နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 31, 2010

ပဌမဈာန်၏ ပယ်သောအင်္ဂါ ပြည့်စုံသောအင်္ဂါ...

မဟာဝေဒလ္လသုတ်

"ပဌမဈာန်၏ ပယ်သောအင်္ဂါ ပြည့်စုံသောအင်္ဂါ"

ငါ့သျှင် ပဌမဈာန်သည် အဘယ်မျှသော အင်္ဂါတို့ကို ပယ်၍ အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံ သနည်းဟု လျှောက်၏။

ငါ့သျှင် ပဌမဈာန်သည် ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းသည် လိုချင် တပ်မက်မှု 'ကာမစ္ဆန္ဒ' ကို ပယ်၏၊

ပယ်သောတရားများ...

ဖျက်ဆီးလိုမှု 'ဗျာပါဒ' ကို ပယ်၏၊
ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ပယ်၏၊
ပျံ့လွင့်မှု နောင်တ ပူပန်မှု 'ဥဒ္စစ္စကုက္ကုစ္စ'ကို ပယ်၏၊
တွေးတော ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်၏။

ပြည့်စုံသောတရားများ...

ကြံစည်မှု 'ဝိတက်'၊
သုံးသပ် ဆင်ခြင်မှု 'ဝိစာရ'၊
နှစ်သိမ့်မှု 'ပီတိ'၊
ချမ်းသာမှု 'သုခ'၊
စိတ် တည်ကြည်မှု 'စိတ္တေကဂ္ဂတာ' ဖြစ်၏။

ငါ့သျင် ပဌမဈာန်သည် ဤသို့ ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏ ဟု (မိန့်ဆို၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပဌမဈာန်အင်္ဂါ...

မဟာဝေဒလ္လသုတ်

"ပဌမဈာန်အင်္ဂါ"

ငါ့သျှင် ပဌမဈာန်သည် အင်္ဂါ အဘယ် မျှရှိသနည်း ဟု လျှောက်၏။
ငါ့သျှင် ပဌမဈာန်သည် အင်္ဂါ ငါးပါးရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းအား ကြံစည်မှု 'ဝိတက်' သည် လည်းကောင်း၊ သုံးသပ် ဆင်ခြင်မှု 'ဝိစာရ'သည် လည်းကောင်း၊ နှစ်သိမ့်မှု (ပီတိ)သည် လည်းကောင်း၊ ချမ်းသာမှု 'သုခ'သည် လည်းကောင်း၊ စိတ်တည်ကြည်မှု 'စိတ္တေကဂ္ဂတာ'သည် လည်းကောင်း ဖြစ်၏။ ငါ့သျှင် ပဌမဈာန်သည် ဤသို့ အင်္ဂါ ငါးပါးရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပဌမဈာန်ဟူသည်...

မဟာဝေဒလ္လသုတ်

"ပဌမဈာန်ဟူသည်"

ငါ့သျှင် ပဌမဈာန်သည် အဘယ်နည်းဟု လျှောက်၏။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း 'ဝိတက်'နှင့် တကွ ဖြစ်သော၊ သုံးသပ် ဆင်ခြင်ခြင်း 'ဝိစာရ'နှင့်တကွ ဖြစ်သော၊ နီဝရဏ ကင်းခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသည်ကို ပဌမဈာန်ဟု ဆိုရ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘ၀သစ်ဖြစ်ပေါ်မှုနှင့် မဖြစ်ပေါ်မှု..

မဟာဝေဒလ္လသုတ်

"ဘ၀သစ်ဖြစ်ပေါ်မှုနှင့် မဖြစ်ပေါ်မှု"

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ တစ်ဖန် ဘဝသစ် ထင်ရှား ဖြစ်ပေါ်ရသနည်း ဟု လျှောက်၏။

ငါ့သျှင် မသိမှု အပိတ်အဆီး 'အဝိဇ္ဇာနီဝရဏ' နှင့် တပ်မက်မှု အနှောင်အဖွဲ့ 'တဏှာ သံယောဇဉ်' ရှိကုန်သော သတ္တဝါတို့အား ထိုထို အာရုံ၌ အလွန် နှစ်သက်မှုကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား ဖြစ်ပေါ်ရ၏ ဟု မိန့်ဆို၏။

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား မဖြစ်ပေါ်ရ သနည်း ဟု လျှောက်၏။

ငါ့သျှင် မသိမှု 'အဝိဇ္ဇာ' ကင်းခြင်း, သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်ခြင်းနှင့် တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား မဖြစ်ပေါ်ရပေဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘဝဆိုသည်...

မဟာဝေဒလ္လသုတ်

"ဘဝဆိုသည်"

ငါ့သျှင် ဘဝတို့သည် အဘယ်တို့နည်း ဟု လျှောက်၏။

ငါ့သျှင် ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဤသုံးပါးတို့တည်း ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, January 30, 2010

'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်း...

မဟာဝေဒလ္လသုတ်

"'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်း"

ငါ့သျှင် မှန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်း ဟု လျှောက်၏။

ငါ့သျှင် မှန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား သူတစ်ပါး တရားသံနှင့် အသင့်အားဖြင့် နှလုံးသွင်းခြင်း ဤနှစ်ပါးတို့တည်း။ ငါ့သျှင် မှန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား ဤနှစ်ပါးတို့တည်း ဟု မိန့်ဆို၏။

ငါ့သျှင် အဘယ်အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သော အယူ 'သမ္မာဒိဋ္ဌိ'သည် လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ် အကျိုး အာနိသင်လည်း ရှိသနည်း၊ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုး အာနိသင်လည်း ရှိသနည်း ဟု လျှောက်၏။

ငါ့သျှင် ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သော အယူ 'သမ္မာဒိဋ္ဌိ' သည် လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ် အကျိုး အာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တ ဖိုလ်' ပညာ အကျိုး အာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သော အယူ 'သမ္မာဒိဋ္ဌိ' သည် စောင့်စည်းမှု 'သီလ' အထောက် အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှု အထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ ဈာန် သမာပတ် 'သမထ' အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူး ရှုမှု 'ဝိပဿနာ' အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သော အယူ 'သမ္မာဒိဋ္ဌိ'သည် လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာအကျိုး အာနိသင်လည်း ရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း...

မဟာဝေဒလ္လသုတ်

"စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း"

ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း ဟု လျှောက်၏။

ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် ''ကောင်းကင်သည် အဆုံးမရှိ'' ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု ဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ ''တစ်စုံ တစ်ရာမျှ မရှိ'' ဟု အာကိဉ္စ ညာယတနသမာပတ်ကို သိသင့်၏ ဟု မိန့်ဆို၏။

ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အများအားဖြင့် သိတတ်သနည်း ဟု လျှောက်၏။

ငါ့သျှင် သိသင့်သော တရားကို ပညာမျက်စိဖြင့် အများအားဖြင့် သိတတ်၏ ဟု မိန့်ဆို၏။

ငါ့သျှင် ပညာသည် အဘယ် အကျိုးရှိသနည်းဟု လျှောက်၏။

ငါ့သျှင် ပညာသည် အထူးသိခြင်း အကျိုးရှိ၏၊ ပိုင်းခြား၍ သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, January 29, 2010

ဝေဒနာ သညာ ဝိညာဏ်၊ တို့သည်...

မဟာဝေဒလ္လသုတ်

''ဝေဒနာ သညာ ဝိညာဏ်၊ တို့သည်
ရောနှောကုန် သလော၊ မရောနှောကုန် သလော''

ငါ့သျှင် ခံစားမှု 'ဝေဒနာ'၊ မှတ်သားမှု 'သညာ'နှင့် အထူးသိမှု 'ဝိညာဏ်'၊ ဤတရားတို့သည် ရောနှောကုန် သလော၊ သို့မဟုတ် မရောနှောကုန် သလော၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် ရနိုင်ပါ သလော ဟု လျှောက်၏။

ငါ့သျှင် ခံစားမှု 'ဝေဒနာ'၊ မှတ်သားမှု 'သညာ'နှင့် အထူးသိမှု 'ဝိညာဏ်'၊ ဤတရားတို့သည် ရောနှောကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ။ ငါ့သျှင် အာရုံကိုပင် ခံစား၏၊ ခံစားသော အာရုံကိုပင် မှတ်သား၏၊ မှတ်သားသော အာရုံကိုပင် အထူး သိတတ်၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှော ကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သညာ...

မဟာဝေဒလ္လသုတ်

''သညာ''

ငါ့သျှင် ''သညာ သညာ'' ဟု ဆိုရ၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် ''သညာ'' ဟု ဆိုရသနည်း ဟု လျှောက်၏။
ငါ့သျှင် ''မှတ်သားတတ် မှတ်သားတတ်'' သော အကြောင်းကြောင့် ''သညာ'' ဟု ဆိုရ၏။ အဘယ်ကို မှတ်သား တတ်သနည်း။ ညိုသော အရာကိုလည်း မှတ်သား တတ်၏၊ ရွှေသော အရာကိုလည်း မှတ်သား တတ်၏၊ နီသော အရာကိုလည်း မှတ်သား တတ်၏။ ဖြူသော အရာကိုလည်း မှတ်သား တတ်၏။ ငါ့သျှင် ''မှတ်သားတတ် မှတ်သားတတ်'' သော အကြောင်းကြောင့် ''သညာ'' ဟု ဆိုရ၏ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။