နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 8, 2010

သံဃာပိုင် ပစ္စည်း မစွန့်ထိုက်...


သံဃာပိုင် ပစ္စည်း မစွန့်ထိုက်...


ရဟန်းတို့ ...


ဤမစွန့်ထိုက်သော ဘဏ္ဍာပစ္စည်း ငါးမျိုးတို့ကို သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်ကုန်၊ စွန့်သော်လည်း စွန့်ရာ မရောက်ကုန်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



ငါးမျိုးသော ဘဏ္ဍာတို့ကား အဘယ်တို့နည်း။



၁။ 'အရံ အရံရာ' ဤကား မစွန့်ထိုက်သော ပဌမဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၂။ 'ကျောင်း ကျောင်းရာ' ဤကား မစွန့်ထိုက်သော ဒုတိယ ဘဏ္ဍာအစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၃။ 'ညောင်စောင်း အင်းပျဉ် ဘုံလျှို 'ဖုံ' ခေါင်းအုံး' ဤကား မစွန့်ထိုက်သော တတိယဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၎။ 'ကြေးအိုးကြီး ကြေးအိုး စရည်း ကြေးအင်တွဲ ကြေးဖျဉ်း ပဲခွပ် ပုဆိန် ဓားမ ပေါက်တူး ဆောက်' ဤကား မစွန့်ထိုက်သော စတုတ္ထဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၅။ 'နွယ် ဝါး ဖြူဆံမြက် ပြိတ်မြက် မြက် မြေညက် သစ်ဘဏ္ဍာ မြေဘဏ္ဍာ' ဤကား မစွန့်ထိုက်သော ပဉ္စမဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



ရဟန်းတို့ ဤငါးမျိုးသော ဘဏ္ဍာတို့ကို မစွန့်ထိုက်ကုန်၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏ ဟု မိန့်တော်မူ၏။



၃ - တတိယအခန်း၊ သေနာသနက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: