ဖြစ်စေ၊ မိုးဆွေပန်းကို ဖြစ်စေ၊ စစ်ကြီးပန်း စံပယ်ပန်းကို ဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာ သကဲ့သို့ အကြင်အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြကုန်၏၊

မစဉ်းလဲကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါးပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်း တရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ လုံ့လ ရှိကြကုန်၏၊ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ် နေကုန်၏၊ သတိ ရှိကုန်၏၊ ဆင်ခြင်ဥာဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့် ကုန်၊ ပညာရှိ ကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို နာကြားရ ကုန်၍-

''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု အမြိုက်အရသာကို သောက်ကုန်ဘိ သကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား'' ဟု လျှောက်ကြား၏။

ဤသို့လျှင် ထိုအဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ဟောပြောသော စကားကို ဝမ်းမြောက်ကြလေ ကုန်သတည်း။ 63

၅ - အနင်္ဂဏသုတ်၊ မှ၊ မူလပရိယာယ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 30, 2010

လူငယ်တွေ လိုက်မလုပ်ရဘူးနော် သည်အကျင့်ကမှားတယ်...


ဟေ့ ဟေ့...
လူငယ်တွေ လိုက်မလုပ်ရဘူးနော် သည်အကျင့်ကမှားတယ်...

လာဘ်များတိုင်း...
လူများတိုင်း...
နောက်လိုက်ပေါတိုင်း...
လိုက်မလုပ်ကြရဘူးနော်...

ကဠာရမဋ္ဋက တက္ကတွန်း ဝတ္ထု

ဘဂ္ဂဝ ငါသည် အခါတစ်ပါး၌ ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ၏။ ထိုစဉ်အခါ၌ အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။ သူသည် ကျင့်ဝတ်ခုနစ်မျိုးတို့ကို ဆောက်တည်ကျင့်သုံး၏။

(၁) အသက်ထက်ဆုံး အဝတ်မဝတ်သူ ဖြစ်အံ့၊ အဝတ်ကို မဝတ်အံ့။
(၂) အသက်ထက်ဆုံး မြတ်သောအကျင့်ကို ကျင့်သူ ဖြစ်အံ့၊ မေထုန်အကျင့်ကို မမှီဝဲအံ့။
(၃) အသက်ထက်ဆုံး သေရည်နှင့် အသားတို့ဖြင့်သာ မျှတအံ့၊ ထမင်း မုန့်ကို မစားအံ့။
(၄) ဝေသာလီပြည်၏ အရှေ့အရပ် ဥဒေနစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။
(၅) ဝေသာလီပြည်၏ တောင်အရပ် ဂေါတမကစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။
(၆) ဝေသာလီပြည်၏ အနောက်အရပ် သတ္တမ္ဗစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။
(၇) ဝေသာလီပြည်၏ မြောက်အရပ် ဗဟုပုတ္တစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့ ဟု ဆောက်တည် ကျင့်သုံး၏။

ထိုသူသည် ဤကျင့်ဝတ် ခုနစ်မျိုးတို့ကို ဆောက်တည် ကျင့်သုံးသောကြောင့် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။ 11 ၁၁

တရားက ရှည်တော့ ဒါလောက်ပဲ တင်ပေးလိုက်ပါတယ်...

ကဠာရမဋ္ဋက တက္ကတွန်း ဝတ္ထု -မှ- ပါထိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။ ဒီဃနိကာယ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, March 25, 2010

ပစ္စည်းလေးပါး ခွင့်ပြုကြောင်းမှာ...

ပစ္စည်းလေးပါး ခွင့်ပြုကြောင်း

စုန္ဒ ပစ္စုပ္ပန်လောက၌ ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်တားမြစ်ရန်သာ ငါသည် သင်တို့အား တရားဟောသည် မဟုတ်။

စုန္ဒ တမလွန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်ရန်သာ ငါသည် သင်တို့အား တရားဟောသည် မဟုတ်။

စုန္ဒ ပစ္စုပ္ပန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပိတ်ပင်တားမြစ်ရန် လည်းကောင်း၊ တမလွန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်ရန်လည်းကောင်း ငါသည် သင်တို့အား တရားကို ဟော၏။

သင်္ကန်းကို ခွင့်ပြုခြင်းမှာ...
စုန္ဒ ထို့ကြောင့် ဤသာသနာတော်၌ သင်တို့အား ငါသည် အကြင် သင်္ကန်းကို ခွင့်ပြုအပ်၏၊ ထိုသင်္ကန်းသည် သင်တို့၏ အချမ်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အပူကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ မှက်ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အရှက်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရန် စွမ်းနိုင်၏၊ ဤသို့ အချမ်း အပူ ပယ်ဖျောက်ခြင်း စသည်ကိုပြု၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုသင်္ကန်းကို ငါ ခွင့်ပြုအပ်၏။

ဆွမ်းကို ခွင့်ပြုခြင်းမှာ...
သင်တို့အား ငါသည် အကြင် ဆွမ်းကို ခွင့်ပြုအပ်၏၊ ထိုဆွမ်းသည် ဤခန္ဓာကိုယ်ကို ကြာမြင့်စွာ တည်စေရန် စွမ်းနိုင်၏၊ မျှတစေရန် စွမ်းနိုင်၏၊ ငတ်မွတ်ဆာလောင်ခြင်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ သာသနာတော်ကို ချီးမြှောက်ရန် စွမ်းနိုင်၏၊ ဤဆွမ်းကို မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းများကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်များကိုလည်း မဖြစ်စေအံ့၊ ငါ့အား ဣရိယာပုထ် မျှတခြင်းသည်လည်း ဖြစ်လတ္တံ့၊ အပြစ်မရှိခြင်းသည်လည်း ဖြစ်လတ္တံ့၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့၊ ဤသို့ နှလုံးသွင်း၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုဆွမ်းကို ငါ ခွင့်ပြုအပ်၏။

ကျောင်းကို ခွင့်ပြုခြင်းမှာ...
သင်တို့အား ငါသည် အကြင် ကျောင်းကို ခွင့်ပြုအပ်၏၊ ထိုကျောင်းသည် သင်တို့အား အချမ်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အပူကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ ဥတုကြောင့်ဖြစ်သော ဘေးရန်တို့ကို ပယ်ဖျောက်ရန် ကမ္မဋ္ဌာန်းအာရုံ၌ မွေ့လျော်ရန် စွမ်းနိုင်၏၊ ဤသို့ အချမ်း အပူ ပယ်ဖျောက်ခြင်းစသည်ကိုပြု၍ ရဟန်းတရားကို အားထုတ် ကျင့်ဆောင် လတ္တံ့ ဟု ရည်ရွယ်၍ ထိုကျောင်းကို ငါ ခွင့်ပြုအပ်၏။

ဆေးကို ခွင့်ပြုခြင်းမှာ...
သင်တို့အား ငါသည် အနာ၏ ဆန့်ကျင်ဘက် အသက်၏အရံအကာ အဆောက်အဦဖြစ်သော အကြင်ဆေးကို ခွင့်ပြုအပ်၏၊ ထိုဆေးသည် သင်တို့၏ ဓာတ်ချောက်ချားမှုကြောင့် ဖြစ်သော ဆင်းရဲ ဝေဒနာတို့ကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ ရောဂါဆင်းရဲ မရှိစေရန် စွမ်းနိုင်၏၊ ဤသို့ ဆင်းရဲဝေဒနာ ပယ်ဖျောက်ခြင်း စသည်ကို ပြု၍ ရဟန်းတရားကို အားထုတ် ကျင့်ဆောင် လတ္တံ့ ဟု ရည်ရွယ်၍ ထိုဆေးကို ငါခွင့်ပြုအပ်၏။ 182

ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။ ဒီဃနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နှုတ်အကျင့် ပဋိပဒါ ဒေသနာ

နှုတ်အကျင့် ပဋိပဒါ ဒေသနာ

မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် ကောင်းသော နှုတ်အကျင့်၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။ မြတ်စွာဘုရား ဤလောက၌ အချို့သူသည် မုသာဝါဒနှင့် စပ်သော စကားကို မဆို၊ ကွဲပြားစေတတ်သော စကားကို မဆို၊ ကုန်းချောသော စကားကို မဆို၊ အမျက်ညှဉ်းဆဲခြုတ်ခြယ်သော စကားကိုမဆို၊ အောင်နိုင်ခြင်းသို့ ရှေးရှုသည်ဖြစ်၍ မဆို၊ ပညာဖြင့် ဆင်ခြင်၍ နှလုံး၌ ထားသင့်သော စကားကို လျောက်ပတ်သော အခါ၌ ဆို၏။

မြတ်စွာဘုရား ကောင်းသော နှုတ်အကျင့်၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏။ 153

အကျင့် ပဋိပဒါ ဒေသနာ၊ သမ္ပသာဒနီယသုတ်၊ ပါထိက၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, March 22, 2010

မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရား ကို စွပ်စွဲခြင်းသည် မကောင်း...


ဆက္က - တရား ခြောက်ပါးစု

ကိလေသာမှ လွတ်သော ဓာတ်တို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ ''ငါသည် ကိလေသာတို့မှ လွတ်သော မေတ္တာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန်လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ပြုအပ်၏၊ တည်ရာကဲ့သို့ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ဒေါသသည် ငါ၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏'' ဟု ဆိုငြားအံ့။

''ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရား ကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော် မမူရာ'' ဟု ထိုရဟန်းကို ဆိုအပ်၏။

''ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဉ်သောစိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာ ကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ် အပ်ပါလျက် ဒေါသသည် ထိုရဟန်း၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။






ငါ့သျှင်...
ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဉ်သော စိတ်သည်
ဒေါသမှ ထွက်မြောက်ကြောင်းတည်း
ဟု ဆိုအပ်၏။
17-1



ငါ့သျှင်တို့ ဤ သာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ ''ငါသည် ကိလေသာတို့မှ လွတ်သော ကရုဏာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ် အပ်၏၊ ထိုသို့ဖြစ်လျက် ညှဉ်းဆဲခြင်း 'ဝိဟေသာ' သည် ငါ၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏'' ဟု ဆိုငြားအံ့။

''ဤသို့ မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာ ဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ''ဟု ထိုရဟန်းကို ဆိုအပ်၏။

''ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းကရုဏာနှင့် ယှဉ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန်ဖြစ်စေ အပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ် အပ်ပါလျက် ညှဉ်းဆဲခြင်း 'ဝိဟေသာ' သည် ထိုရဟန်း၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။






ငါ့သျှင်...
ကိလေသာတို့မှ လွတ်သော ယင်းကရုဏာနှင့်ယှဉ်သော စိတ်သည်
ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း
ဟု ဆိုအပ်၏။
17 - 2



ငါ့သျှင်တို့ ဤ သာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ ''ငါသည် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ် အပ်၏၊ ထိုသို့ ဖြစ်လျက် မမွေ့လျော်သော 'အရတိ' တရားသည် ငါ၏ မုဒိတာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏'' ဟု (ဆိုငြားအံ့)။

''ဤသို့ မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော် မမူရာ'' ဟု ထိုရဟန်း ကို ဆိုအပ်၏။

''ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမုဒိတာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ် ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန်ဖြစ် စေအပ်ပါလျက် အဖန်ဖန်ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ် အပ်ပါလျက် မမွေ့လျော်ခြင်း 'အရတိ' တရားသည် ထိုရဟန်း၏ မုဒိတာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ ဟူသော ဤစကားသည် အကြောင်း မဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။






ငါ့သျှင်...
ကိလေသာတို့မှ လွတ်သော မုဒိတာနှင့် ယှဉ်သော စိတ်သည်
မမွေ့လျော်ခြင်း 'အရတိ' တရားမှ ထွက်မြောက် ကြောင်းတည်း
ဟု ဆိုအပ်၏။
17 - 3



ငါ့သျှင်တို့ ဤ သာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ ''ငါသည် ကိလေသာတို့မှ လွတ်သော လျစ်လျူရှုခြင်း ဥပေက္ခာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ် ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်လျက် စွဲမက်ခြင်း 'ရာဂ' သည် ငါ၏ ဥပေက္ခာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏'' ဟု (ဆိုငြားအံ့)။

''ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော် မမူရာ'' ဟု ထို ရဟန်းကို ဆိုအပ်၏။

''ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းလျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့် ယှဉ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါ လျက် စွဲမက်ခြင်း 'ရာဂ'သည် ထိုရဟန်း၏ ဥပေက္ခာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။






ငါ့သျှင်...
ကိလေသာတို့မှ လွတ်သော ယင်းလျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့် ယှဉ်သော စိတ်သည်
စွဲမက်ခြင်း'ရာဂ' မှ ထွက်မြောက်ကြောင်းတည်း
ဟု ဆိုအပ်၏။
17 - 4



ငါ့သျှင်တို့ ဤ သာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ ''ငါသည် ကိလေသာတို့မှ လွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ငါ၏ ထိုအရဟတ္တဖိုလ်ဝိညာဉ်စိတ်သည် ရာဂစသော နိမိတ်သို့ အစဉ်လိုက်၏'' ဟု ဆိုငြားအံ့။

''ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင်၊့ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စပ်ွစွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ'' ဟု ထိုရဟန်းကို ဆိုအပ်၏။

''ငါ့သျှင် ကိလေသာတို့မှလွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော ယင်း အရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူး အပ်ပါလျက် ကောင်းစွာ အားထုတ် အပ်ပါလျက် ထိုရဟန်း၏ အရဟတ္တဖိုလ် ဝိညာဉ်စိတ်သည် ရာဂစသော နိမိတ်သို့ အစဉ်လိုက်၏ ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။






ငါ့သျှင်...
ကိလေသာတို့မှလွတ်သော
ရာဂစသော အစွဲအမှတ်နိမိတ် မရှိသော အရဟတ္တဖိုလ် စိတ်သည်
အလုံးစုံသော ရာဂစသော နိမိတ်တို့မှ ထွက်မြောက်ကြောင်းတည်း
ဟု ဆိုအပ်၏။
17 - 5



ငါ့သျှင်တို့ ဤ သာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ ''ငါဟူသော မာနစိတ်သည် ငါ့မှာ ကင်း၏၊ ဤတရားသည် ငါဖြစ်၏ ဟူ၍လည်း မရှိ၊ ထိုသို့ဖြစ်လျက် ငါ၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏''ဟု ဆိုငြားအံ့။

''ဤသို့မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရား ကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ'' ဟု ထိုရဟန်းကို ဆိုအပ်၏၊ ''ငါ့သျှင် ငါဟူသော မာနစိတ်ကင်းပါလျက် ဤတရားသည် ငါဖြစ်၏ဟူ၍လည်း မရှိပါဘဲလျက် ထိုရဟန်း၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာ ငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏ ဟူသော စကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။






ငါ့သျှင်
ယင်းငါဟူသောမာနကို အကြွင်းမဲ့ ဖြတ်ခြင်းသည်
ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်မှ ထွက်မြောက် ကြောင်းတည်း
ဟု ဆိုအပ်၏၊
17 - 6


ဆက္က - တရား ခြောက်ပါးစု မှ၊ သင်္ဂီတိသုတ်၊ ပါထိက၀ဂ်ပါဠိတော်။ 326




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သေပြီးသည်မှ နောက်...

ပျက်စီးခြင်းတရားတို့သည်...

ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါဟူသော ပျက်စီးခြင်း၊ သီလ ပျက်စီးခြင်း၊ အယူပျက်စီးခြင်းအားဖြင့် ငါးပါးတို့တည်း။ ငါ့သျှင်တို့ သတ္တဝါတို့သည် ဆွေမျိုး ပျက်စီးခြင်းကြောင့်သော် လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်း ကြောင့်သော် လည်းကောင်း၊ အနာရောဂါ ဟူသော ပျက်စီးခြင်းကြောင့်သော် လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ မဖြစ်ကုန်။

ငါ့သျှင်တို့ သတ္တဝါတို့သည် သီလပျက်စီးခြင်းကြောင့်သော် လည်းကောင်း၊ အယူပျက်စီးခြင်းကြောင့်သော် လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကုန်၏။ 316 - 11

သီလ - ဒိဋ္ဌိအယူ

ပဉ္စက - တရား ငါးပါးစု မှ၊ သင်္ဂီတိသုတ်၊ ပါထိက၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 9, 2010

သီလပြည့်စုံခြင်း အကျိုးငါးပါး...

ပါဋလိဂါမဝတ္ထု မှ

သီလပြည့်စုံခြင်း အကျိုးငါးပါး

ဥပါသကာတို့ သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၏ အကျိုး 'အာနိသင်' တို့သည် ဤငါးပါးတို့တည်း၊

အဘယ်ငါးပါးတို့နည်း ဟူမူ-

၁...
ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာအစုကို ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ရှေ့ဦးစွာသော အကျိုးအာနိသင်တည်း။

၂...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူအား ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ နှစ်ခုမြောက် အကျိုး အာနိသင်တည်း။

၃...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မင်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်းကြောင့် သုံးခုမြောက် အကျိုးအာနိသင်တည်း။

၎...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် တွေဝေခြင်း မရှိဘဲ သေရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ လေးခုမြောက် အကျိုးအာနိသင်တည်း။

၅...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုးအာနိသင်တည်း။

ဥပါသကာတို့
သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌
အကျိုးအာနိသင်တို့သည် ဤငါးပါးတို့တည်း ဟု မိန့်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဥ့်နက်သည်တိုင်အောင် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေပြီးလျှင် ''ဥပါသကာတို့ ညဥ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိကုန်၏၊ သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏''ဟု ပြန်လွှတ်တော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား'' ဟု ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ပြန်သွားကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မှီပင် ဆိတ်ငြိမ်ရာသို့ ဝင်တော်မူ၏။

၁၇၃ - ပါဋလိဂါမဝတ္ထု မှ၊ ဘေသဇ္ဇက္ခန္ဓက၊ မဟာဝဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, February 12, 2010

သီလနှင့်ပညာကို အမြတ်ဆုံ;,,,

သီလနှင့်ပညာကို အမြတ်ဆုံးဟု ဆိုခြင်း

ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊

ပုဏ္ဏား ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသောသူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။ ပုဏ္ဏား လက် တစ်ဖက်ဖြင့် လက် တစ်ဖက်ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း၊ ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း ပုဏ္ဏား ဤအတူပင် ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလ ရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာ ရှိ၏။ အကြင် ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသော သူအားပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။ 317

သောဏဒဏ္ဍသုတ်၊ ၃၁၇ မှ၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 25, 2010

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒသုတ်

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရား ဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် မမြဲ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် အဆုံးရှိ၏ ဟူသည်ကိုလည်း။ပ။ ပေါဋ္ဌပါဒ လောကသည် အဆုံးမရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ ထို(ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ အသက်သည့် တခြား၊ ကိုယ်သည် တခြား ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ရှိ၏ ဟူသည် ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ မရှိဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိလည်းရှိ မရှိလည်း မရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ် ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း)မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏။

ပေါဋ္ဌပါဒ အဘယ်ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရားတို့ဟု ငါသည် ဟောကြားဖော်ပြသနည်း။

ထို တရားတို့သည်...

အကျိုးစီးပွားနှင့် မစပ်ကုန်၊
လောကုတ္တရာ တရားနှင့် မစပ်ကုန်၊
အကျင့်မြတ်၏ အစမျှပင် မဟုတ်ကုန်၊
ငြီးငွေ့ ရန်အလို့ငှါ မဖြစ်ကုန်၊
တပ်မက်ခြင်း ကင်းရန်အလို့ငှါ မဖြစ်ကုန်၊
ဝဋ်ဆင်းရဲ ချုပ်ရန်အလို့ငှါ မဖြစ်ကုန်၊
ကိလေသာ ငြိမ်းရန်အလို့ငှါ မဖြစ်ကုန်၊
ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်ကုန်၊
သစ္စာလေးပါးကို သိရန်အလို့ငှါ မဖြစ်ကုန်၊
နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ မဖြစ်ကုန်၊
ထို့ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ ဟု ငါသည် ဟောကြား ဖော်ပြပေ၏။

ပေါဋ္ဌပါဒသုတ်၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, November 20, 2009

မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအလှူ...



ဒက္ခိဏာဝိဘင်္ဂသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ ''မြတ်စွာဘုရား အကျွန်ုပ်သည် အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံ တော်မူ ပါလော့'' ဟု ဤစကားကို လျှောက်ထား၏။

ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့''ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ...

''မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရား ကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော် မူပါလော့'' ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ် မြောက်လည်း မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့'' ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို။ ပ ။ 376




ဤသို့ မိန့်တော်မူသည် ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား...
''မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော် မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီ သည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေး ဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော် နတ်ရွာစံသည် ရှိသော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊

မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်

ဘုရားကို ဆည်းကပ်ပါ၏၊
တရားကို ဆည်းကပ်ပါ၏၊
သံဃာကို ဆည်းကပ်ပါ၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊
သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊

မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်...

ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။
ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏'' ဟု ဤစကားကို လျှောက်ထား၏။ 377





အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေ ပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့် ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကိုကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း 'သမုဒယသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ 'နိရောဓသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော 'မဂ္ဂသစ္စာ' ၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။ 378






ပုဂ္ဂလိက အလှူ တစ်ဆယ့်လေးမျိုး...

အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။
အဘယ် တစ်ဆယ့်လေးပါးတို့နည်းဟူမူ-

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊

၂။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊

၃။ ဘုရား၏ တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊

၎။ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၅။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၆။ အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ
ကို ပေးလှူ၏၊

၇။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၉။ သောတာပန် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၁။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၂။ သီလရှိသော ပုထုဇဉ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၃။ သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊

၁၄။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊

အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင်...
(ဘ၀ အရာ၊ အထောင်ဖြစ်သည်။ တစ်ရာ၊ တစ်ထောင်မဟုတ်။)
တိရစ္ဆာန်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ(ဘဝ)အရာ မချွတ်ဖြစ် လတ္တံ့။

သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုးအဆ (ဘဝ) အထောင် မချွတ်ဖြစ် လတ္တံ့။

သီလ ရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ (ဘဝ) အသိန်း မချွတ် ဖြစ်လတ္တံ့။

သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုးအဆ(ဘဝ)ပေါင်း ကုဋေအသိန်း မချွတ် ဖြစ်လတ္တံ့။

သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏ အကျိုး မချွတ် ဖြစ်လတ္တံ့။

သောတာပန်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။

သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အနာဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။

ရဟန္တာအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပစ္စေကဗုဒ္ဓါအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ 379






သံဃိက အလှူ ခုနစ်ပါးမျိုး...

အာနန္ဒာ သံဃိက ဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။

အဘယ် ခုနစ်ပါးတို့ဟူမူ-

၁။ ဘုရား အမှူးရှိသော နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၂။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၃။ ရဟန်းယောက်ျား သံဃာအား အလှူကို ပေးလှူ၏၊

၎။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၅။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို လည်းကောင်း၊ ရဟန်းမိန်းမတို့ကို လည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ ဟု အလှူကို ပေးလှူ၏၊

၆။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို သံဃာမှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊

၇။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းမိန်းမတို့ကို သံဃာ
မှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊

အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလ မရှိကုန်သော ယုတ်မာသော တရား ရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊

ထိုသီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန် လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိက အလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ ဟု ငါဟော၏၊

အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိက ဒါနကို အထူးသဖြင့် အကျိုးများ၏ ဟု ငါမဟော။ 380






အလှူ၏ စင်ကြယ်ခြင်း လေးမျိုး...

အာနန္ဒာ အလှူ၏ စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။
အဘယ် လေးပါးတို့နည်းဟူမူ-

၁။ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။

၂။ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။

၃။ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ်သော အလှူလည်း ရှိ၏။

၎။ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူလည်းရှိ၏။

၁။ အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။

၂။ အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူ ဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။

၃။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ် သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။

၎။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် လည်း သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ ရှိကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူ သည် လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။

အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်း ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော် မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ - 381






မည်သည့်အလှူသည် အကျိုးကြီးသနည်း...

''အကြင် သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့် ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါ မဟော။

အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါဟော၏။

အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂ မကင်းသော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ ဟု ငါဟော၏ ဟု မိန့်တော်မူ၏။ 382

၁၂ - ဒက္ခိဏာဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, October 24, 2009

သိစေအပ်သော အစီအရင်...




သိစေအပ်သော အစီအရင်...


စုန္ဒ ညီညွတ်ကုန်သော အချင်းချင်း ဝမ်းမြောက်ကုန်သော မငြင်းခုံကြကုန်သော အကျင့်သိက္ခာကို လိုလားကုန်သော သင်ချစ်သားတို့တွင် သီတင်းသုံးဖော်တစ်ဦး သည် သံဃာ့ အလယ်၌ အကယ်၍ တရားဟောငြားအံ့၊ ထိုဟောရာ၌ ''ဤအသျှင်သည် အနက်ကိုလည်း မှားယွင်းစွာယူ၏၊ သဒ္ဒါကိုလည်း မှားယွင်းစွာ တင်ပြ၏''ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ဖြစ်သော် ထို အသျှင်၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊


''ငါ့သျှင် ဤအနက်၏ သဒ္ဒါတို့သည် ဤသဒ္ဒါတို့ ဖြစ်ကုန်သလော၊ ထိုသဒ္ဒါတို့ ဖြစ်ကုန်သလော၊ အဘယ် သဒ္ဒါတို့သည် သာလွန်၍ သင့်မြတ်ကုန်သနည်း၊ ဤသဒ္ဒါတို့၏ အနက်သည် ဤအနက်ဖြစ်သလော၊ ထိုအနက် ဖြစ်သလော၊ အဘယ် အနက်သည် သာလွန်၍ သင့်မြတ်ပါသနည်း''ဟု ဆိုအပ်၏။


ထိုအသျှင်သည် ''ငါ့သျှင်တို့ ဤအနက်၏ သဒ္ဒါတို့တွင် ဤသဒ္ဒါတို့သာလျှင် သာလွန်၍ သင့်မြတ်ကုန်၏၊ ဤသဒ္ဒါတို့ကိုပင် ငါဆိုအပ်၏၊ ဤသဒ္ဒါတို့၏ အနက်တွင် ဤအနက်သည်သာလျှင် သာလွန်၍ သင့်မြတ်၏၊၊ ဤအနက်ကိုပင် ငါဆိုအပ်၏''ဟု အကယ်၍ ဆိုငြားအံ့၊ ထို အသျှင်ကို မြှင့်တင် ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်းခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုအနက်ကိုလည်းကောင်း၊ ထိုသဒ္ဒါတို့ကို လည်းကောင်း စူးစမ်းဆင်ခြင်ရန် ထို အသျှင်ကိုပင် ကောင်းစွာ သိစေအပ်၏။ 178


စုန္ဒ တစ်ပါးသော သီးတင်းသုံးဖော်သည်လည်း သံဃာ့ အလယ်၌ အကယ်၍ တရား ဟောငြားအံ့၊ ထိုတရားဟောရာ၌ ''ဤအသျှင်သည် အနက်ကို မှားယွင်းစွာ ယူ၏၊ သဒ္ဒါတို့ကိုကားဟုတ် မှန်စွာ တင်ပြ၏'' ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ ဖြစ်သော် ထိုအသျှင်၏ စကားကို နှစ်သက် လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ နှစ်သက်လက်ခံခြင်း ကဲ့ရဲ့ခြင်းကို မပြုမူ၍ ထိုအသျှင်ကို ''ငါ့သျှင် ဤသဒ္ဒါတို့၏ အနက်သည် ဤအနက် ဖြစ်သလော၊ ထိုအနက် ဖြစ်သလော၊ အဘယ်အနက်သည် သာလွန်၍ သင့်မြတ်သနည်း'' ဟု ဆိုအပ်၏။


ထို အသျှင်သည် ''ငါ့သျှင်တို့ ထိုသဒ္ဒါတို့၏ အနက်တို့တွင် ဤအနက်သည် သာလျှင် သာလွန်၍ သင့်မြတ်၏'' ဟု အကယ်၍ ဆိုငြားအံ့၊ ထို အသျှင်ကို မြှင့်တင်ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်းခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုအနက်ကိုသာလျှင် စူးစမ်း ဆင်ခြင်ရန် ထို အသျှင်ကိုပင် ကောင်းစွာ သိစေအပ်၏။ 179


စုန္ဒ တစ်ပါးသော သီးတင်းသုံးဖော် ပုဂ္ဂိုလ်သည်လည်း သံဃာ့ အလယ်၌ အကယ်၍ တရားဟောငြားအံ့၊ ထိုဟောရာ၌ ''ဤအသျှင်သည် အနက်ကိုသာလျှင် ဟုတ်မှန်စွာ ယူ၏၊ သဒ္ဒါတို့ကိုကား မှားယွင်းစွာ တင်ပြ၏'' ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ဖြစ်သော် ထို အသျှင်၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ နှစ်သက် လက်ခံခြင်း ကဲ့ရဲ့ငြင်းပယ်ခြင်း မပြုမူ၍ ထိုအသျှင်ကို '' ငါ့သျှင် ဤအနက်၏ သဒ္ဒါတို့သည် ဤသဒ္ဒါတို့ ဖြစ်ကုန် သလော၊ ထိုသဒ္ဒါတို့ ဖြစ်ကုန်သလော၊ အဘယ်သဒ္ဒါတို့သည် သာလွန် သင့်မြတ်ကုန်သနည်း''ဟု ဆိုအပ်၏၊ ထို အသျှင် သည် ''ငါ့သျှင်တို့ ဤအနက်၏ သဒ္ဒါတို့တွင် ဤသဒ္ဒါတို့သည် သာလွန်၍ သင့်မြတ် ကုန်၏'' ဟု ဆိုငြားအံ့၊ ထို (အသျှင်) ကို မြှင့်တင် ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချ ခြိမ်းခြောက် ခြင်းလည်း မပြုအပ်၊ မြှင့်တင် ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုသဒ္ဒါ တို့ကို သာလျှင် စူးစမ်းအင်ခြင်ရန် ထို (အသျှင်)ကိုပင် ကောင်းစွာ သိစေအပ်၏။ 180


စုန္ဒ တစ်ပါးသော သီတင်းသုံးဖော်သည်လည်း သံဃာ့ (အလယ်) ၌ အကယ်၍ တရား ဟောငြားအံ့၊ ထိုတရားဟောရာ၌ ''ဤအသျှင်သည် အနက်ကိုလည်း ဟုတ်မှန်စွာ ယူ၏၊ သဒ္ဒါတို့ကိုလည်း ဟုတ်မှန်စွာ တင်ပြ၏'' ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်သော် ထို (အသျှင်)၏ စကားကို ''ကောင်း၏'' ဟု နှစ်သက် လက်ခံအပ်၏၊ ဝမ်းမြောက်နုမော် သာဓုခေါ်အပ်၏၊ ထို (ပုဂ္ဂိုလ်)၏ စကားကို နှစ်သက်လက်ခံကာ ဝမ်းမြောက်နုမော် သာဓုခေါ်ပြီးသော် ထို (အသျှင်) ကို ''ငါ့သျှင် ငါတို့သည် အရတော် လေစွ၊ ငါ့သျှင် ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ အကြင်ငါတို့သည် ဤသို့ အနက်ကို တတ်သိသော ဤသို့ သဒ္ဒါကို တတ်သိသော ထိုသို့သဘော ရှိသော သီတင်းသုံးဖော် အသျှင်မြတ်ကို မြင်ကြရကုန်၏'' ဟု ဆိုအပ်၏။


သိစေအပ်သော အစီအရင်၊ ပါသာဒိကသုတ်၊ ပါထိကဝဂ်၊ ဒီဃနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, June 5, 2009

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်...

သမ္ပသာဒနီယသုတ် -(ကြည်ညိုဖွယ်)

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်...

အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
မြတ်စွာဘုရား၏ အလိုနည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။

မြတ်စွာဘုရား ဤဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည် ကုန်ရာ၏။

မြတ်စွာဘုရား၏ အလို နည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု လျှောက်၏။

ဥဒါယီ သင်သည် မြတ်စွာဘုရား၏အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။ ဥဒါယီ ဤ ဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိသော ပရိဗိုဇ် တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည်ကုန်ရာ၏။ ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော် ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု မိန့်တော်မူ၏။162

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏...
သာရိပုတြာ ဤတရားတော်ကို ရဟန်းယောက်ျားတို့အားလည်းကောင်း ရဟန်း မိန်မတို့အားလည်းကောင်း ဒါယကာတို့အား လည်းကောင်း ဒါယိကာမတို့အား လည်းကောင်း သင်သည် မပြတ်ဟောကြားလေလော့။ သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်ကုန်သော အကြင်ယောက်ျားတို့အား မြတ်စွာဘုရား၌ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်လတ္တံ့၊ ထိုယောက်ျားတို့အား ဤတရားဒေသနာတော်ကို နာရ၍ မြတ်စွာဘုရား၌ ထိုယုံမှား တွေးတောခြင်းသည် အလိုလို ပျောက်လတ္တံ့၊ ထို့ကြောင့် မပြတ်ဟောကြားလေလော့ ဟု မိန့်တော်မူ၏။

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အသျှင်သာရိပုတြာသည် မြတ်စွာဘုရား မျက်မှောက်တော်၌ ကြည်ညိုခြင်းကို အကြင့်ကြောင့် ပြောကြား၏၊ ထို့ကြောင့် ဤအမေးအဖြေနှင့်တကွ ဟောကြားအပ်သော တရားတော်၏ အမည်သည် 'သမ္ပသာဒနီယ 'ဟု တွင်သတည်း။163

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်၊ သမ္ပသာဒနီယသုတ်၊ ပါထိက၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, May 23, 2009

ထူးသည့်အဖြစ်ကို ပြုတတ်သော...

တရား ကိုးပါးစု ...

ထိုးထွင်း၍ သိနိုင်ခဲသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။

ထူးသည့်အဖြစ်ကို ပြုတတ်သော တရားကိုးပါးတို့တည်း။

ဓာတ်ထူးခြင်းကို စွဲ၍ ဖဿထူးခြင်း ဖြစ်၏။
ဖဿထူးခြင်းကို စွဲ၍ ဝေဒနာထူးခြင်း ဖြစ်၏။
ဝေဒနာထူးခြင်းကို စွဲ၍ ကာမသညာ စသည် ထူးခြင်း ဖြစ်၏။
ကာမသညာ စသည် ထူးခြင်းကို စွဲ၍ အကြံထူးခြင်း ဖြစ်၏။
အကြံထူးခြင်းကို စွဲ၍ လိုချင်ခြင်း ဆန္ဒထူးခြင်း ဖြစ်၏။
လိုချင်ခြင်း ဆန္ဒထူးခြင်းကို စွဲ၍ ပူလောင်ခြင်းထူးခြင်း ဖြစ်၏။
ပူလောင်ခြင်းထူးခြင်းကို စွဲ၍ ရှာမှီးခြင်း ထူးခြင်း ဖြစ်၏။
ရှာမှီးခြင်း ထူးခြင်းကို စွဲ၍ ရခြင်းထူးခြင်း ဖြစ်၏။
ရခြင်းထူးခြင်းကို စွဲ၍ မှတ်ထင်မှု ထူးခြင်း ဖြစ်၏။

ဤကိုးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ဆ359

ဒသုတ္တရ၀ဂ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။ တရား ကိုးပါးစု - မှ...


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, May 2, 2009

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး...

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊

ရဟန်းတို့ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတော် တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ် သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခန့်လျက် ကြာမြင့်စွာ တည်တံ့ရာ ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေ ရာ၏။

ရဟန်းတို့ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည် ရှိသော် ဤမြတ်သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့် ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ ၏ဟု ဆိုရာ၌ ထူးသောဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော ထိုတရားတို့ကား အဘယ် နည်း။

ယင်းတရားတို့ကား ...

၁... သတိပဋ္ဌာန်လေးပါး
၂... သမ္မပ္ပဓာန်လေးပါး
၃... ဣဒ္ဓိပါဒ်လေးပါး
၎... ဣနြေ္ဒငါးပါး
၅... ဗိုလ်ငါးပါး
၆... ဗောဇ္ဈင်ခုနစ်ပါး
၇... အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ပေတည်း...။

ရဟန်းတို့ ငါသည် သင်တို့အား ထူးသောဉာဏ်ဖြင့် သိ၍ ဟောအပ်သော ဤ တရားတော်တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ် ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊

ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့ ၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား မိန့်တော်မူပြန်သည်မှာ-

ရဟန်းတို့ သင်တို့အား ယခု ငါ မိန့်မှာဦးအံ့၊
ပြုပြင်ပေးရသော 'သင်္ခါရ' တရားတို့သည် ပျက်စီးခြင်း သဘော ရှိကုန်၏၊
မမေ့သော သတိတရားဖြင့်* ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့၊
မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊
ဤနေ့မှ သုံးလလွန်သောအခါ၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုချေတော့မည်
ဟု ဤစကားကို မြတ်စွာဘုရား မိန့်တော်မူပြန်၏။

ဤစကားကို မိန့်တော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တစ်ပါးသော ဤစကားကိုလည်း မိန့်တော်မူပြန်၏ -


ရဟန်းတို့ ငါ၏ အရွယ်သည် ရင့်ရော်လှလေပြီ...
ငါ၏ အသက်ကြွင်းသည် နည်းလှလေပြီ...
သင်တို့ကို စွန့်၍ သွားရတော့အံ့...
ငါသည် မိမိ၏ ကိုးကွယ်ရာကို ပြုပြီးပြီ...။

ရဟန်းတို့ ...
မမေ့မလျော့ဘဲ သတိရှိလျက် စင်ကြယ်သော သီလနှင့် ပြည့်စုံကြစေ ကုန်လော့၊
ကောင်းစွာ တည်ကြည်၍ ကောင်းစွာ ကြံစည်ခြင်းရှိလျက်
မိမိတို့၏ စိတ်ကို စောင့်ရှောက်ကြကုန်လော့။

ရဟန်းတို့ ဤတရားဝိနည်း 'သာသနာတော်' ၌ မမေ့မလျော့ နေသောသူသည် အဖန်ဖန် ဖြစ်လျက် ပြောင်းရွှေ့ ကျင်လည်ရာ 'ဘဝသံသရာ' ကို စွန့်ပယ်၍ ဒုက္ခ၏ အဆုံးကို ပြုနိုင်ပေ လတ္တံ့ဟု (မိန့်တော်မူပြန်၏)။158

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊
မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။

* အပ္ပမာဒေန သမ္ပာဒေထာတိ သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေယျာထ-
ဟူသော အဋ္ဌကထာနှင့်အညီ သတိတရားဖြင့်ဟု ကရိုဏ်းအနက် ပြန်ဆိုထားသည်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, April 17, 2009

သင်း မပြုလုပ်ဝံ့သော အကုသိုလ်ဟူသည် မရှိပြီ..




အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-


ရာဟုလာ ဥပမာသော်ကား ...

