နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 28, 2010

ချမ်းသာစွာ နေရခြင်း...

ဖာသုဝိဟာရသုတ်

ရဟန်းတို့ ချမ်းသာစွာ နေရခြင်းတို့သည် ဤငါးမျိုးတို့တည်း၊

ရဟန်းတို့ ဤသာသနာတော်၌...

၁...
ရဟန်း၏ မေတ္တာ ကာယကံသည် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

၂...
ရဟန်း၏ မေတ္တာ ဝစီကံသည် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

၃...
ရဟန်း၏ မေတ္တာ မနောကံသည် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း သီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

၎...
မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန် အဖြစ်မှ လွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်စေတတ်သော သဘော ရှိကုန်သော သီလတို့ဖြင့် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့နှင့် သီလတူသည်၏ အဖြစ်သို့ ရောက်လျက်နေ၏။

၅...
ဖြူစင်သော၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော၊ ထိုအယူကို ပြုကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် ထုတ်ဆောင်တတ်သော သဘောရှိသည့် မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြင့် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့နှင့်အယူ 'ဒိဋ္ဌိ'
တူမျှသည့် အဖြစ်သို့ ရောက်လျက်နေ၏။ 105

ရဟန်းတို့ ချမ်းသာစွာ နေရခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။

၅ - ဖာသုဝိဟာရသုတ်၊ ဖာသုဝိဟာရ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: