နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 16, 2011

သမယ...

ကျွန်ုပ်တို့ထံ ချဉ်းကပ်ရန် အချိန်အခါမှာ...




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။




သာဓု... သာဓု... သာဓု...။

Friday, February 11, 2011

လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏...




လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏၊

(၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၄) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်သူလည်းမဟုတ်၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ် သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ် သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည် ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင် မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာ သုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။

ပုဏ္ဏား ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ် ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိ သနည်း ဟု (မိန့်ဆိုတော်မူ၏)။

---------------------------------------

ပရိသတ်နှစ်မျိုး
လောကမှ များသော ပရိသတ်
ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြား နားတောင်းတို့၌ ပြင်းစွာ တပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ရှာမှီးသူ။

လောကမှ ရှားသော ပရိသတ်
ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြား နားတောင်းတို့၌ ပြင်းစွာ တပ်ခြင်းဖြင့် မတပ် မနှစ်သက် ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သူ။

---------------------------------------

နောက်ဆုံးအပိုဒ်သည်လည်း
ဝိနည်းလေးစားသည်ဖြစ်၍ ကြည်ညိုဖွယ်ကောင်းပေသည်

အသျှင်ဥဒေနသည် အကျွန်ုပ်ကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါလော့။ အသျှင်ဥဒေန အကျွန်ုပ်အား အင်္ဂမင်းက နေ့တိုင်း အမြဲ ထောက်ပံ့ထားသော ရိက္ခာရှိပါ၏၊ ထိုရိက္ခာမှ အကျွန်ုပ်သည် အသျှင်ဥဒေနအား တစ်ရက်စာ အမြဲ ထောက်ပံ့ထားသော ရိက္ခာကို ပေးလှူပါအံ့ ဟု (လျှောက်၏)။

ပုဏ္ဏား သင့်အား အင်္ဂမင်းက နေ့တိုင်း အဘယ်မျှလောက် အမြဲ ထောက်ပံ့ထားသော ရိက္ခာကို ပေးပါသနည်း ဟု (မေး၏)။ အသျှင်ဥဒေန အသပြာ ငါးရာတို့ကို ပေးပါ၏ ဟု (လျှောက်၏)။ ပုဏ္ဏား ငါတို့မှာ ရွှေ ငွေကို ခံယူခြင်းငှါ မအပ် ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနမှာ ထိုရွှေ ငွေသည် အကယ်၍ မအပ်သည် ဖြစ်အံ့၊ အသျှင်ဥဒေန၏ အကျိုးငှါ ကျောင်းဆောက်ပါအံ့ ဟု (လျှောက်၏)။ ပုဏ္ဏား အကယ်၍ သင်သည် ငါ၏ အကျိုးငှါ ကျောင်းဆောက်လုပ်လို ငြားအံ့၊ ပါဋလိပုတ်ပြည်၌ သံဃာများ၏ စည်းဝေးရာ ဇရပ်ကို ဆောက်လုပ်လေလော့ ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနသည် အကျွန်ုပ်ကို သံဃာ၌ ဒါနကို ဆောက်တည်စေ၏၊ ဤအကြောင်းကြောင့်လည်း အကျွန်ုပ်သည် အသျှင်ဥဒေနအား အတိုင်းထက် အလွန် နှစ်သက် ဝမ်းမြောက်ပါ၏။ အသျှင်ဥဒေန ထိုအကျွန်ုပ်သည် ထိုတစ်နေ့စာ အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း၊ တစ်ပါးသော အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရာ ဇရပ်ကို ဆောက်လုပ်စေပါအံ့ ဟု (လျှောက်၏)။

ထိုအခါ ဃောဋမုခပုဏ္ဏားသည် ထိုတစ်နေ့စာ အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း၊ တစ်ပါးသော အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရန် ဇရပ်ကို ဆောက်လုပ်စေ၏။ ထိုဇရပ်ကို ယခုအခါ ဃောဋမုခီဇရပ် ဟူ၍ ဆိုရသတည်း။

၎ - ဃောဋမုခသုတ်၊ ဗြဟ္မဏ၀ဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။ လူလေးမျိုး…





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, February 7, 2011

ဆင်းရဲဒုက္ခငြိမ်းစေဖို့ ကျင့်သင့်တာကို သင်ကျင့်ပါ...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, January 30, 2011

နှမအရွယ်ရှိသူတို့၌ နှမဟူသော စိတ်ကို ထားကြကုန်လော့...

27 Jan 11, 20:25



thida: တပည့်တော်မ သိလိုတာလေး မေးလျှောက်ခွင့်ပြုပါဘုရား။ ဘာရဒွါရဇာတ်ကို စုံစုံလင်လင် သိလိုပါတယ်ဘုရား။

lknt: ဒကာမကြီး thida ရေ... ဒီနေ့ ဘာရဒွါဇသုတ်တော်ကို မူရင်းအတိုင်း တင်ပေးလိုက်ပါတယ်... စိတ်ချမ်းသာကြပါစေ...

ဘာရဒွါဇသုတ်


အခါတစ်ပါး၌ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဥဒေနမင်းသည် အသျှင်ပိဏ္ဍောလဘာရဒွါဇထံသို့ ချဉ်းကပ်၍ အသျှင် ပိဏ္ဍောလဘာရဒွါဇနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် အသျှင်ပိဏ္ဍောလဘာရဒွါဇအား ဤစကားကို လျှောက်ထား၏-

ကာမဂုဏ်ဖြင့် မပျော်ပဲ နေနိုင်ခြင်း အကြောင်းကား…

''အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့်ပြည့်စုံကုန်လျက် ပဌမ အရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်၏။

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား သည်၊

ရဟန်းတို့ လာကြကုန်လော့ သင်တို့သည်
အမိအရွယ်ရှိသူတို့၌ အမိဟူသော စိတ်ကို ထားကြကုန်လော့၊
နှမအရွယ်ရှိသူတို့၌ နှမဟူသော စိတ်ကို ထားကြကုန်လော့၊
သမီးအရွယ်ရှိသူတို့၌ သမီးဟူသော စိတ်ကို ထားကြကုန်လော့၊
ဟူသော ဤစကားကို ဟောတော်မူ၏။

မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူး ကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု မိန့်ဆို၏။

အသျှင်ဘာရဒွါဇ စိတ်ဟူသည် လော်လည်ဖောက်ပြားတတ်၏၊ တစ်ခါတစ်ရံ အမိအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ နှမအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရာ့းတို့သည် ဖြစ်တတ်ကုန်၏၊ သမီးအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ်သော ရဟန်းတို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော တစ်ပါးသော အကြောင်းအထောက်အပံ့သည်လည်း ရှိပါသေးသလောဟု လျှောက်၏။

ကိလေသာ မဖြစ်ခြင်း အကြောင်းကား…

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား သည် ''ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ခြေဖဝါးမှ အထက် ဆံဖျားမှ အောက်ဖြစ်သော အရေအပိုင်းအခြားရှိသော မစင်ကြယ်သော ဝတ္ထုအမျိုးမျိုး တို့ဖြင့် ပြည့်သော ဤခန္ဓာကိုယ်ကိုသာလျှင် ဆင်ခြင်ကြကုန်လော့။

(၃၂ ကောဋ္ဌာသ ခေါ်သည်၊ ဒါပဲ ရှိသည်)
ဤခန္ဓာကိုယ်၌ ဆံပင်, အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းချင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်ဟူ၍ ရှိ၏၊ ဤသို့ရှုဆင်ခြင်ကြကုန်လော့'' ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏။ မင်းမြတ် ပျိုမျစ်နုနယ်ရဟန်းငယ်တို့သည် မည်း နက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

အသျှင်ဘာရဒွါဇ ပွါးအပ်ပြီးသော ခန္ဓာကိုယ်, ပွါးအပ်ပြီးသော ကိုယ်ကျင့်တရား, ပွါးအပ်ပြီးသော စိတ်, ပွါးအပ်ပြီးသော ပညာရှိကုန်သော ရဟန်းတို့အား ထိုအမှုသည် ပြုလွယ်ပါ၏။ အသျှင်ဘာရဒွါဇ မပွားအပ်သေးသော ခန္ဓာကိုယ်, မပွားအပ်သေးသော ကိုယ်ကျင့်တရား, မပွားအပ်သေးသော စိတ်, မပွားအပ်သေးသော ပညာရှိကုန်သော ရဟန်းတို့အားကား ထိုအမှုသည် ခဲယဉ်း၏။ အသျှင်ဘာရဒွါဇ တစ်ရံတစ်ခါ အသုဘဟု နှလုံးသွင်းမည် ကြံသော်လည်း သုဘအားဖြင့်သာ ရောက်လာ၏။ အသျှင်ဘာရဒွါဇ ဤ ပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။

အစဉ်အဆက်ကိုလည်းပြီးစေ ကုန်သော တစ်ပါးသော အကြောင်းအထောက် အပံ့သည် ရှိပါသေးသလောဟု လျှောက်၏။

ဣနြေ္ဒ မစောင့်စည်းလျှင်…

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား သည် ''ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိလျက် နေကြကုန်လော့၊

စက္ခုဝိညာဏ်ဖြင့် အဆင်း'ရူပါရုံ'ကို မြင်သော် မိန်းမယောက်ျားစသော သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို မမှတ်ယူကြ ကုန်လင့်၊ စက္ခုနြေ္ဒကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်ကြကုန်လော့၊ စက္ခုနြေ္ဒကို စောင့်စည်းကြကုန်လော့၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ရောက်ကြကုန်လော့။

နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားသော်။
နှာခေါင်းဖြင့် အနံ့ 'ဂန္ဓာရုံ' ကို နမ်းရှူသော်။
လျှာဖြင့်အရသာ 'ရသာရုံ'ကို လျက်သော်။
ကိုယ်ဖြင့် အတွေ့အထိ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိသော်။
စိတ်ဖြင့်သဘော တရား 'ဓမ္မာရုံ' ကို သိသော် မိန်းမယောက်ျားစသော သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို မမှတ်ယူကြကုန်လင့်၊ မနိနြေ္ဒကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း ' အဘိဇ္ဈာ 'နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ထိုမနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်ကြကုန်လော့၊ မနိနြေ္ဒကို စောင့်စည်းကြကုန်လော့၊ မနိနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်ကြ ကုန်လော့''။

မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည့်မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်း သော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့်ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု မိန့်တော်မူ၏။


အသျှင်ဘာရဒွါဇ အံ့သြဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ အသျှင်ဘာရဒွါဇ သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာ ဘုရားသည် ဤစကားတော်ကို အလွန်ပင် ကောင်းစွာဟောတော်မူအပ်ပါပေ၏။ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သောဆံပင် ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက်ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကိုကျင့်ကုန်သော အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

သတိဖြင့် မစောင့်စည်းသောအခါ…

အသျှင်ဘာရဒွါဇ တပည့်တော်သည်လည်း မစောင့်ထိန်းအပ်သော ကိုယ်ဖြင့် မစောင့်ထိန်းအပ်သော နှုတ်ဖြင့် မစောင့်ထိန်းအပ်သော စိတ်ဖြင့် မထင်စေအပ်သော သတိဖြင့် မစောင့်စည်းအပ်သော ဣနြေ္ဒတို့ဖြင့် နန်းတော်တွင်းသို့ ဝင်သောအခါ တပည့်တော်ကို တပ်မက်မှုတရားတို့သည် အလွန်နှိပ်စက်ပါကုန်၏။

သတိဖြင့် စောင့်စည်းသောအခါ…

အသျှင်ဘာရဒွါဇ တပည့်တော်သည် စောင့်ထိန်းအပ်သော ကိုယ်ဖြင့် စောင့်ထိန်းအပ်သော နှုတ်ဖြင့် စောင့်ထိန်းအပ်သော စိတ်ဖြင့် ထင်စေအပ်သော သတိဖြင့် စောင့်စည်းအပ်သော ဣနြေ္ဒတို့ဖြင့် နန်းတော်တွင်းသို့ ဝင်သောအခါ တပည့်တော်ကို တပ်မက်မှုတရားတို့သည် ထိုကဲ့သို့ မနှိပ်စက်ပါကုန်။

အသက်ထက်ဆုံး ရတနာသုံးပါးကို…
အသျှင်ဘာရဒွါဇ အလွန်နှစ်သက်ဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ အလွန် နှစ်သက်ဖွယ်ရှိပေစွ။ အသျှင်ဘာရဒွါဇ မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့ လည်းကောင်း၊ ဖုံးထားအပ်သော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ ''မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်''ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဘာရဒွါဇသည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူအပ်ပါ၏။

အသျှင်ဘာရဒွါဇ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို လည်းကောင်း၊ တရားကို လည်းကောင်း၊ ရဟန်းသံဃာကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘာရဒွါဇသည် အကျွန်ုပ်ကိုယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု လျှောက်၏။ 127

၎-ဘာရဒွါဇသုတ်၊ ဂဟပတိဝဂ်၊ သဠာယတန၀ဂ္ဂသံယုတ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, January 18, 2011

အစလက်ဦး လွန်ကျူးသော ရဟန်းသည် အာပတ် မသင့်...


စေတနာမရှိသော ရဟန်း၊
သတိမေ့လျော့သော ရဟန်း၊
မသိသော ရဟန်း၊
နာဖျားသော ရဟန်းတို့အား အာပတ် မသင့်ပါ…
မြောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားအပ်…

ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု
ဝိနည်းသည် မြတ်ဗုဒ္ဓသာသနာ၏ အသက်ဖြစ်၏


သိက္ခာပုဒ် အမှတ် ၁၉၀

ဆဋ္ဌသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် မျောက်ကဲ့သို့ ပါးစောင်၌ ထား၍ စားကုန်၏။ပ။

''မျောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှု ကို ပြုရမည်'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။

မြောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားအပ်။
အကြင်ရဟန်းသည် သိက္ခာပုဒ်၌ မရိုသေခြင်းကို စွဲ၍ မြောက်ကဲ့သို့ ပါးစောင်တစ်ဖက်၌ဖြစ်စေ ပါးစောင်နှစ်ဖက်လုံး၌ဖြစ်စေ ထားလျက် စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မြတ်စွာဘုရား လိုလေသေးမရှိ ဘုရားတပည့်တော်တို့ကို အဆုံးအမတွေ ပေးခဲ့ပါပေတယ်ဘုရား… သည်လောက်ထိသာ လိုက်နာနိုင်ကြမယ်ဆို ဘုရားတပည့်တော်တို့ ဘေးတွေ့ကြမှာ မဟုတ်ပါ… ခုတော့ ကိလေသာကြောင့် ဖြစ်ပေါ်လာသောဘေးတွေ မိုးလင်းမှ မိုးချုပ် ဘုရားတပည့်တော်တို့ တွေ့နေကြရပါတယ်… ကိုယ့်အပြစ်နဲ့ကိုယ် ခံကြရပေဦးမည်…

စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ သစ်သီးကြီးငယ်တို့၌လည်း အာပတ်မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 622

၆ - ဆဋ္ဌသိက္ခာပုဒ်၊ ၅ - ကဗဠဝဂ်၊ သေခိယအခန်း၊ ပါစိတ်ပါဠိတော်။

ပါစိတ်အာပတ်= ကုသိုလ်စိတ်မှ လျှောကျသည်...
ဒုက္ကဋ်အာပတ်= မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများကဲ့ရဲ့ဖွယ်အပြစ်...







ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, January 14, 2011

သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား…


သန္တုဋ္ဌိသုတ် (ရောင့်ရဲလွယ်ခြင်း)

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ အဘယ် လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။
မြတ်စွာဘုရား ပံ့သကူသင်္ကန်း ၀တ်ရုံလိုသူ ရှားပါးနေပါပြီ… စီဝိုင်စီရယ် ဗိုလ်မရယ် သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား… တစ်ချို့က သင်္ကန်းအသစ်ကလေးရပါလျှင် ပွတ်ကြည့်ကြသေးသည်…
ရဟန်းတို့ စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။
မြတ်စွာဘုရား ဆွမ်းခံဖို့ရာ သပိတ်ဆိုတာ သိမ်မှထွက်ပြီးနောက် ဘယ်ထားမိမှန်း မမှတ်မိကြတော့တာ များလှပါသည်ဘုရား… မအပ်စပ်သော သပိတ်အရောင်တွေတောင် မသိကြတော့ပါဘုရား… ဘုန်းတော်ကြီးတစ်ချို့ ခရီးသွားလာလျှင် အထုပ်တွေတော့ အများကြီးပါ… သပိတ်တော့ဖြင့် ပါမလာကြပါ…
ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။
မြတ်စွာဘုရား မြန်မာပြည်မှ ဆရာတော်ကြီးများ သစ်ပင်အောက်တွင် ရုက္ခမူဓုတင် ဆောက်တည်ကာ နေကြသည်မှာ ကြည်ညိုဖွယ် ကောင်းလှပါသည်… တပည့်တော်တို့ နေရာဒေသကတော့ အလွန်ချမ်းအေးသည့်အတွက် နေထိုင်၍ မရပါဘုရား…
ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။
မြတ်စွာဘုရား၏ စကားတော်ကို ယုံကြည်ပါသည် လိုက်နာလိုပါသည်… သို့သော် တပည့်တော်ကိုယ်တိုင် ရောဂါ ဝေဒနာဆိုးကြီး ရှိပေမဲ့ မသောက်နိုင်သေးပါ… တကယ်သောက်သုံးနေသော ဆရာတော်များကို ကြည်ညိုပါသည်… ကန်တော့လိုက်ပါသည်…
ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု မိန့်တော်မူ၏။



တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအား လျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ မမေ့မလျော့သော သတိရှိသည် ဖြစ်၍ ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် ထိုတရားတို့ကို သိမ်းဆည်း၍ ယူအပ်လေ သတည်း။ 27

၇ - သန္တုဋ္ဌိသုတ်၊ ဥရုဝေလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။


သာဓု... သာဓု... သာဓု...။

Tuesday, January 11, 2011

ငပျင်းကိုရှောင်...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 10, 2011

သည်နေရာမှာ မွေ့လျော်သင့်၏...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, January 6, 2011

သင်လေ ရဟန္တာလို နေပေးပါ…


သင်လေ ရဟန္တာလို နေပေးပါ…

အကျိုးကြီးတယ်၊ အာနိသင်ကြီးတယ်၊ တန်ခိုးကြီးတယ်...