ရထား လှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ရှေ့ကိုယ်ဖြင့်လည်း အမှု ကိစ္စကိုပြု ၏၊ နောက်ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ သို့ရာတွင် နှာမောင်းကိုမူ စောင့်ရှောက်သည် သာတည်း။

ထိုဆင် ပြုလုပ်သော အရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံသည် ဖြစ်၏-

''ရထား လှည်းသန်နှင့်အလားတူ အစွယ် ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍
အမျိုးကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နာက်ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏။ပ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏။ သို့ရာတွင် နှာမောင်းကိုမူ စောင့် ရှောက်သည် သာတည်၊ မင်းစီးဆင်သည် အသက်ကိုမူကား မစွန့်နိုင်သေးချေ'' ဟု(အကြံ ဖြစ်၏)။

ရာဟုလာ အကြင်အခါ၌ကား ရထား လှည်းသန်နှင့် အလားတူ အစွယ် ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကိုပြု၏၊ နောက်ခြေတို့ ဖြင့်လည်း အမှု ကိစ္စကို ပြု၏။ပ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့် လည်း အမှု ကိစ္စကို ပြု၏၊ ထိုဆင် ပြုလုပ်သော အရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံသည် ဖြစ်၏-

''ရထား လှည်းသန်နှင့် အလားတူ အစွယ် ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ရှေ့ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ မင်းစီးဆင်သည်
အသက်ကိုပင် စွန့်လွှတ်ထားပြီ...။ ယခုအခါ၌ မင်းစီးဆင် မပြုလုပ်သော အမှုမည်သည် တစ်စုံ တစ်ခုမျှ မရှိတော့ပြီ'' ဟု (အကြံ ဖြစ်၏)။

ရာဟုလာ ဤဥပမာအတူ သာလျှင် မုသား 'သိလျက် ချွတ်ယွင်းသော' စကားကို ပြောဆိုရာ၌ အရှက် မရှိသော မည်သည့် ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကု သိုလ် မကောင်းမှုသည်လည်း တစ်စုံ တစ်ခုမျှ မရှိပြီ ဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ ''ရယ်ရွှင် မြူးထူးလို၍ မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့'' ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။108

၁ - အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Thursday, April 16, 2009

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး...

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် နတ်တို့အရှင် သိကြားမင်းအား ဤ စကားကိုဆို၏၊ ''နတ်တို့အရှင် သိကြားမင်း တောင်းပန်ပါ၏၊ အကျွန်ုပ်တို့ သည်လည်း ထိုမြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နာကြားလိုပါကုန်၏'' ဟု (ဆိုပါ၏)။

အသျှင်ဘုရား နတ်တို့အရှင် သိကြားမင်းသည် ''ကောင်းပါပြီ အသျှင်ဗြဟ္မာကြီး'' ဟု သနင်္ကုမာရ ဗြဟ္မာအား ဝန်ခံ၍ မြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန် သော ဂုဏ်ရှစ်ပါးတို့ကို ဟောကြား၏။

အသျှင်ဗြဟ္မာကြီးသည် ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊

၁...
ထိုမြတ်စွာဘုရားသည် ...
လူအများ၏စီးပွါး ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူ တို့၏ အကျိုးစီးပွါး ချမ်းသာ အလို့ငှါလွန်စွာကျင့်တော်မူပါပေ၏၊ ဤသို့လူအများ ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာ ကိုရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၁)

၂...
ထိုမြတ်စွာဘုရား၏ ...
တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါ ပေတည်း၊
ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေး တတ်သော တရားတော်ပါ ပေတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက် သော တရားတော်ပါ ပေတည်း၊ (မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ပါ ပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါ ပေတည်း။ ဤသို့ (မိမိ၏ ကိုယ်ထဲ စိတ် ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ကို ဟောတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်။ (၂)

၃...
ထိုမြတ်စွာဘုရားသည် ...
''ဤကား ကုသိုလ်တည်း'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊
''ဤကား အကုသိုလ်တည်း'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ ''ဤကား အပြစ်ရှိ၏၊ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကား မြတ်၏။ ဤကား မည်းညစ်သော အဖို့, ဖြူစင်သောအဖို့ ရှိ၏'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏။ ဤသို့ ကုသိုလ် အကုသိုလ်, အပြစ်ရှိ အပြစ်မရှိ, မှီဝဲအပ် မမှီဝဲအပ်, အယုတ် အမြတ်, မည်းညစ်သောအဖို့ ဖြူစင် သော အဖို့ရှိသော တရားတို့ကို ဟောပြတော်မူ တတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံ သော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှတစ်ပါး ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၃)

၎...
ထိုမြတ်စွာဘုရားသည် ...
တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကောင်းစွာ ဟောကြား တော် မူပါပေ၏၊ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှော ဆက်စပ်လျက် ရှိပါပေ၏၊ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ် ရေနှင့် နှီးနှောဆက်စပ်လျက် တပေါင်းတည်းဖြစ်သကဲ့သို့၊ ဤအတူပင် ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါ ပေ၏၊ နိဗ္ဗာန်နှင့်အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဤသို့နိဗ္ဗာန်သို့ ရောက် ကြောင်းအကျင့်ကို ဟောကြားတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၅...
ထိုမြတ်စွာဘုရားအား ...
လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင် ဝမ်းသာအားရ ဖြစ်နေ ကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံ ပါပေ၏။ သို့သော်လည်း ထို မြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်း ကင်းလျက် အစာအာဟာရကို ဘုဉ်းပေး တော်မူပါပေ၏၊ ဤသို့ မာန်ယစ်ခြင်း ကင်းလျက် အစာအာဟာရကို ဘုဉ်းပေး တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့ မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်။

၆...
ထိုမြတ်စွာဘုရားသည် ...
ကျင့်သုံးဆဲ သေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များ ရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွါ၍ တစ်ပါးတည်း မွေ့လျော်လျက် နေ တော်မူပါပေ၏။ ဤသို့ တစ်ပါးတည်း မွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စေုံ သာ ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင် ရပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၇...
ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိတော်မူပါပေ၏၊ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိတော်မူပါပေ၏၊ ဤသို့ ဟောပြောသည့် အတိုင်း ပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိလျက် ဤနည်း ဖြင့် (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုကျင့်သည့် ဤ အင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၈...
ထိုမြတ်စွာဘုရားသည် ...
မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှား ခြင်း 'ဝိစိကိစ္ဆာ' ခရီးခဲကို ကူးမြောက်ပြီး ဖြစ်တော်မူပါပေ၏၊ သို့လော သို့လော တွေးတောခြင်း ကင်းပြီး ဖြစ်တော်မူပါပေ၏၊ အလုံးစုံပြီးမြောက်သော နှလုံး အလို ရှိတော်မူပါပေ၏၊ ဤသို့ မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' ခရီးခဲကို ကူးမြောက်ပြီး ဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီဖြစ်လျက် အလုံးစုံပြီး မြောက်သော နှလုံးအလို ရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးက လည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ 302

မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နတ်တို့အရှင် သိကြားမင်းသည် သနင်္ကုမာရဗြဟ္မာအား ဟောပြောပါသည် အသျှင်ဘုရား။

အသျှင်ဘုရား ထိုသို့ (သိကြားမင်းဟောပြောသော) ကြောင့် သနင်္ကုမာရဗြဟ္မာ သည် မြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို ကြားနာ ရ၍ ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက် ရွှင်ပြလျက် ရှိပါ၏။

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ကြမ်းတမ်းထင်ရှားသော အတ္တ ဘောကို ဖန်ဆင်းလျက် ဦးစွန်းငါးခုရှိသော သတို့သားအသွင်ဖြင့် တာဝတိံသာ နတ်တို့၏ (မျက်မှောက်၌) ထင်ရှား ပေါ်လာပါ၏။ ထိုဗြဟ္မာသည် ကောင်းကင် သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေ ပါ၏။

အသျှင်ဘုရား ခွန်အားရှိသော ယောက်ျားသည် ကောင်းစွာ ခင်းထားသော ပလ္လင်၌ဖြစ်စေ ညီညွတ်သော မြေပြင်၌ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသကဲ့ သို့၊ အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျှင် တာဝတိံသာ နတ်တို့ကို (ဤသို့) ပြောဆိုပါ၏။303 မဆက်တော့ပါ။

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး၊ မဟာဂေါဝိန္ဒသုတ်၊ မဟာဝဂ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, April 14, 2009

ဂေါပက... စောင့်ရှောက်သောသူ ...


ဂေါပကနတ်သား ဝတ္ထု မှ...

(ဂေါပက=စောင့်ရှောက်သောသူ)

အသျှင်ဘုရား ဤကပိလဝတ်ပြည်၌ပင်လျှင် ဘုရား တရား သံဃာ၌ ကြည်ညို၍ ငါးပါးသီလကို စောင့်ထိန်းလေ့ ရှိသည့် ဂေါပိကာမည်သော သာကီဝင်မင်းသမီး သည် ရှိပါ၏၊ ထို (မင်းသမီး)သည် မိန်းမအဖြစ် (မိန်းမဘဝ) ကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ဖြည့်ကျင့်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ ကောင်းသောလားရာ တာဝတိံသာနတ်ပြည်ဝယ် အကျွန်ုပ်တို့၏ သားအဖြစ်သို့ ရောက်လာပါ၏။ ထို (တာဝတိံသာ နတ်ပြည်)၌လည်း ထို(နတ်သား)ကို ''ဂေါပက နတ်သားဂေါပကနတ်သား'' ဟူ၍ ခေါ်ကြပါကုန်၏။

အသျှင်ဘုရား ...
အခြား ရဟန်းသုံးပါးတို့သည်ကား မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်ပါ လျက်ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာပါကုန်၏။ ထိုနတ်တို့သည် ကာမဂုဏ် ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာခံစား ပျော်ရွှင်လျက် အကျွန်ုပ်တို့အား ခစားဖျော်ဖြေ ရန် သုဓမ္မာ နတ်သဘင်သို့ လာရောက် ကြပါကုန်၏။

အကျွန်ုပ်တို့အား ခစားဖျော်ဖြေရန် လာရောက်သော ထိုနတ်တို့ကို ဂေါပကနတ် သားသည် (ဤသို့)သတိပေးပြောဆိုပါ၏။


''အသျှင်တို့ သင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ ထိုမြတ်စွာဘုရား၏ တရား တော်ကို နာခဲ့ကြပါသနည်း၊ အကျွန်ုပ်သည်ကား ဘုရား, တရား, သံဃာ၌ ကြည်ညို၍ ငါးပါးသီလမျှကို စောင့်ထိန်းလေ့ရှိသည့် မိန်းမပင်ဖြစ်သော်လည်း မိန်းမအဖြစ် (မိန်းမဘဝ) ကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ဖြည့်ကျင့် သဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ တာဝ တိံသာနတ်ပြည်ဝယ် နတ်တို့၏အရှင် သိကြားမင်း၏ သားအဖြစ်သို့ ရောက်လာ ပါ၏၊ ဤတာဝတိံသာ နတ်ပြည်၌လည်း အကျွန်ုပ်ကို ''ဂေါပကနတ်သား ဂေါပက နတ်သား'' ဟူ၍ ခေါ်ကြပါကုန်၏။

အသျှင်တို့ သင်တို့သည်ကား ...
မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်ခဲ့ပါလျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗ နတ်မျိုး၌ ဖြစ်လာရကုန်၏၊ အသျှင်တို့ တရားကျင့်ဖက်ပုဂ္ဂိုလ်တို့ကို ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ဖြစ်နေကြသည်တို့ကို မြင်ရကုန်သော အကျွန်ုပ်တို့သည် မမြင်သင့် သော သဘောကို မြင်ရလေကုန်စွတကား''
ဟု (သတိပေးပြောဆိုပါ၏)။

အသျှင်ဘုရား ...
ဂေါပကနတ်သားသည် သတိပေးပြောဆို အပ်ကုန်သော ထိုနတ်သားသုံးယောက် တို့တွင် နတ်သား နှစ်ယောက်တို့သည် မျက်မှောက် ဘဝ၌ပင် (ပဌမဈာန်) သတိ ကို ရလျက် ဗြဟ္မပုရောဟိတဘုံသို့ ရောက်ကုန်၏၊ တစ်ယောက်သော နတ်သား သည်ကား ကာမဘုံ၌ပင် ပျော်၍ နေပါ၏။353

အကျွန်ုပ်သည် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမည်သည် 'ဂေါပိကာ' ဖြစ်ပါ၏၊ အကျွန်ုပ်သည် ဘုရား, တရား၌ အလွန်ကြည်ညိုခဲ့ပါ၏၊ သံဃာကိုလည်း ကြည်ညိုသော စိတ်ဖြင့် လုပ် ကျွေးခဲ့ပါ၏။ ထိုမြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်ခြင်း ကြောင့်သာလျှင် အကျွန်ုပ်သည်တာဝတိံသာနတ်ပြည်သို့ ရောက်၍ သိကြားမင်း၏ တန်ခိုး အာနု ဘော် ကြီးသော သားဖြစ်ရပါ၏၊ ဤ (တာဝတိံသာနတ်ပြည်) ၌လည်း အကျွန်ုပ်ကို
'ဂေါပက'ဟု ခေါ်ကြပါကုန်၏။ ထိုအခါ ဂန္ဓဗ္ဗနတ်မျိုး၌ ရောက်၍ နေကုန်သော ရှေးက မြင်ဖူးကုန်သော ရဟန်း ဖြစ်ခဲ့ကုန်သော ဤနတ်တို့ကို မြင်ရပါ၏။ မှန်ပါ၏၊

ဂေါတမမြတ်စွာ ဘုရား၏ တပည့်ရဟန်း ဖြစ်ခဲ့ကုန်သော ထိုနတ်တို့ကို အကျွန်ုပ် တို့သည် ရှေးလူ ဖြစ်စဉ်က ခြေဆေးရေ ခြေနယ်ဆီတို့ဖြင့် ချီးမြှောက်ပူဇော်၍ ဆွမ်းဖြင့် လည်းကောင်း၊ အဖျော်ဖြင့် လည်းကောင်း လုပ်ကျွေးပြုစုခဲ့ ပါကုန်၏၊ ဤ
အသျှင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို နာယူခဲ့ကြပါကုန်သနည်း။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထိုးထွင်းသိတော်မူ၍ ကောင်းစွာ ဟောကြားအပ်သော တရားတော်ကို ကိုယ်တိုင် သိခဲ့ရပါ၏၊ အကျွန်ုပ်သည် အသျှင်တို့ကိုပင် ဆည်းကပ် ကိုးကွယ်လျက် အရိယာ တို့ ကောင်းစွာ ဟောအပ်သော တရားတို့ကို ကြားနာရသဖြင့် တာဝတိံသာနတ် ပြည်သို့ ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။ အသျှင်တို့ သင်တို့သည်ကား မြတ်စွာဘုရားကို ဆည်းကပ်ရပါကုန်လျက် အမြတ် ဆုံး အကျင့်ကိုကျင့်ကြရပါကုန်လျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗ နတ်မျိုး၌ ဖြစ်ကြရ ကုန်၏။ အသျှင်တို့၏ ဘဝအကျိုးပေးသည် မသင့်လျော်လေစွတကား၊ တရားကျင့် ဖက် ပုဂ္ဂိုလ်တို့ကိုယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြသည်တို့ကို မြင်ရကုန် သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွ တကား။ အသျှင်တို့ (သင်တို့သည်) ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြရသောကြောင့် တာဝတိံသာ နတ်တို့ကို ခစားဖျော်ဖြေရန် လာကြရ ကုန်၏။

လူ့ဘောင်၌ နေသော အကျွန်ုပ်၏ ဤထူးခြား သောအဖြစ်ကို ရှုစမ်းပါလော့။ ထို (အကျွန်ုပ်သည်) ရှေးဘဝ၌ မိန်းမဖြစ်လျက် ယခုအခါ၌ နတ်စည်းစိမ်တို့နှင့် ပြည့်စုံ သော နတ်ယောက်ျား ဖြစ်လာရပါ၏၊ ဤသို့ ဂေါတမမြတ်စွာဘုရား၏ တပည့် ဂေါပကနတ်သားသည် သတိပေး ပြောဆိုအပ်ကုန်သော ထိုနတ်သား သုံးယောက် တို့သည် သံဝေဂရကြကုန်၍ ဂေါပကနတ်သားထံ အညီအညွတ် သွားကြပြီးလျှင် ငါတို့သည် (တရားထူးကို ရခြင်းငှါ) ယခု အားထုတ်ကုန်တော့အံ့၊ ပြင်းစွာအား ထုတ်ကုန်တော့အံ့၊ သူတစ်ပါးတို့၏ အစေခံမဖြစ် ကုန်တော့အံ့ဟု ဆိုကုန်၍၊ ထို (သုံးယောက်) တို့တွင်နှစ်ယောက်သော နတ်တို့သည် ဂေါတမမြတ်စွာဘုရား၏ အဆုံးအမတို့ကို အဖန်ဖန် အောက်မေ့လျက် အားထုတ်ခြင်းကို ဖြစ်စေကုန်၏။ ဤနတ်ပြည်၌ပင် စိတ်တို့ကို တပ်မက်ခြင်းကင်းစေ၍ ကာမဂုဏ်တို့၌ အပြစ်ကို မြင်ကုန်၏။

ဆင်ပြောင်ကြီးသည် မြဲစွာ ဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့သို့၊ ထိုနတ် နှစ်ယောက်တို့သည် လွန်မြောက်နိုင်ခဲသော မာရ်နတ်၏ နှောင်ကြိုးဖြစ် ကုန်သော ကာမသံယောဇဉ် ကာမ အနှောင်အဖွဲ့တို့ကို ဖြတ်၍ တာဝတိံသာနတ်တို့ ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏၊ ရာဂကင်းခြင်းကို ပြုကုန်လျက် အနာဂါမ် ဖြစ်ကုန်သော သူရဲကောင်းနတ်သား နှစ်ယောက်တို့သည် သိကြားမင်း နှင့်တကွ ပဇာပတိနတ်မင်း နှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက် ကုန်သော အလုံး စုံသောနတ်တို့ကိုကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏၊ နတ်တို့ကို စိုးမိုးသော သိကြားမင်းသည် ထို (နတ်) တို့ကို မြင်၍ဤနတ်သား နှစ်ယောက်တို့သည် ယုတ် နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်သော်လည်း တာဝတိံသာနတ်တို့ကို ကျော် လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏ဟု (ဆိုလျက်) နတ်အပေါင်း၏ အလယ်၌ သံဝေဂဖြစ် လေ၏။ ထိုဂေါပကနတ်သားသည် သံဝေဂဖြစ်နေသော သိကြားမင်း၏ စကားကို ကြား၍ သိကြားမင်းကို (ဤသို့) ပြောဆို၏။

နတ်တို့၏အရှင် သိကြားမင်း လူ့ပြည်၌ ဘုရားသည် ပွင့်တော်မူလျက်ရှိ၏။ ကာမဂုဏ်တို့ကို နှိမ်နင်းနိုင်သော သကျမုနိ 'သာကီဝင်မင်းသား ဘုရားသျှင်' ဟု ကျော်စော၏။ ထိုနတ်တို့သည် ပဌမဈာန်သတိမှ ကင်းလွတ်လျက် ရှိကုန်သော ထို မြတ်စွာဘုရား၏ သားတော်တို့ပင် ဖြစ်ပါကုန်၏၊ အကျွန်ုပ် သတိပေးအပ်သည် ဖြစ်၍ ပဌမဈာန်သတိကို ရကြပါကုန်ပြီ။ ထိုနတ်သားသုံးယောက်တို့တွင် နတ်သား တစ်ယောက်သည် ဤဂန္ဓဗ္ဗနတ်မျိုး၌ ထာဝစဉ်နေသူ အာဝါသိက ဖြစ်နေပါ၏၊ နှစ်ယောက်သော နတ်သားတို့သည်ကား ဂန္ဓဗ္ဗနတ်မျိုး၌ ကပ်ရောက်၍ နေလာ ကုန်သော်လည်း အနာဂါမိမဂ်သို့ ရောက်လျက် တည်ကြည်သော စိတ်ရှိကုန်၍ နတ်တို့ကိုပင်သော်လည်း ယုတ်ညံ့သည် ထင်ပါကုန်၏။ ဤ (သာသနာတော်၌) တရားတော်ကို ထင်ရှားစေကုန်သော ဂုဏ်နှင့်ပြည့်စုံသည့် ဤသို့သော တပည့် သာဝကတို့ ရှိပါကုန်၏။

ထိုတပည့် သာဝကတို့တွင် တစ်စုံတစ်ယောက်သော တပည့်သာဝကသည် ဘုရား စသည်၌ အဘယ်သို့ ယုံမှားတော့ အံ့နည်း၊ မယုံမှားတော့သည်သာ ဖြစ်၏။ သြဃလေးပါးကို ကူးမြောက်တော်မူ ပြီးသော၊ ဝိစိကိစ္ဆာကို ဖြတ်တောက်တော် မူပြီးသော၊ မာရ်ငါးပါးကို အောင်တော်မူသော၊ လူသုံးပါးတို့ထက် မြတ်တော်မူ သော မြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးကြပါကုန်စို့ ဟု (ပြောဆို၏)။

အသျှင်ဘုရား...
ထို နတ်သားသုံးယောက်တို့တွင် နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌ အသျှင်ဘုရား၏တရားကို သိကုန်သောကြောင့် ဗြဟ္မပုရောဟိတ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသော တရားထူးကို ရကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ် တို့သည် ဤတရားထူးကို ရခြင်းငှါ လာရောက်ကြပါ ကုန်၏၊

အသျှင်ဘုရား မြတ်စွာဘုရားသည် အခွင့်ပေးတော်မူပါသော် အကျွန်ုပ်တို့သည် ပြဿနာကို မေးလိုပါကုန်၏ ဟု (လျှောက်၏)။354

ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏-
''ဤသိကြားမင်းသည်* ရှည်စွာသော နေ့ညဥ့်ပတ်လုံး စင်ကြယ်သော အကျင့် ရှိခဲ့ ၏၊ မည်သည့် ပြဿနာကို မေးသည်ဖြစ်စေ အကြောင်းနှင့်စပ်သော ပြဿနာကို သာ မေးလတ္တံ့၊ အကြောင်းနှင့်မစပ်သော ပြဿနာကို မမေးလတ္တံ့။ ထိုသိကြား မင်း မေး၍ ငါဖြေလတ်သော် ထိုအဖြေကို လျင်မြန်စွာပင် သိလတ္တံ့'' ဟု အကြံ ဖြစ်၏။355

ထိုအခါ မြတ်စွာဘုရားသည် ...
နတ်တို့၏အရှင် သိကြားမင်းကို ဂါထာဖြင့် မိန့်ကြားတော်မူ၏-
''သိကြားမင်း သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက် ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း ဝိစိကိစ္ဆာကို အဆုံး တိုင် ပြေရှင်းအောင် ငါ ဖြေရှင်းအံ့'' ဟု (မိန့်တော်မူ၏)။356

ဂေါပကနတ်သား ဝတ္ထု-မှ၊ သက္ကပဥှသုတ်၊ မဟာဝဂ်ပါဠိတော်။

*။ မစလရွာ မာဃလုလင်ဘဝမှ စ၍ စင်ကြယ်ခြင်းကို မြင်၍ မြတ်စွာဘုရား ဤစကားကို ဆို၏ဟု အဋ္ဌကထာ၌လာ၏။

စိတ်ဆင်းရဲ ကင်းချင်ကုန်လျက် ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။