နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, June 24, 2011

ကောင်းတာနည်းပါး မကောင်းတာတွေများ...




အာမကဓညပေယျာလဝဂ်မှ...

ကောင်းတာနည်းပါး မကောင်းတာတွေများ...

မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့် အနည်းငယ်ကို တင်ထား၍ ''ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါ တင်ထားသော မြေမှုန့် အနည်းငယ်နှင့် ဤ ကမ္ဘာ မြေကြီးသည် အဘယ်အရာက ပို၍ များသနည်း'' ဟု ရဟန်းတို့ကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤ ကမ္ဘာ မြေကြီးကသာ ပို၍ များကုန်၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်ကား အနည်းငယ်မျှသာတည်း၊ ကမ္ဘာ မြေကြီးကို ထောက်ဆ၍ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့် အနည်းငယ်သည် မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤအတူပင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်ကြသော သတ္တဝါတို့သည် အနည်းငယ်မျှသာတည်း၊ စင်စစ်အားဖြင့် တိုင်းစွန် ပစ္စန္တရိက် ဇနပုဒ်တို့ဝယ် မသိတတ်သော လူရိုင်းမျိုးတို့၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1132 ပစ္စန္တသုတ်

ရဟန်းတို့ ဤအတူပင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် (အဝိဇ္ဇာ) ဖြစ်သော ပြင်းစွာ တွေဝေသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1122 ပညာသုတ်

ရဟန်းတို့ ဤအတူပင် မေ့လျော့ကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်သေရက်မှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မေ့လျော့ကြောင်းဖြစ်သော မူးယစ် စေတတ်သော သေရည်သေရက်မှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1134 သုရာမေရယသုတ်

ရဟန်းတို့ ဤအတူပင် ကုန်း၌ ဖြစ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ရေ၌ ဖြစ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1135 သြဒကသုတ်

ရဟန်းတို့ ဤအတူပင် အမိ၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့် ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါး ကုန်၏၊ စင်စစ်အားဖြင့် အမိ၌ ဝတ်တရားကို ကောင်းစွာ မကျင့် မဆောင်ရွက် ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1136 မတ္တေယျသုတ်

ရဟန်းတို့ ဤအတူပင် အဖ၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့် ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် အဖ၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1137 ပေတ္တေယျသုတ်

ရဟန်းတို့ ဤအတူပင် ရဟန်း၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့်ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ရဟန်း၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1138 သာမညသုတ်

ရဟန်းတို့ ဤအတူပင် သူတော်သူမြတ် ဗြာဟ္မဏ တို့အပေါ်၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့်ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် သူတော်သူမြတ် ဗြာဟ္မဏ တို့အပေါ်၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1139 ဗြဟ္မညသုတ်

ရဟန်းတို့ ဤအတူပင် ကြီးသော ပုဂ္ဂိုလ်တို့ကို ရိုသေသော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြီးသော ပုဂ္ဂိုလ်တို့ကို မရိုသေသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1140 ပစာယိကသုတ်

ရဟန်းတို့ ဤအတူပင် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် အသက်သတ်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1141 ပါဏာတိပါတသုတ်

ရဟန်းတို့ ဤအတူပင် မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မပေးသည်ကို ယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1142 အဒိန္နာဒါနသုတ်

ရဟန်းတို့ ဤအတူပင် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့ သည်သာ ပို၍ များကုန်၏။ပ။ 1143 ကာမေသုမိစ္ဆာစာရသုတ်

ရဟန်းတို့ ဤအတူပင် မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မမှန်ပြောခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1144 မုသာဝါဒသုတ်

ရဟန်းတို့ ဤအတူပင် ကုန်းစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကုန်းစကား ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1145 ပေသုညသုတ်

ရဟန်းတို့ ဤအတူပင် ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1146 ဖရုသဝါစာသုတ်

ရဟန်းတို့ ဤအတူပင် ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1147 သမ္ဖပ္ပလာပသုတ်

ရဟန်းတို့ ဤအတူပင် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1148 ဗီဇဂါမသုတ်

ရဟန်းတို့ ဤအတူပင် ညစာစားခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ညစာစားခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1149 ဝိကာလဘောဇနသုတ်

ရဟန်းတို့ ဤအတူပင် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1150 ဂန္ဓဝိလေပနသုတ်

ရဟန်းတို့ ဤအတူပင် ကခြင်း သီခြင်း တီးမှုတ်ခြင်း သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကခြင်းသီခြင်း တီးမှုတ်ခြင်း သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1151 နစ္စဂီတသုတ်

ရဟန်းတို့ ဤအတူပင် မြင့်သော နေရာ မြတ်သော နေရာမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မြင့်သော နေရာ မြတ်သော နေရာမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1152 ဥစ္စာသယနသုတ်

ရဟန်းတို့ ဤအတူပင် ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ရွှေငွေကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1153 ဇာတရူပရဇတသုတ်

ရဟန်းတို့ ဤအတူပင် ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကောက်စိမ်းကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1154 အာမကဓညသုတ်

ရဟန်းတို့ ဤအတူပင် အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် အသားစိမ်းကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1155 အာမကမံသသုတ်

ရဟန်းတို့ ဤအတူပင် မိန်းမအို မိန်းမပျိုတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မိန်းမအို မိန်းမပျိုတို့ကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1156 ကုမာရိကသုတ်

ရဟန်းတို့ ဤအတူပင် ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1157 ဒါသိဒါသသုတ်

ရဟန်းတို့ ဤအတူပင် ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဆိတ်နှင့် သိုးကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏။ပ။ 1158 အဇေဠကသုတ်

ရဟန်းတို့ ဤအတူပင် ကြက်ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြက်ဝက်ကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏ ။ပ။ 1159 ကုက္ကုဋ သူကရသုတ်

ရဟန်းတို့ ဤအတူပင် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1160 ဟတ္ထိ ဂဝဿသုတ်

ရဟန်းတို့ ဤအတူပင် လယ်နှင့် ယာကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လယ်နှင့် ယာကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1161 ခေတ္တ ဝတ္ထုသုတ်

ရဟန်းတို့ ဤအတူပင် ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဝယ်မှု ရောင်းမှုမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1162 ကယ ဝိက္ကယသုတ်

ရဟန်းတို့ ဤအတူပင် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1163 ဒူတေယျသုတ်

ရဟန်းတို့ ဤအတူပင် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ် တိုင်းတာ စဉ်းလဲခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1164 တုလာ ကူဋသုတ်

ရဟန်းတို့ ဤအတူပင် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုယူ၍ လိမ်ခြင်းတည်း ဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုယူ၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1165 ဥက္ကောဋနသုတ်

ရဟန်းတို့ ဤအတူပင် လက်ခြေစသည်ကို ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို ဖျက်ဆီးခြင်း ဒမြတိုက်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို ဖျက်ဆီးခြင်း ဒမြတိုက်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1166 ဆေဒနာဒိသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကြသော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1172 မနုဿစုတိ နိရယသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ တိရစ္ဆာန်မျိုး၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1173 မနုဿစုတိ တိရစ္ဆာနသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1174 မနုဿစုတိ ပေတ္တိဝိသယသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1175-1177 မနုဿစုတိ ဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် နတ်ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့ သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် နတ်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1178-1180 ဒေဝစုတိ နိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် နတ်ဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် နတ်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1181-1183 ဒေဝမနုဿနိရယသုတ်

ရဟန်းတို့ ဤအတူပင် ငရဲမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ငရဲမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1184-1186 နိရယမနုဿနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ငရဲမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ငရဲမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1187-1189 နိရယဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တိရစ္ဆာန်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1190-1192 တိရစ္ဆာနမနုဿနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တိရစ္ဆာန်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1193-1195 တိရစ္ဆာနဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1196-1198 ပေတ္တိမနုဿနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာပို၍ များကုန်၏။ ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့ သည်သာ ပို၍ များကုန်၏။ပ။ 1199-1120 ပေတ္တိဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ- ရဟန်းတို့ အရိယသစ္စာတရားလေးပါးတို့ကို မမြင်ခြင်းကြောင့်တည်း။

အဘယ်လေးပါးတို့နည်း -
၁... ဆင်းရဲဟူသော အရိယာတို့၏ အမှန်တရား၊
၂... ဆင်းရဲဖြစ်ပေါ်ကြောင်းဟူသော အရိယာတို့၏ အမှန်တရား၊
၃... ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟူသော အရိယာတို့၏
၎... အမှန်တရား၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟူသော အရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ဤကား ဆင်းရဲတည်း'' ဟု သိရန် အားထုတ်ရမည်၊ ''ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း'' ဟု သိရန် အားထုတ်ရမည်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း'' ဟု သိရန် အားထုတ်ရမည်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု သိရန် အားထုတ်ရမည်။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊

ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေ ကုန်သတည်း။ 1201 ပေတ္တိဒေဝပေတ္တိဝိသယသုတ်



အာမကဓညပေယျာလဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။ pdf...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: