နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, January 25, 2010

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒသုတ်

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရား ဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် မမြဲ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် အဆုံးရှိ၏ ဟူသည်ကိုလည်း။ပ။ ပေါဋ္ဌပါဒ လောကသည် အဆုံးမရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ ထို(ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ အသက်သည့် တခြား၊ ကိုယ်သည် တခြား ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ရှိ၏ ဟူသည် ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ မရှိဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိလည်းရှိ မရှိလည်း မရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ် ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း)မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏။

ပေါဋ္ဌပါဒ အဘယ်ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရားတို့ဟု ငါသည် ဟောကြားဖော်ပြသနည်း။

ထို တရားတို့သည်...

အကျိုးစီးပွားနှင့် မစပ်ကုန်၊
လောကုတ္တရာ တရားနှင့် မစပ်ကုန်၊
အကျင့်မြတ်၏ အစမျှပင် မဟုတ်ကုန်၊
ငြီးငွေ့ ရန်အလို့ငှါ မဖြစ်ကုန်၊
တပ်မက်ခြင်း ကင်းရန်အလို့ငှါ မဖြစ်ကုန်၊
ဝဋ်ဆင်းရဲ ချုပ်ရန်အလို့ငှါ မဖြစ်ကုန်၊
ကိလေသာ ငြိမ်းရန်အလို့ငှါ မဖြစ်ကုန်၊
ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်ကုန်၊
သစ္စာလေးပါးကို သိရန်အလို့ငှါ မဖြစ်ကုန်၊
နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ မဖြစ်ကုန်၊
ထို့ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ ဟု ငါသည် ဟောကြား ဖော်ပြပေ၏။

ပေါဋ္ဌပါဒသုတ်၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: