နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 9, 2011

လူကြီးလူမိုက်နှင့် လူကြီးပညာရှိ...




လူကြီး လူမိုက်...

ရဟန်းတို့ မွေးဖွားသည်မှ အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာ ရှိသည်ဖြစ်၍ ကြီးသူ ဖြစ်သော်လည်း မသင့်သော ကာလ၌ ဆိုတတ်သူ မမှန်သော စကားကို ဆိုတတ်သူ အကျိုးနှင့် မစပ်သည်ကို ဆိုတတ်သူ တရားနှင့် မစပ်သည်ကို ဆိုတတ်သူ အဆုံးအမနှင့် မစပ်သည်ကို ဆိုတတ်သူ မသင့်သော အခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွါးနှင့် မစပ်သော မမှတ်သား လောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူသည် ''လူကြီး လူမိုက်'' ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

လူကြီး ပညာရှိ...

ရဟန်းတို့ ပျိုမျစ် နုနယ်၍ နက်မှောင်သော ဆံပင်ရှိသော ပဌမ အရွယ်အားဖြင့် ကောင်းသော ပျိုမျစ်ခြင်းနှင့် ပြည့်စုံသော ငယ်သူပင်ဖြစ်သော်လည်း သင့်သော ကာလ၌ ဆိုတတ်သူ ဟုတ်မှန်သည်ကို ဆိုတတ်သူ အကျိုးရှိသည်ကိုသာ ဆိုတတ်သူ တရားနှင့် စပ်သည်ကိုသာ ဆိုတတ်သူ အဆုံးအမနှင့် စပ်သည် ကိုသာ ဆိုတတ်သူ သင့်သောကာလ၌ အကြောင်းရှိသော အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော မှတ်သားလောက် သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူငယ်သည် ''လူကြီး ပညာရှိ'' ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။



၂ - ဒုတိယ ဥရုဝေလသုတ်၊ ဥရုဝေလဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ pdf...


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: