နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 22, 2011

ကြည်လင်သောစိတ်ဖြင့်သာ အမှန်ကို မြင်နိုင်သည်...


ကြည်လင်သောစိတ်ဖြင့် အမှန်ကို မြင်နိုင်သည်...

ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်း ကင်း၏၊ မျက်စိအမြင် ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည် နေသည်လည်း ဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကို လည်းကောင်း၊ ငါးအပေါင်းကို လည်းကောင်း မြင်နိုင်ရာ၏။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ...
ရဟန်းတို့ ရေ၏ မနောက်ကျုခြင်းကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မနောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာပုဂ္ဂိုလ်တို့အား လျောက်ပတ်သော ဉာဏ်အမြင် အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန် မဂ် ဖိုလ် တရားကိုလည်း မျက်မှောက် ပြုလတ္တံ့ ဟူသော ဤအကြောင်းသည် ရှိ၏။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ...
ရဟန်းတို့ စိတ်၏ မနောက်ကျုခြင်းကြောင့်တည်း။ 46


ပဏိဟိတအစ္ဆဝဂ် -မှ၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ကြည်လင်သောစိတ်ဖြင့်သာ အမှန်ကို မြင်နိုင်သည်...
နောက်ကျုသောစိတ်ဖြင့် အမှန်ကိုမမြင်နိုင်...

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: