နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, May 25, 2011

အဘိနန္ဒ...





အဘိနန္ဒသုတ် = အလွန်နှစ်သက်၏

ရဟန်းတို့ ...
ပထဝီဓာတ်ကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို အလွန်နှစ်သက်၏၊ ဆင်းရဲဒုက္ခကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ မလွတ်နိုင် ဟူ၍ ငါ ဆို၏။

အာပေါဓာတ်ကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို အလွန်နှစ်သက်၏၊ ဆင်းရဲဒုက္ခကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ မလွတ်နိုင် ဟူ၍ ငါ ဆို၏။

တေဇောဓာတ်ကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို အလွန်နှစ်သက်၏၊ ဆင်းရဲဒုက္ခကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ မလွတ်နိုင် ဟူ၍ ငါ ဆို၏။

ဝါယောဓာတ်ကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို အလွန်နှစ်သက်၏၊ ဆင်းရဲဒုက္ခကို အလွန်နှစ်သက် သော သူသည် ဆင်းရဲဒုက္ခမှ မလွတ် နိုင်ဟူ၍ ငါ ဆို၏၊

ရဟန်းတို့ ...
ပထဝီဓာတ်ကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို မနှစ်သက်၊ ဆင်းရဲဒုက္ခကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ လွတ်၏ဟူ၍ ငါ ဆို၏။

အာပေါဓာတ်ကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို မနှစ်သက်၊ ဆင်းရဲဒုက္ခကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ လွတ်၏ဟူ၍ ငါ ဆို၏။

တေဇောဓာတ်ကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို မနှစ်သက်၊ ဆင်းရဲဒုက္ခကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ လွတ်၏ဟူ၍ ငါ ဆို၏။

ဝါယောဓာတ်ကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို မနှစ်သက်၊ ဆင်းရဲဒုက္ခကို မနှစ်သက်သောသူသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်၏ ဟူ၍ ငါ ဆို၏ ဟု ဟောတော်မူ၏။ ၁၁၉

၆ - အဘိနန္ဒသုတ်၊ စတုတ္ထဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။ 



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: