နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 31, 2010

ဘ၀သစ်ဖြစ်ပေါ်မှုနှင့် မဖြစ်ပေါ်မှု..

မဟာဝေဒလ္လသုတ်

"ဘ၀သစ်ဖြစ်ပေါ်မှုနှင့် မဖြစ်ပေါ်မှု"

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ တစ်ဖန် ဘဝသစ် ထင်ရှား ဖြစ်ပေါ်ရသနည်း ဟု လျှောက်၏။

ငါ့သျှင် မသိမှု အပိတ်အဆီး 'အဝိဇ္ဇာနီဝရဏ' နှင့် တပ်မက်မှု အနှောင်အဖွဲ့ 'တဏှာ သံယောဇဉ်' ရှိကုန်သော သတ္တဝါတို့အား ထိုထို အာရုံ၌ အလွန် နှစ်သက်မှုကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား ဖြစ်ပေါ်ရ၏ ဟု မိန့်ဆို၏။

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား မဖြစ်ပေါ်ရ သနည်း ဟု လျှောက်၏။

ငါ့သျှင် မသိမှု 'အဝိဇ္ဇာ' ကင်းခြင်း, သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်ခြင်းနှင့် တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား မဖြစ်ပေါ်ရပေဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: