နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label ဓမ္မ. Show all posts
Showing posts with label ဓမ္မ. Show all posts

Tuesday, December 1, 2009

ဆရာတော် ဦးဝိလာသ (လယ်တီ) အသံတရားတော်များ

ဆရာတော် ဦးဝိလာသ (လယ်တီ)

နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ





တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ။

 


တရားတော်လင့်များ ယူ၍ သုံးနိုင်ပါသည်...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, October 20, 2009

ကြေးပြားပေါ်မှ အနတ္တလက္ခဏ တရားတော်...

ကြေးပြားပေါ်မှ အနတ္တလက္ခဏသုတ်တရားတော်...










ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


မြန်မာနိုင်ငံတွင် ပြုလုပ်သည်။

Friday, April 24, 2009

ဆင်းတုတော်







ဘုရားက ရောင်စုံမဟုတ်ပါဘူး ရွှေရောင်ပါ မိမိအိမ်က စံကျောင်းတော်ရောက်မှ ရောင်စုံ ဆလိုက်ထိုးလိုက်ပါ


အလိုတော်ပြည့် ဆင်းတုတော်
ဉာဏ်တော်အမြင့် ၆-လက္မ
ဒူးတော်နှစ်ဘက် ၃-လက္မအကျယ်
လောလောဆယ် ၁၀-ဆူ ဒါနပြုပါမည်။

ငွေနှင့်ဝယ်ရန်မလို...
လမ်းစားရိတ် ပေးစရာမလို...
ပို့ရမည့် လိပ်စာကိုသာ mail ပို့ပေးလိုက်ပါ... (ပြင်လိုက်ပါပြီ)

လိပ်စာနှင့်ပတ်သက်၍ နောက်တစ်ကြိမ် မဆက်သွယ်ပါ
ဒီကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာတွင်မှ စာတင်ရန် အစီအစဉ်မရှိ

ဘုရားအလှူရှင်နှင့် ဘုန်းကြီးတိုင်ပင်၍ တရုတ်ပြည်မှာ ပြုလုပ်ပါသည်။
ဘုန်းကြီးသို့ အဆူ ၅၀၀-လှူထားပါသည်။
ကျောင်းနှင့်နီးစပ်သောသူများကို
အခမဲ့ လှူဒါန်းပြီး ဖြစ်ပါသည်။
နောက်ထပ်လိုအပ် ပင့်ဆောင်လိုက လာရောက်အလှူခံ နိုင်ပါသေးသည်။

ဤဆင်းတုတော် လှူနေသည်မှာ ၃-နှစ်ကျော်ပါပြီ။
ပြုလုပ်သည်မှာ ပုံတော် ၃-မျိုးဖြစ်ပါသည်
ပြောရလျှင် ဒီဘုန်းကြီး အတ္တကြီးသည် အပြောခံရပါဦးမည်။ မတတ်နိုင်ပါ။
အလိုတော်ပြည့် ပုံတော်လေးသာ
အလှူခံထားလိုက်ပါသည်...။



၎.၂၄.၂၀၀၉

အစပထမတော့ စာတိုက်ပို့ပေးမယ့်သူရဲ့ အခက်အခဲလေးကြောင့်
၁၀-ဆူသာ လှူပါဦးမယ်လို့ ဆိုခဲ့ပါတယ်။

ဒကာဒကာမတို့ ကုသိုလ်ထူးကြောင့်...
ကျောင်းနဲ့နီးစပ်သော ဒကာဒကာမများမှ အလှူခံသူများထံသို့ ပို့ပေးပါ့မယ်ဆိုတဲ့အတွက် နောက်ထပ် အလှူခံနိုင်ပါသေးတယ်၊
((အရှင်သူမြတ်တို့လည်း အလှူခံနိုင်ပါသည်ဘုရား))

တချို့ကလည်း ဘုန်းကြီးကိုအားနာလို့ အလှူမခံသေးဘူးလို့ သိရပါတယ်။ အားနာ စရာမဟုတ်ပါ အလှူခံနိုင်ပါတယ်။ အလှူခံသူရှိမှသာ လှူလိုသူမှာ ဒါနဖြစ်ပါတယ်။ အလှူခံသူရဲ့တန်ဖိုးဟာ ဒါနကောင်းမှုတစ်ခု ဖြစ်စေပါလားလို့ မြင်အောင်ကြည့် တတ်ကြရအောင်...။

တချို့ကလည်း ငါတို့နဲ့က ခင်တာမဟုတ်ဘူး ခုမှ သွားပြီးအလှူခံလို့ မကောင်းပါ ဘူး ရှက်စရာကြီး ဒီလိုလဲ ရှိကြပါဦးမယ်။ မဖြစ်ကြပါနဲ့ မည်သူ့ကိုဖြစ်ဖြစ် ဒါနတစ်ခု ဖြစ်ဖို့ အတွက်သာ ရည်ရွယ်တာပါ၊ အမည်မမှန်လဲရပါတယ်၊ အမည်နေရာမှာ တစ်ခုခုပါရင် ရပါတယ်၊ ဒါကခေါ်ဝေါ်ရုံမျှသာပါ။ လိုရင်းက ပို့ပေးရမယ့်လိပ်စာ လေး မှန်ဘို့ပါပဲ။ ဒါဆိုရပါပြီ။ အလှူခံနိုင်ကြပါတယ်...။

တချို့က ဘုန်းကြီးကို ဒီလိုလှူတာ သေဌေးနဲ့တူပါတယ် ဆိုတာလဲ ရှိကြလိမ့်ဦး မယ်။ ဘုန်းကြီးသေဌေး မဟုတ်ပါ...။ ဘုန်းကြီးအိတ်ထောင် နှစ်ဖက်လုံး ပိတ်ထား ပါတယ်၊ အ၀င်လည်း မရှိပါ အထွက်လည်းမရှိပါ ယခုအလှူဆို လက်ဆယ်ချောင်း နှင့် နှိပ်ရုံသာ။

ယခု တရားသဘောလေးပြောပါ့မယ်...

အလှူခံရမှာ ရှက်စရာကြီး ဆိုတာရယ် အလှူခံရှိမှ ဒါနဖြစ်တယ်ဆိုတာရယ်...

ဘုန်းတော်ကြီးများ ရဟန်းခံ သာမဏေ၀တ်ပြီ ဆိုကထဲက ဆရာဘုန်းကြီးများက သင်ပေးလိုက်ပါတယ်၊ သင့်မှာရှိတဲ့ ကိုယ်ပိုင်သပိတ်နဲ့ သင် အလှူခံစားရမယ်လို့... မိမိနဲ့ ဆွေမတော် မျိုးမတော်သူတွေထံမှာ သပိတ်တစ်လုံးပိုက်လို့ အိပ်ပေါက်စေ့ လှူလိုမှန်းမသိ မလှူလိုမှန်းမသိနဲ့၊ မျက်နှာလေး အောက်ချ မိမိမှာ ရှိရှိသမျှ မာနတွေခွါပြီး အလှူခံစားနေရသူ ရဟန်းသံဃာတော်များရဲ့ဘ၀၊ ရှက်ရွံ့မှုတွေ ဘယ်လောက်ရှိကြမလဲ စဉ်းစားကြည့်ကြပါ ဒကာဒကာမတို့၊ သူတော်ကောင်းဓါတ် ကိန်းတော်မူကြတဲ့ ဘုန်းတော်ကြီးများဟာ ဒီအသိလောက်နဲ့တင်ကို သူတို့မှာ ရှိကြတဲ့ မာနတရားတွေ အလွှာလိုက် အလွှာလိုက် ကွာကျသွားစေပါတယ်။

အလှူခံပုဂ္ဂိုလ်တွေ အမျိုးအားဖြင့် ၁၄-မျိုးရှိပါတယ်... ၁၄-မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့မှသာ ဒါနတစ်ခု ဖြစ်ကြရပါတယ်။ ဒါ့ကြောင့် ဒို့လို အလှူခံပုဂ္ဂိုလ်တွေ ရှိဘို့ အရေးကြီးပါလားလို့ သိပေးပါ...။ ဒါ့ကြောင့် သင် ယခု အလှူခံပါ...။

ဒီအလှူခံ ပုဂ္ဂိုလ်တွေထဲမှာ သီလ သမာဓိ ပညာ ပြည့်ဝသူများဟာ အကောင်းဆုံး အလှူခံတွေပေါ့...။ သီလ သမာဓိ ပညာ ပြည့်ဝသောသူများဟာလည်း၊ မြတ်ဗုဒ္ဓ သာသနာမှာပဲ ရှိပါတယ်။ ရှာနိုင်ကြပါစေ...။ လွယ်ကူစွာ တွေ့နိုင်ကြပါစေ...။

တကယ်လို့များ ဒကာဒကာမတို့ဘက်က အလှူခံပြီး...
ဘုန်းကြီးဘက်ကများ လှူဒါန်းမှု မပြုခဲ့သေးသော်...
ဒီလိုလေး သိပေးလိုက်ပါ ဒီဘုန်းကြီး အနားယူသွားပေါ့...

မြတ်ဗုဒ္ဓက ဆုံးမထားတယ်လေ...
ဘုန်းကြီးတို့မှာ ရရှိထားတဲ့ ဒီခန္ဓာက မမြဲဘူး ဆင်းရဲတယ် အစိုးမရဘူးလို့...

ဟိုရေးဒီရေးနဲ့ စာရေးမကောင်းတော့ ပျင်းနေလိမ့်မယ်...
ရီစရာဖြစ်အောင် ကိုယ့်အကြောင်းတော့ ကြွားထားလိုက်ပါဦးမယ်...

အညာသား (ကျပ်မပြည့်) ဆိုတော့ အစက အသားက ဖြူညိုညိုပါ...
ခု အေးတဲ့ဒေသ ရောက်လာတော့ အသားလေးက ၀ါလာပြီလေ...
ဘုန်းကြီးဆိုတော့ ပိုလှလာပြီလို့တော့ မဆိုလိုပါဘူးနော်...

အားလုံး စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

ဦးလောကနာထ
၎.၂၄.၂၀၀၉


ဆင်းတုတော်များအလှူ ၂၀၁၀-တွင် ပြီးပါပြီ




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, February 24, 2009

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါး ခွန်နောင်အမေး...

ခွန်နောင်: ဆရာတော်ဘုရား။ မပြစ်မှားအပ်သော ခင်ပွန်းကြီး ၁၀ ပါး စာရင်းမှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကများ ပါသော်လည်း ကျန် အရိယာသုံးပါး ဘာလို့ မပါတာပါလဲဘုရား။ ပစ္စည်းလေးပါးဒါယကာဟာ မပစ်မှားသင့်သောခင်ပွန်း ကြီး (ခင်ပွန်းကြီး အမှတ်စဉ် ၉)ဆိုတာ ဟုတ်ပါသလားဘုရား။ ဒါဆို ဒါယကာကို ရိုသေရှိခိုးရမယ်ဆိုတဲ့ အဓိပ္ပါယ်ထွက် နေပါသလား။

ခင်ပွန်းကြီးဆယ်ပါး ...
၁။ သဗ္ဗညုဘုရား။
၂။ ပစ္စေကဗုဒ္ဓဘုရား။
၃။ ရဟန္တာ။
၎။ အဂ္ဂသာဝက ၂-ပါး။
၅။ မာတာ= မိခင်။
၆။ ပိတာ= ဖခင်။
၇။ ၀ုဒ္ဓါပစာယန= အသက် သိက္ခာ သီလ အမျိုး စသည် မိမိထက်ကြီးမြတ် ရိုသေအပ်သူ။
၈။ အာဝရိယ= သွန်သင်ဆုံးမ ပညာသင်ပေးအပ်သော ဆရာမြတ်။
၉။ ဓမ္မကထိက= သူတော်ကောင်းတရား ဟောပြောပြသသူ။
၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ။

ခင်ပွန်းကြီး ၁၀ ပါး စာရင်းသည် ဆရာတော်များ အထက်အောက် စီချင်သလို စီကြပါတယ်။ တချို့မတူ ကွဲလွဲမှုတွေလည်း တွေ့ရပါတယ်။

ခင်ပွန်းကြီး ၁၀ ပါး စာရင်းဟာ ဘုရားဟော အစီအစဉ်မဟုတ်ဟု သိထားရပါ့မယ်။

ဒါဆိုရင် ဆရာတော်များ ရေးထားတာဆိုတော့ မှားနေသလား မေးခဲ့သည်ရှိသော် မမှားပါဟု ဖြေရပါလိမ့်မယ်။ ဒီဆယ်ပါးတင်လား ဆိုလျှင်တော့ မဟုတ်သေးပါ။ ဘာ့ကြောင့်မမှားသလဲဆိုရင် ကျေးဇူးရှိသောသူများ ကျေးဇူးများသောသူများကို နေရာဒေသအလိုက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ ဒကာဒကာမများ နားလည်နိုင်စေရန် ရှေးသူတော်ကောင်းများက ဘုရားဟော ပါဠိတော်ထဲမှ တူရာတူရာစု၍ အကျဉ်းချုံ့ပြထားခြင်းသာ ဖြစ်ပါတယ်။ တရားလေ့လာနေသူ ကျင့်သုံးနေသူများဟာ အကျဉ်းချုံ့ပြတာကို အနည်းငယ်ချဲ့ပြီး သိနိုင်ရမယ်၊ အကျယ်ပြထားတာကိုလဲ ချုံငုံပြီးတော့ သိနိုင်ရမယ်၊ ဒီလိုသိနိုင်ဖို့ရာလည်း များများလေ့လာ နှလုံးသွင်း ဒါမှသာ တရားရဲ့အနှစ်သာရကို တွေ့ရှိခံစားရမယ်။ ဘုရားအလိုတော်နဲ့ ကိုက်ညီပါလိမ့်မယ်။

ခင်ပွန်းဆိုတာ ကျေးဇူးများသူ ကျေးဇူးရှိသူလို့ ဆိုလိုတယ်၊
ကျေးဇူးရှိသူအပေါ်မှာ ကျေးဇူးဆပ်ရမှာ လောကဓမ္မတာဖြစ်ပါတယ်။

ခွန်နောင် အမေး။
((ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကများ ပါသော်လည်း ကျန်အရိယာသုံးပါး ဘာလို့ မပါ တာပါလဲဘုရား)) ဆိုရာမှာ...

ကျန်အရိယာများကို နံပါတ် ၇-မှာ ထဲ့ပြီး အာရုံပြုလိုက်ပါ အစဉ်ပြေသွားပါလိမ့် မယ်။ မိမိထက် သိက္ခာ သီလ သာသောအတွက်ကြောင့် ဖြစ်ပါတယ်။

ခွန်နောင် အမေး။
((ဒါဆို ဒါယကာကို ရိုသေရှိခိုးရမယ်ဆိုတဲ့ အဓိပ္ပါယ်ထွက် နေပါသလား)) ဆိုရာမှာ...
(၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ။)
(ဦးသုခမှတ်စုမှာ၊ ဒါယကာ= ပေးကမ်းသောသူ) အဓိကကတော့ ပေးသောသူပေါ့။
ဒကာလေးအနေနဲ့ ဒါကို ဆိုလိုတာလို့ ထင်ပါတယ်။

ကျေးဇူးများသူအပေါ်မှာ ကျေးဇူးဆပ်ရမယ်လို့သာ ဆိုလိုတာပါ၊ ရှိခိုးရမယ်လို့ မဆိုလိုပါဘူး။ သူများတွေ ရေးခဲ့ရင်လည်း လူများအတွက်သာပါ။ ဘုန်းတော်ကြီး များအနေနဲ့ ရှိခိုးရမဲ့သူဟာ မြတ်စွာဘုရားနဲ့ မိမိထက် သိက္ခာ-ရဟန်းဝါကြီးသူ သာရှိပါတယ်။ (ဒါကိုအကျယ်မချဲ့တော့ပါ) ရဟန္တာပင်ဖြစ်နေပါစေ မိမိထက် ရဟန်းဝါ ငယ်နေပါက ရှိခိုးရန်မလိုပါ။

ဒကာလေးအနေနဲ့...
ရှိခိုးရမယ်လို့ အဓိပ္ပါယ်မယူဘဲ ကျေးဇူးဆပ်ရမယ်လို့ အဓိပ္ပါယ်ကောက်လိုက်ပါ...။
ဘုန်းတော်ကြီးတွေက ဆွမ်းဒါယကာ ဒါယိကာမတွေကို ဘယ်လိုကျေးဇူးဆပ်မလဲ ဆိုရင် ပရိယတ် ပဋိပတ် နှစ်မျိုးကို ကျင့်ပြီး ကျေးဇူးဆပ်ရမယ်၊ တရားဟော တရား ပြပြီး ကျေးဇူးဆပ်ရပါ့မယ်။ ဒါက အမြင့်ဆုံး ကျေးဇူးဆပ်ခြင်းပါ။

ကျောင်းကို ဘာသာခြားတချို့လာကြပါတယ်၊ တချို့ရှိခိုးကြတယ်။ ဘာသာရေးဌာန တစ်ခု ရောက်လာလို့ အများနဲ့တူအောင် ပြုမူတဲ့သဘောလောက်။ သို့ ။မိမိနဲ့အတူ ပါလာတဲ့သူ လုပ်လို့် သူ့ကိုခင်လို့ လိုက်လုပ်ခြင်းသာဆိုရင်။ ဒါကို ကျေးဇူးဆပ်ပါ တယ်လို့ မဆိုနိုင်ပါဘူး။

ကျေးဇူးဆပ်တဲ့အခါ လောကီ အကျိုးတရား၊ လောကုတ္တရာ အကျိုးတရား နှစ်မျိုးနဲ့ ဆပ်ကြပါတယ်။ မြတ်စွာဘုရားကတော့ လောကုတ္တရာ အကျိုးတရားနဲ့ ကျေးဇူး ဆပ်ခြင်းဟာ အကြွေးအားလုံး ကျေတယ်လို့ ဆိုတော်မူပါတယ်။

တကယ်တော့ ခင်ပွန်းကြီး ၁၀-ပါးဟာ ကျေးဇူးကြီးသူများဖြစ်၍ ကျေဇူးဆပ်ရမယ်၊ ပြစ်မှားမိခဲ့ရင် တောင်းပန် ကန်တော့ရမယ်၊ ဒီလိုဆိုလိုပါတယ်။

ဒီတော့ ဒကာလေးလည်း သံသရာတလျှောက်လုံး ဒီလိုပုဂ္ဂိုလ်တွေအပေါ်မှာ ပြစ်မှားမိရင် တောင်းပန်ကန်တော့ပါ၊ ကျေးဇူးဆပ်စရာ ရှိနေသူများအပေါ်မှာလည်း လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတရားတို့နဲ့ ကျေးဇူးဆပ်ပါလို့ မှာကြား ရင်းနဲ့... ။

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊ ဒုက္ခဆင်းရဲကင်းဝေးပါစေ။
ဦးလောကနာထ။
၃.၁၃.၂၀၀၉

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 26, 2009

ကြေးပြားပေါ်မှ ပဋ္ဌာန်းတရားတော်များ...

ကျောင်းတွင်ပူဇော်ထားသော ကြေးပြားပေါ်မှ ပဋ္ဌာန်း တရားတော်များ...

မြန်မာနိုင်ငံတွင် ပြုလုပ်သည်။













(ဆက်လက်၍ ကျန်သောတရားတော်များလည်း ပူဇော်သွားမည်)

Friday, October 24, 2008

ဘုရား, တရား, သံဃာ့ ဂုဏ်တော်များ-



*** ဘုရားဂုဏ်တော်ကိုးပါး ***

၁။ အရဟံ...
၂။ သမ္မာသမ္ဗုဒ္ဓေါ...
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော...
၎။ သုဂတော...
၅။ လောက၀ိဒူ...
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ...
၇။ သတ္ထာဒေ၀မနုဿာနံ...
၈။ ဗုဒ္ဓေါ...
၉။ ဘဂ၀ါ...


၁။ အရဟံ...
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် {{အရဟံ}} မည်တော်မူ၏။

၂။ သမ္မာသမ္ဗုဒ္ဓေါ...
အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသောကြောင့် {{သမ္မာ-သမ္ဗုဒ္ဓ}} မည်တော်မူ၏။

၃။ ၀ိဇ္ဇာစရဏသမ္ပန္နော...
အသိဉာဏ်{၀ိဇ္ဇာ} အကျင့်{စရဏ}နှင့် ပြည့်စုံတော်မူသောကြောင့် {{၀ိဇ္ဇာစရဏ-သမ္ပန္န}} မည်တော်မူ၏။

၎။ သုဂတော...
ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် {{သုဂတ}} မည်တော်မူ၏။

၅။ လောက၀ိဒူ...
လောကကို သိတော်မူသောကြောင့် {{လောက၀ိဒူ}} မည်တော်မူ၏။

၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ...
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့် {{အနုတ္တရောပုရိသ ဒမ္မသာရထိ}} မည်တော်မူ၏။

၇။ သတ္ထာဒေ၀မနုဿာနံ...
နတ်, လူတို့၏ဆရာ ဖြစ်တော်မူသောကြောင့် {{သတ္ထာဒေ၀မနုဿာနံ}} မည် တော်မူ၏။

၈။ ဗုဒ္ဓေါ...
သစ္စာလေးပါးတရားတို့ကို သိစေတော်မူသောကြောင့် {{ဗုဒ္ဓ}} မည်တော်မူ၏။

၉။ ဘဂ၀ါ...
ဘုန်းတန်ခိုးကြီးတော်မူသောကြောင့် {{ဘဂ၀ါ}} မည်တော်မူ၏။


*** တရားဂုဏ်တော်ခြောက်ပါး ***

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော...
၂။ သန္ဒိဋ္ဌိကော...
၃။ အကာလိကော...
၎။ ဧဟိပဿိကော...
၅။ သြပနေယျိကော...
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ...

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော...
မြတ်စွာဘုရားသည် ကောင်းမွန်စွာ ဟောတော်မူသောကြောင့် {{သွာက္ခာတ}} မည်တော်မူ၏။

၂။ သန္ဒိဋ္ဌိကော...
ကိုယ်တိုင်သိမြင်နိုင်သောကြောင့် {{သန္ဒိဋ္ဌိက}} မည်တော်မူ၏။

၃။ အကာလိကော...
အချိန်မလင့် အကျိုးပေးသောကြောင့် {{အကာလိက}} မည်တော်မူ၏။

၎။ ဧဟိပဿိကော...
လာပါ၊ ရှုမှတ်ကြည့်ပါဟု ဖိတ်ခေါ်ထိုက်သောကြောင့် {{ဧဟိပဿိက}} မည် တော်မူ၏။

၅။ သြပနေယျိကော...
စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းထိုက်သောကြောင့် {{သြပနေယျိက}} မည် တော်မူ၏။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ...
ပညာရှိအပေါင်းတို့သည် ကိုယ်စီကိုယ်င သိအပ်ခံစားအပ်သောကြောင့် {{ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ}} မည်တော်မူ၏။


*** သံဃာ့ဂုဏ်တော်ကိုးပါး ***

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော...
၅။ အာဟုနေယျော...
၆။ ပါဟုနေယျော...
၇။ ဒက္ခိဏေယျော...
၈။ အဉ္ဇလိကရဏီယျော...
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ...

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် ကောင်းမွန် စွာ ကျင့်ကြံတော်မူသောကြောင့် {{သုပ္ပဋိပန္န}} မည်တော်မူ၏။

၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် မာယာ ကင်းကွာ ဖြောင့်စွာ ကျင့်ကြံတော်မူသောကြောင့် {{ဥဇုပ္ပဋိပန္န}} မည်တော်မူ၏။

၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသောကြောင့် {{ဉာယပ္ပဋိပန္န}} မည်တော်မူ၏။

၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် ရိုသေခြင်းကို ခံယူတော်မူ ထိုက်အောင် ကျင့်ကြံတော်မူသောကြောင့် {{သာမီစိပ္ပဋိပန္န}} မည် တော်မူ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော...
ဤမြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည်-

၅။ အာဟုနေယျော...
အဝေးမှယူလာသော ပစ္စည်းကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူသောကြောင့် {{အာဟုနေယျ}} မည်တော်မူ၏။

၆။ ပါဟုနေယျော...
ဧည့်သည်အတွက်ထားသော ပစ္စည်းကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူသော ကြောင့် {{ပါဟုနေယျ}} မည်တော်မူ၏။

၇။ ဒက္ခိဏေယျော...
တမလွန်အတွက် ရည်မှန်း၍ လှူဒါန်းသော အလှူကို ခံယူခြင်းငှာ ထိုက်တော်မူ သောကြောင့် {{ဒက္ခိဏေယျ}} မည်တော်မူ၏။

၈။ အဉ္ဇလိကရဏီယျော...
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောကြောင့် {{အဉ္ဇလိ- ကရဏီယ}} မည်တော်မူ၏။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ...
ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေ့ကို စိုက်ပျိုးကြဲချရန် လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူသောကြောင့် {{ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ}} မည် တော်မူ၏။


ဘုရား ဂုဏ်တော် တရား ဂုဏ်တော် သံဃ ဂုဏ်တော်

Tuesday, July 29, 2008

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး-

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး

၁။ သီလဂုဏ်၊ ကိုယ်ကျင့်တရား ကောင်းမွန်စွာရှိမှုဂုဏ်၊
၂။ သမာဓိဂုဏ်၊ စိတ်ဓါတ် မြင့်မြတ်မှုဂုဏ်၊
၃။ ပညာဂုဏ်၊ လောကုတ် လောကီပညာ ပြည့်ဝမှုဂုဏ်၊
၎။ ဒါနဂုဏ်၊ ပေးကမ်းစွန့်ကြဲမှုဂုဏ်၊
၅။ ပေယျဝစ္စဂုဏ်၊ ချစ်ဖွယ်စကားဖြင့် ယဉ်ကျေးအောင်ဆုံးမနိုင်မှုဂုဏ်၊
၆။ အတ္ထစရိယဂုဏ်၊ သူ့အကျိုးကိုသည်ပိုးနိုင်မှုဂုဏ်၊
၇။ သမာနတ္ထဂုဏ်၊ မိမိနှင့်တူသော ကောင်းကျိုးသုခကို ပေးစွမ်းနိုင်မှုဂုဏ်။

Monday, July 28, 2008

ပိဋကတ် ၃-ပုံ-

ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက်

၄၅-နှစ် ဟောကြားတော်မူခဲ့သော တရားအပေါင်းကို
မပျောက်ပျက်စေရန် အရှည်တည်တန့်ရန် သံဃာတော်များမှ
သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူ၍ ပိဋကသုံးပုံ ခွဲခြားပြီး သံဂါယနာတင်ခဲ့လေသည်။

သုတ္တန်ပိဋကတွင် ဓမ္မက္ခန္ဓာ ၂၁ဝဝဝ-ရှိပါသည်
သုတ္တန်ပိဋကသည် သတ္တဝါတို့၏ ဝါသနာ, ဗီဇ, စရိုက်အလိုက်၊
ကျွတ်ထိုက်သောသူတို့အား သင့်လျော်ရာ တရားတော်တို့ကို
ဟောကြားတော်မူခြင်း ဖြစ်သည်။ (ဝေါဟာရဒေသနာဟုခေါ်သည်)

ဝိနည်းပိဋကတွင် ဓမ္မက္ခန္ဓာ ၂၁ဝဝဝ-ရှိပါသည်
ဝိနည်းပိဋကသည် မြတ်စွာဘုရား၏သာသနာဝယ်၊
ရဟန်းယောက်ျား ရဟန်းမိန်းမ လူတပည့်သာဝကတို့အတွက် စည်းကမ်း၊
အကျွတ်တရားရရန် နည်းလမ်းများပင် ဖြစ်သည်။ (အာဏာဒေသနာဟုခေါ်သည်)

အဘိဓမ္မာပိဋကတွင် ဓမ္မက္ခန္ဓာ ၄၂ဝဝဝ-ရှိပါသည်
အဘိဓမ္မာပိဋကသည် သဗ္ဗညုတဉာဏ်တော်နှင့် ထိုးထွင်း၍သိတော်မူသော
မဖေါက်မပြန် မှန်ကန်သော ပရမတ္ထတရားများကို ဟောကြားခြင်း ဖြစ်သည်။
(ပရမတ္ထဒေသနာဟုခေါ်သည်)

Monday, July 21, 2008

လောကီမင်္ဂလာ ၁၂-ပါး-

ဘုရားနှစ်သက်သော....
၃၈-ဖြာ မင်္ဂလာ လင်္ကာဒီနေရာကသွားပါ....

လောကီမင်္ဂလာ ၁၂-ပါး
ယေဘုယျအားဖြင့် လောကကျိုးတို့ အတွက်သာ ဖြစ်သော မင်္ဂလာများ။

(၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ၀ိဇာတ မင်္ဂလာများ။

(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော
နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။

(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေ ဒန မင်္ဂလာ။

(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသောဒေါလာ ကရဏမင်္ဂလာ။

(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။

(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရ၀ိန္ဒု ဒဿန မင်္ဂလာ။

(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။

(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။

(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။

(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။

(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။

(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ၀ိဝါဟမင်္ဂလာ။

သုတေသန သရုပ်ပြအဘိဓာန်-မှ...။

ဘုရားနှစ်သက်သော....
၃၈-ဖြာ မင်္ဂလာ လင်္ကာ ဒီနေရာကသွားပါ....

Tuesday, July 15, 2008

မဂ္ဂင်ရှစ်ပါး-

မဂ္ဂင်ရှစ်ပါး

၁။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော အသိအမြင်။ (ပညာမဂ္ဂင် ၂-ပါး၊)
၂။ သမ္မာသင်္ကပ္ပ၊ မှန်ကန်သော အကြံအစည်။
၃။ သမ္မာဝါစာ၊ မှန်ကန်သော စကားကို ပြောဆိုခြင်း။ (သီလမဂ္ဂင် ၃-ပါး၊)
၎။ သမ္မာကမ္မန္တ၊ မှန်ကန်သော အမှုကို ပြုခြင်း။
၅။ သမ္မာအာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ၊ မှန်ကန်သော အားထုတ်ခြင်း။ (သမာဓိမဂ္ဂင် ၃-ပါး၊)
၇။ သမ္မာသတိ၊ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း။
၈။ သမ္မာသမာဓိ၊ မှန်ကန်သော တည်ကြည်ခြင်း။

Saturday, July 12, 2008

ဝိဇ္ဇာ ၅-မျိုး-

လယ်တီဆရာတော် စီရင်တော်မူသော ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်း၌
ဝိဇ္ဇာ ၅-မျိုးကို အောက်ပါအတိုင်း ပြဆိုထားသည်။

၁။ ဝေဒ၀ိဇ္ဇာ။
၂။ မန္တ၀ိဇ္ဇာ။
၃။ ဂန္ဓာရီဝိဇ္ဇာ။
၎။ လောကီယ၀ိဇ္ဇာ။
၅။ အရိယာဝိဇ္ဇာ ဟူ၍ ဖြစ်သည်။

(၁) ဝေဒ၀ိဇ္ဇာ...
သာမဗေဒင်၊ ယဇုဗေဒင်၊ ဣရုဗေဒင် အထဗ္ဗနဗေဒင် ဟူသော ဗေဒင်လေးမျိုး သည် ဝေဒ၀ိဇ္ဇာမည်၏။

(၂) မန္တ၀ိဇ္ဇာ...
အမျိုးမျိုးသော လက္ခဏာကျမ်း အမျိုးမျိုးသော နက္ခတ်ကျမ်း၊ အမျိုးမျိုးသောဂါထာ
မန္တရားကျမ်း၊ အမျိုးမျိုးသောနိမိတ်ကျမ်း၊ အမျိုးမျိုးသောဆေးကျမ်း အမျိုးမျိုးသော ဓာတ်ကျမ်း အစရှိသော လောကီပညာဟူ၍ခေါ်ဝေါ်ကြသော အတတ်ပညာမျိုး ဟူသမျှသည် မန္တ၀ိဇ္ဇာမည်၏။

(၃) ဂန္ဓာရီဝိဇ္ဇာ...
ဆေးဝိဇ္ဇာ၊ အင်းဝဇ္ဇာ၊ ပြဒါးဝဇ္ဇာ၊ သံဝိဇ္ဇာဟူ၍ ၀ိဇ္ဇဓရကျမ်း၌လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အာကသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိသို့ပေါက်ရောက် သဖြင့် နတ် သိကြားတို့၏ တန်ခိုး၊ အသိဉာဏ်တန်ခိုးတို့နှင့် အလားတူ တတ်စွမ်း နိုင်သော ၀ိဇ္ဇာမျိုးဟူသမျှသည် ဂန္ဓာရီဝိဇ္ဇာမည်၏။

(၄) လောကီယ၀ိဇ္ဇာ...
လောကီယ၀ိဇ္ဇာဆိုသည်ကား သာသနာပအခါ၌ သရဘဂ်၊ သုနေတ္တ၊ အရက အစရှိသော ရသေ့ဆရာကြီးတို့သည် ကသိုဏ်းဈာန်တို့ကိုရပြီး နိုင်နင်းပြီးနောက် အားထုတ်၍ရသော ဣဒ္ဓိ၀ိဓ အဘိညာ၊ ဒိဗ္ဗစက္ခု အဘိညာ၊ ဒိဗ္ဗသောတ အဘိညာ၊ စေတောပရိယ အဘိညာ၊ ပုဗေနိဝါသ အဘိညာ၊ ယထာကမ္ဗုပဂ အဘိညာ၊ အနာဂတသ အဘိညာဟူသော ၀ိဇ္ဇာတို့ကိုဆိုသည်။

(၅) အရိယ၀ိဇ္ဇာ...
အရိယ၀ိဇ္ဇာဆိုသည်ကား အနိစ္စ၀ိဇ္ဇာ၊ ဒုက္ခ၀ိဇ္ဇာ၊ အနတ္တ၀ိဇ္ဇာ၊ မဂ္ဂ၀ိဇ္ဇာ၊ ဖလ၀ိဇ္ဇာ တို့ကိုဆိုလိုသည်။ စတုသစ္စာဉာဏ်လေးပါးကို ဆိုလိုသည်။

ဤအရိယ၀ိဇ္ဇာတို့ကား သာသနာတော်အတွင်း၌သာ ထမြောက်ပေါက်ရောက် အောင် ကြံဆောင်နိုင်သည်။ သာသနာပအခါသည်ကား ပစ္စေကဗုဒ္ဓ အရှင်မြတ် တို့ကိုချန်ထား၍ တစ်ပါးသော လူနတ်ဗြဟ္မာတို့ ထမြောက်ပေါက်ရောက်အောင် ကြံဆောင်နိုင်ခွင့်မရှိချေ။

Friday, July 11, 2008

သီဟိုဠ်ကျွန်းမှ ဖုဿဒေဝမထေရ်-

ဘုရားပုံတော်နှင့် ဂုဏ်တော်ကျေးဇူး ပွါးများရသောအကျိုးတရား

''သီဟိုဠ်ကျွန်းမှ ဖုဿဒေဝမထေရ်''



မြတ်ဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် သီဟိုဠ်ကျွန်းဝယ် ဖုဿဒေဝမထေရ်ဆိုတာ စေတီရင်ပြင်၌ နေ့စဉ်မပြတ် တံမြက်လှည်းပြီး ဘုရားကိုအာရုံပြု၍ ဝမ်းမြောက် လို့နေတယ်။

အဲဒီလိုနေတဲ့အခိုက် မြောက်ညိုကြီးတစ်ကောင်ဆင်းလာပြီး တံမြက်လှည်းထား တဲ့ ရင်ပြင်တော်မှာ နွားချေးတွေ ဖြန့်ကြဲပြီးသွားသတဲ့၊ ဒီလိုဖြန့်ကြဲသွားသော် လည်း တံမြက်လှည်းမြဲအတိုင်း သန့်ရှင်းအောင် ပြုလုပ်ပါတယ်။

နောက်တစ်နေ့ကျတော့ နွားအိုကြီးတစ်ကောင် ဝင်လာပြီး နွားချေးတွေ စွန့်သွား ပြန်တယ်။ သန့်ရှင်းမြဲအတိုင်း တံမြက်လှည်းလျက် ဝမ်းမြောက်နေပါတယ်။ နောက်တစ်နေ့ကျတော့ အလွန်အရုပ်ဆိုးလှတဲ့ လူတစ်ယောက်က ခြေထောက် နဲ့ အမှိုက်တွေဆွဲပြီးတော့ တံမြက်လှည်းထားတဲ့ ယင်ပြင်တော်ပေါ်မှာ ဖြန့်ကြဲ ပြန်ပါတယ်။

ဒီတော့ ဖုဿဒေဝမထေရ်က ငါ ဆွမ်းခံနေတဲ့ ပတ်ဝန်းကျင်မှာ ယခုလောက် အရုပ်ဆိုးပြီး ရုပ်ရည်ကြမ်းတမ်းတဲ့သူကို မမြင်ဘူးသေးပါ၊ ဒီတော့ သူဟာ မာရ်နတ်ဖြစ်လေမလားလို့ စဉ်းစားမိပြီး၊ သင် မာရ်နတ်မဟုတ်လားဟု မေးသော အခါ မာရ်နတ်ဟုတ်ကြောင်း ဝန်ခံလျှောက်ထားတော့ ဖုဿဒေဝမထေရ်က 'မာရ်နတ် သင်ဟာ မြတ်စွာဘုရား သက်တော်ထင်ရှားကို မီလိုက်သူ ဖြစ်တယ်၊ တန်ခိုးနဲ့ ပြည့်စုံသူလည်း ဖြစ်တယ်၊ ဒီတော့ ဘုရားရဲ့ အဆင်းသဏ္ဌာန်တော်ကို ငါ့အားဖန်ဆင်းပြစမ်းပါ' လို့ တောင်းပန်တဲ့အခါ၊

အားလုံး တူအောင်တော့ တပည့်တော် မဖန်ဆင်းနိုင်ပါဟု ပြောဆိုပြီးလျှင် ပြနိုင် သမျှ ဖန်ဆင်းပြသတဲ့ မထေရ်က ပုံတော်ကိုကြည့်ကာ 'ရာဂစသည် မကင်းသေး သော မာရ်နတ်၏ အတုပုံတော်ပင် ဤမျှလောက် တင့်တယ်သပ္ပါယ်လျှင် မြတ်စွာဘုရား၏ အဆင်းတော်မှာ အဘယ်မျှလောက် တင့်တယ်ကြည်ညိုဖွယ် ရှိပါမလဲ'ဟု တွေးတောကာ တစ်ကိုယ်လုံး ပီတိတွေ တစိမ့်စိမ့် ဖြစ်ပေါ်လာ ပါတယ်။ ထိုပီတိဆိုတဲ့ နာမ်တရားတစ်ခုကိုပင် အနိစ္စ, ဒုက္ခ, အနတ္တ သဘောပါအောင် နှလုံးသွင်းလျက် ဝိပဿနာရှုလိုက်ရာ တစ်ခါတည်း အာသဝေါ ကုန်ခမ်း၍ ရဟန္တာဖြစ်သွားပါတယ်။

ရုပ်ပွား ဆင်းတုတော်များကို ဖူးမြော်ကြ၍ ဖုဿဒေဝမထေရ်ကဲ့သို့ ဘုရားအစစ် အမှန်သို့ ရောက်အောင် ကြည်ညိုမြတ်နိုးပြီး သတိ,ပညာ,သဒ္ဓါ,ဝီရိယကို ဖြစ်စေ ကာ အာစိဏ္ဏကံ ကုသိုလ်မျိုးတွေဖြစ်အောင် ကျိုးစားနိုင်ကြပါလျှင် ယခုဘ၀ လူဖြစ်ရကျိုး နပ်ပေတော့မည်။


မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ-

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ''
ကာမေသုမိစ္ဆာစာရကံ

ကာမဂုဏ်တို့၌ မှားယွင်းဖေါက်ပြန်စွာကျင့်မှုနှင့် ပတ်သက်၍
အမျိုးကောင်းသားသည် မိမိသီလ မကျိုးမပေါက်စေရန်
မသွားလာအပ်သော မိန်းမ ၂ဝ-ကို ရှောင်ကြဉ်ရမည်။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ.....

၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

မယား ၁ဝ-ဦးမှာ.....

၁၁။ ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ်ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ်ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်းဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်းဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ''ဟူသော ရှေးပညာရှိတို့ ဆုံးမစကားအရ အမျိုးကောင်းသားများသည် အုပ်ထိန်းခြင်းမကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန်ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်သည် ဤကံကား အလွန်ကြောက်ဖွယ်ကောင်း၏။
သေလွန်၍ ငရဲသို့ကျခံရပြီးနောက် လူ့ဘဝပြန်ရစေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက်ဖြစ်ရခြင်း၊ ချစ်သူနှင့်ကွဲရခြင်းစသော မကောင်းကျိုးများ များလှကုန်၏။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ.....
၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသုမိစ္ဆာစာရကံ မြောက်သည်။

၁-မှ ၈-ထိ ယောက်ျားများအပြစ်ဖြစ်၊ အမျိုးသမီးများအပြစ်မဖြစ်။
၉-မှ ၂ဝ-ထိ နှစ်ဦးလုံး အပြစ်ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ရှောင်ကြဉ်ရသော အကျိုးတရားများ။
၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင်နှစ်သက်သူတို့နှင့် နေရခြင်းစသော အကျိုးတရားတို့ကို ရရှိပါသည်။

အာဂမနီယ၀တ္ထု... (တည်တောဆရာတော်)

Wednesday, July 9, 2008

ကောဏ္ဍဓာနတ္ထေရ၀တ္ထု-

ကောဏ္ဍဓာနတ္ထေရ၀တ္ထု-

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုနှင့်၊
အဆိုခံရသူတို့သည် သင့်ကိုပြန်လည် ပြောဆိုလိမ့်မည်။
ခြုတ်ခြယ်သောစကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒုက္ခပေးက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်လိမ့်မည်။

အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့
မိမိကိုယ်ကို ငြိမ်သက်တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ ရောက်နိုင်၏။

Friday, July 4, 2008

သြ၀ါဒ ပါတိမောက်-

ဘုရားရှင်တိုင်း ဆုံးမတော်မူခဲ့သော တရားတော်
သြ၀ါဒ ပါတိမောက်

၁။ လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊ သည်းခံခြင်းတရားသည်၊ မြတ်သော အကျင့်မည်၏၊ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍၊ ဘုရားရှင်တို့သည် ဟောတော်မူကုန်၏၊ ရဟန်းသည် သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည် မဟုတ်နိုင် မဖြစ်နိုင်၊ သူတစ်ပါးကို ညှဉ်းဆဲသူသည် ရဟန်း မဟုတ်နိုင်ချေ။

၂။ အလုံးစုံသော မကောင်းမူကို မပြုခြင်းလည်းကောင်း၊ ကုသိုလ်ကို ပြည့်စုံစေ ခြင်းလည်းကောင်း၊ မိမိစိတ်ကို ဖြူစင်စေခြင်းလည်းကောင်း၊ ဤတရားသုံးပါး သည် ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၃။ သူတစ်ပါးအပေါ် မစွပ်စွဲခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊ ၂၂၇-သွယ် သိက္ခာပုဒ်တော်တည်းဟူသော ပါတိမောက်ကို စောင့်ထိန်းခြင်း လည်းကောင်း၊ ဆွမ်း အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊ ဆိတ်ငြိမ်၍ အစွန်အဖျားကျသော ကျောင်းအိပ်ယာနေရာ၌ နေထိုင်ခြင်းလည်း ကောင်း၊ စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌ လုံ့လ အားထုတ်ခြင်း လည်းကောင်း၊ ဤအလုံးစုံသည် ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၃။ အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁။ တိတိက္ခာ- လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊
ခန္တီ- သည်းခံခြင်းတရားသည်၊
ပရမံ- မြတ်သော၊
တပေါ- အကျင့်မည်၏၊
နိဗ္ဗာနံ- နိဗ္ဗာန်ကို၊
ပရမံ- အမြတ်ဆုံးဟူ၍၊
ဗုဒ္ဓါ- ဘုရားရှင်တို့သည်၊
ဝဒန္တိ- ဟောတော်မူကုန်၏၊
ပဗ္ဗဇိတော- ရဟန်းသည်၊
ပရူပဃာတီ- သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည်၊
နဟိ- မဟုတ်နိုင် မဖြစ်နိုင်၊
ပရံ- သူတစ်ပါးကို၊
ဝိဟေဌယန္တော- ညှဉ်းဆဲသူသည်၊
န သမဏော ဟောတိ- ရဟန်း မဟုတ်နိုင်ချေ။

၂။ သဗ္ဗပါပဿ- အလုံးစုံသော မကောင်းမူကို၊
အကရဏံ- မပြုခြင်းလည်းကောင်း၊
ကုသလဿ- ကုသိုလ်ကို၊
ဥပသမ္ပဒါ- ပြည့်စုံစေခြင်းလည်းကောင်း၊
သစိတ္တ ပရိယောဒပနံ- မိမိစိတ်ကိုဖြူစင်စေခြင်းလည်းကောင်း၊
ဧတံ- ဤတရားသုံးပါးသည်၊
ဗုဒ္ဓါနံ- ဘုရားရှင်တို့၏၊
သာသနံ- အဆုံးအမတော်ပေတည်း။

၃။ အနုပဝါဒေါ- သူတစ်ပါးအပေါ် မစွပ်စွဲခြင်းလည်းကောင်း၊
အနုပဃာတော- ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊
ပါတိမောက္ခေစသံဝရော- ၂၂၇-သွယ် သိက္ခာပုဒ်တော် တည်းဟူသော ပါတိ မောက်ကို စောင့်ထိန်းခြင်းလည်းကောင်း၊
ဘတ္တသ္မိံ- ဆွမ်း အစာအာဟာရ၌၊
မတ္တညုတာစ- အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊
ပန္တံ- ဆိတ်ငြိမ်၍ အစွန်အဖျားကျသော၊
သယနာသနံ- ကျောင်းအိပ်ယာနေရာ၌ နေထိုင်ခြင်း လည်းကောင်း၊
အဓိစိတ္တေ- စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌၊
အာယောဂေါ- လုံ့လ အားထုတ်ခြင်းလည်းကောင်း၊
ဧတံ- ဤအလုံးစုံသည်၊
ဗုဒ္ဓါနံ- ဘုရားရှင်တို့၏၊
သာသနံ- အဆုံးအမတော်ပေတည်း။

Wednesday, July 2, 2008

ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း-

အသောကမင်းတရားကြီးနှင့်
အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့ကောင်းမှု

ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း
သာသနာတော် (၂၃၅)ခုနှစ်၊ တပို့တွဲလ။
တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့
ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန် ရည်ညွှန်း၍
အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်တို့က
၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

(၁) ကသ္မီရ- ဂန္ဓာရတိုင်း။
(၂) မဟိံသကတိုင်း။
(၃) နဝါဒါသီတိုင်း။
(၄) မဟာရဋ္ဌတိုင်း။
(၅) အပရ န္တတိုင်း။
(၆) ယောနကတိုင်း။
(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း ၅-ရပ်။
(၈) သုဝဏ္ဏဘူမိ တိုင်း။
(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း။

(၁) ကသ္မီရ- ဂန္ဓာရတိုင်း။ ။ ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏ အရှေ့မြောက်ဘက်စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ ယင်း၏အနောက် ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် အာဖဂန် နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကထေရ်မြတ် ခေါင်းဆောင်သော အဖွဲ့ဝင် သံဃာတော် ၄-ပါး၊ အာသီဝိသောပမသုတ္တန်ဟောကြားကာ သာသနာ ပြုတော်မူကြသည်။

(၂) မဟိံသကတိုင်း။ ။ အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏ မြောက်ပိုင်းရှိ 'ချီတယ်ရ်'စီရင်စု ဌာနတို့သို့ မဟာဒေဝထေရ်ဦးဆောင်၍ အဖွဲ့ဝင် သံဃာတော် ၄-ပါး၊ ဒေဝဒူတသုတ္တန်ကိုဟောကြားလျက် သာသနာပြုတော် မူကြ သည်။

(၃) နဝါဒါသီတိုင်း။ ။ ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက် ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်းပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ခေါင်းဆောင် သော အဖွဲ့ဝင်သံဃာ၎-ပါးတို့ အနမတဂ္ဂသုတ္တန်ဟောကြား၍ သာသနာ ပြုတော် မူကြသည်။

(၄) မဟာရဋ္ဌတိုင်း။ ။ ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ် ခေါင်းဆောင်၍ အဖွဲ့ဝင်သံဃာ ၄-ပါး ကြွတော် မူကာ မဟာနာရဒကဿပဇာတ်တော်ကို ဟောကြားတော်မူကာ သာသနာပြု တော်မူကြသည်။

(၅) အပရ န္တတိုင်း။ ။ မလဝါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ် သစ္စဗန္ဓတောင် သုပ္ပရကသင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ စသည်တို့သို့ အရှင်ဓမ္မရက္ခိတ မထေရ် ခေါင်းဆောင်သော သံဃာတော် ၄-ပါးတို့ ကြွတော်မူကာ သဂ္ဂိခန္ဓောပမ သုတ္တန်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူကြသည်။

(၆) ယောနကတိုင်း။ ။ အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား တူရကီ ဂရိတ် အီတလီ တို့တည်ရှိရာ ယင်း၏ရှေးဟောင်းအမည်မှာ သာကလတိုင်း သာကလမြို့ဖြစ်၏။ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့ အရှင်မဟာ ရက္ခိတ မထေရ် ခေါင်းဆောင်ကာ အဖွဲ့ဝင် ၄-ပါးတို့ ကြွတော်မူလျက် ကာဠ ကာရာမသုတ္တန်ကို ဟောပြောကာ သာသနာပြုတော်မူကြသည်။

(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း ၅-ရပ်။ ။ ဟိမဝန္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ (၁) ခိုတန်၊ (၂) ဘူတန်၊ (၃) ယရကန်၊ (၄) တိဘက်၊ (၅) တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမထေရ်ခေါင်းဆောင်လျက် အဖွဲ့ဝင် ၄-ပါးတို့ ကြွချီ တော်မူကြကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူ၍ သိမ်းသွင်းကာ သာ သနာ ပြုတော်မူကြသည်။

(၈) သုဝဏ္ဏဘူမိ တိုင်း။ ။ စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ ကချင်၊ ကယား၊ ယွန်း ယိုးဓယား၊ ကမ္ဘောဒီးယား၊ လားအို စသော လူမျိုးတို့ နေထိုင်ရာသို့ အရှင်သောဏထေရ်နှင့်အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင်သံဃာ ၃-ပါးနှင့် ပေါင်း ၅-ပါးတို့ ကြွရောက်ကာ ဗြဟ္မဇာလသုတ္တန်ကို ဟောကြားတော်မူလျက် မြတ်ဗုဒ္ဓသာသနာတော် အတွင်းသို့ သိမ်းသွင်းတော် မူကြသည်။
((မှတ်ချက်။ ။ မြန်မာတို့က မွန်းတိုင်းပြည်နယ် သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆ ကြသည်။ အိန္ဒိယကျောက်စာဌာနကမူ စုမတြာကျွန်းကို သူဝဏ္ဏဘူမိဟု ရေးထိုး ကြသည်။))

(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း။ ။ ယခုအခါ သရီလံကာဟူ၏။ ဒေဝါနံပီယတိဿ မင်းကြီးလက်ထက်အခါ သာသနာတော် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင် အရှင်မဟာမဟိန္ဒထေရ်ဦးဆောင်၍ အရှင်ဣဋ္ဋိယထေရ်၊ အရှင်ဥတ္တိယထေရ်၊ အရှင်ဘဒ္ဒသာလထေရ်၊ အရှင်သမ္ဗလထေရ်မြတ် ၅-ပါးတို့ဦးဆောင်ကာ အဖွဲ့ဝင် ၁၃-ပါးနှင့် အရှင်မဟိန္ဒ၏တူတော် သုမနသာမဏေ၊ ပဏ္ဍုကခေါ် လူဥပါသကာ တို့သွားရောက်ကြကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကိုဟောကြား၍ ဗုဒ္ဓသာသနာ တော်မြတ်ကြီး အရှည်တည်တံ့အောင် တည်တံ့တိုးပွားအောင် သာသနာပြုတော် မူသွားကြလေသည်။

Tuesday, July 1, 2008

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်-

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်

၁။ မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
၂။ သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။
၃။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။
၎။ ငါကို ပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်။
၅။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးလိုလားမည်။
၆။ ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ရွက်ဆောင်မည်။
၇။ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ်။
၈။ သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။
၉။ ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။
၁ဝ။ ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ်ရလိမ့်မည်။

စတုတ္ထစံကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ။

Monday, June 23, 2008

ဓာရဏပရိတ်-

ဓာရဏပရိတ်

''ဓာရဏပရိတ် အညွှန်း''

ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓရှင်တော်ဘုရားကို အန္တရာယ်မပြုနိုင်သော ဂုဏ်တော် ၄-ပါး၊ အာဝေနိက ဂုဏ်တော် ၁၈-ပါးကို ဖေါ်ပြထားပါသည်။

ဤဂုဏ်တော်များသည် မြတ်စွာဘုရားရှင်တို့၏ သီးခြား ကိုယ်ပိုင်ဂုဏ်တော်များ ဖြစ်ကြပါသည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်တော်မျိုးမရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌သော်မှ ဤဂုဏ်သတ္တိမျိုးမရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရားရှင်တို့၏ အာဝေဏိကဂုဏ်တော်တို့ကို ချီးကျူးပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင်ကြပါသည်။

အ,ကာလမရဏဆိုသည်မှာ သူတစ်ပါးလက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ တိရိစ္ဆာန် များကိုက်ခဲ၍ သေရခြင်း၊ ချောက်ကမ်းပါးမှကျ ၍ သေရခြင်း၊ ကားမှောက်၍ သေရခြင်းစသည် ဥပစ္ဆေဒက ကံကြောင့်မသေရ မသေနိုင်ခြင်းကိုဆိုလိုပါသည်။

သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာဖြစ်သည်။
အ,ကာလမရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒကကံကြောင့် မသေရ မသေနိုင်ခြင်းကို ဆိုလိုသည်။

ဓာရဏပရိတ် ပါဠိတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။

ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။

ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိ-သင်္ခါနုပေက္ခာ၊ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊

ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယ-ဘီတာနံ အဂ္ဂံ မဟာတေဇံ။

ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ပါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂၢိ န ဍေဟယ်၊ နာနာဘယ ဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။

တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

ဓာရဏပရိတ္တံ နိဋ္ဌိတံ။


''ဓာရဏပရိတ် မြန်မာပြန်''

မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ် ယောက်သောသူသည် ဘေးအန္တ-ရာယ် မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို တစ်စုံတစ်ယောက်သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးကို တစ်စုံတစ် ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။

ကျေးဇူးတရားသုံးပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အလုံးစုံသော ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့အစဉ်လိုက် သည်။ အလုံးစုံသော နှုတ်ဖြင့်ပြု အပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည် ဉာဏ်တော်၏နောက်သို့အစဉ်လိုက်သည်။ အလုံးစုံသော (မနော) စိတ်ဖြင့်ပြုအပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။

ကျေးဇူးတရားခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သတ္တဝါတို့၏ အကျိုးစီးပွားကိုပြု လိုသော ဆန္ဒသည်ဆုတ်ယုတ်ခြင်းမရှိ။ တရားတော်ကို ဟောပြောရာ၌ ဆုတ်ယုတ်ခြင်းမရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယသည် ဆုတ်ယုတ်ခြင်းမရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့် ရှုမှု ဝိပဿနာဉာဏ်သည် ဆုတ်ယုတ်ခြင်းမရှိ။ စိတ်တည် ကြည်ခြင်း သမာဓိသည် ဆုတ်ယုတ်ခြင်းမရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော်မူ ခြင်း၌ ဆုတ်ယုတ်ခြင်းမရှိ။

ကျေးဇူးတရား တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းမရှိ။ သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်းမရှိ။ ဉာဏ်တော်ဖြင့် မတွေ့မထိမသိအပ် သော တရားသည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် အဆောတလျင်ပြုမူခြင်း မရှိ။ သူတစ်ပါးအတွက် ကြောင့်ကြမဲ့သောစိတ်သည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်မရှိ။

ဤကျေးဇူးတရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ ရှိခိုးပါ၏။ ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမဏ, ကဿပ, ဂေါတမ, ခုနှစ်ဆူသော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။

ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည် ကိုယ်ဖြင့်ပြုအပ်သော ''ကာယဒုစရိုက်မှု''သည် မရှိ။ နှုတ်ဖြင့်ပြု အပ်သော ''ဝစီဒုစရိုက်မှု''သည် မရှိ။ စိတ်ဖြင့်ပြုအပ်သော ''မနောဒုစရိုက်မှု'' သည် မရှိ။ လွန်လေပြီးသော ကာလ၌ မြတ်စွာဘုရားရှင်အား ဆီးတားပိတ်ပင် သောဉာဏ်သည်မရှိ။ နောင်လာလတ္တံ့သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မျက်မှောက်သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မြတ်စွာဘုရားအား အလုံးစုံကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့ သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံနှုတ်ဖြင့် ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံစိတ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။

ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် နှိုင်းယှဉ်ရာ တူမျှရာမရှိ၊ ခပ်သိမ်းသောသတ္တဝါတို့၏ မှီခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်း ရာလည်းဖြစ်၏။ သံသရာဘေးကို ကြောက်တတ်သောသူတို့အတွက် အလွန် မြတ်သော အရံအတားဖြစ်၏၊ ကြီးသောတန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတား ဖြစ်၏။

ချစ်သားအာနန္ဒာ ဤသို့တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏ ပရိတ်တော်ကို ရွတ်ဆောင်လော့၊ မှတ်သားလော့၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။

ထိုသို့ မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သူ၏ကိုယ်၌ မြွေစသည်တို့၏အဆိပ် သည် မကျရောက်ရာ၊ ရေ၌ မနစ်မွန်းရာ၊ မီးသည်မလောင်ကျွမ်းရာ၊ အထူးထူးသော ဘေးရန်တို့သည် မကျရောက်ရာ၊ တစ်စုံတစ်ယောက်သောသူ သည် တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် မကောင်းမကြံနိုင်ရာ၊ ရူးသွပ်ပျံ့ လွင့်သော စိတ်ဝေဒနာလည်း မဖြစ်နိုင်ရာ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ၊ ဘီလူးတို့သည်လည်း မညှဉ်းဆဲမဖျက်ဆီး မနှိပ်စက်နိုင်ရာ။

ထိုဓာရဏပရိတ်တော်သည် အဘယ်နည်းဟူမူ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အပေါင်း တို့ကို လောင်ကျွမ်းပယ်ဖြောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင် ၏။ ရောဂါဘေး, လက်နက်ဘေး, အစာငတ်မွတ်သည့် ဘေးဟုဆိုအပ်သော ကပ်သုံးပါးမှလည်း ကင်းလွတ် စေနိုင်၏။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း ဆွံ့, အ, နားပင်း, ရူးသွပ်ခြင်း အနာရောဂါ ဘေးမှလွတ် စေနိုင်၏။ သစ်ပင်, တောင်, ခြောက်ကမ်းပါးမှ ကျရောက်သော်လည်း ဘေး မဖြစ်နိုင်။ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာကိုလည်း ရစေနိုင်သည်။ ရရှိပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ် ပြန့်ပွားစေနိုင်သည်။ ဟုတ်မှန် သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။

ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ခုနှစ်ဆယ့်ခုနှစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းသောအ ကျိုးနှင့်ယှဉ်၏၊ မကောင်းသောအကျိုးနှင့်မယှဉ်။ ကောင်းသောတရားအရသာ အနံ့မျိုးကို ဆောင်၏၊ မကောင်းသောတရားအရသာ အနံ့မျိုးကို မဆောင်။ ကောင်းသောစိတ်နှလုံးကိုဆောင်၏၊ မကောင်းသော စိတ်နှလုံးကိုမဆောင်။ သူတော်ကောင်းတို့နှင့်ပေါင်းဖေါ် ယှဉ်တွဲ မှီဝဲရသည်မည်၏၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖေါ်မယှဉ်တွဲ မမှီဝဲရသည် မည်၏။ ကောင်းသောကိုယ် ကိုဖြစ်စေ၏၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ကောင်းသောကုသိုလ်အမှုကို ပြုဆောင်ရ၏၊ မကောင်းသောအကုသိုလ်အမှုကို မပြုမဆောင်ရ။ ကောင်းသော အိပ်မက်ကို မြင်မက်ရ၏၊ မကောင်းသော အိပ်မက်ကိုမမြင်မက်ရ။ ကောင်းသော အတိတ်နမိတ်ကို မြင်ရ၏၊ မကောင်းသော အတိတ်နမိတ်ကို မမြင်ရ။

သစ်ပင်တို့ကိုလည်း အကိုင်း, အခက်, အရွက်, အလက်တို့နှင့် ပြည့်စုံစေနိုင်၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။

ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေကုန် သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ မကောင်းသဖြင့် ကြံစည်သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ရောဂါအန္တရာယ် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့ မဖြစ်စေနိုင်။ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏။

ဤမှန်ကန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း ငါ့အားချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

ဓာရဏပရိတ် မြန်မာပြန်ပြီး၏။

Tuesday, June 3, 2008

စေတနာ ၃-တန်-

လှူဒါန်း ပေးကမ်းရကျိုး နပ်လိုပါလျှင်-

ပုဗ္ဗ(မလှူခင်) မုဉ္စ(လှူဆဲ) အပရ(လှူပြီး) စေတနာ သုံးတန်
တစ်ပါးပါး သို့မဟုတ် အားလုံးချွတ်ယွင်းသော ဒါနမျိုးသည်-

စေတနာ လုံးဝမပါခဲ့သော်
ကြောက်၍သော်လည်းကောင်း ချစ်၍သော်လည်းကောင်း
လာဘ်လာဘကို မျှော်ကိုး၍သော်လည်းကောင်း
ပေးခြင်းဖြစ်၍ လှူဒါန်းမှုဟု မခေါ်ဆိုနိုင်ပေ။

ထို့ကြောင့် ဒါနအစစ်မဖြစ်ပေ။
တစ်ပါး နှစ်ပါးသာ ချွတ်ယွင်းသော်
ထိုစေတနာ ချွတ်ယွင်းသလောက် အကျိုးပေးနည်းတတ်၏။

အပရ(လှူပြီးနောက်)စေတနာ ချို့တဲ့လျှင်ကား
ထိုဒါနကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတို့ကို မခံစားလိုဘဲ
မစားရက် မသောက်ရက်ဖြင့်သာ နေရတတ်ပါသည်။
(ပေးလှူရကျိုး မနပ်ပါပေ)။
ပေးလှူနေကြသော ဗုဒ္ဓဘာသာဝင်များ လှူတတ်ကြပါစေ။

Friday, May 30, 2008

စကားအရာ အင်္ဂါ (၁၀)ပါး-

စကားအရာ အင်္ဂါ (၁၀)ပါး-

၁။ ကာလ၀ါဒီ= အချိန်အခါကိုကြည့် ပြောရသည်။

၂။ ဘူတ၀ါဒီ= ဟုတ်မှန်သောစကားကို ပြောရသည်။

၃။ အတ္ထ၀ါဒီ= အကျိုးရှိသောစကားကို ပြောရသည်။

၎။ ဓမ္မ၀ါဒီ= တရားနှင့်လျော်ညီသောစကားကို ပြောရသည်။

၅။ ပီယ၀ါဒီ= ချစ်ဖွယ်သောစကားကို ပြောရသည်။

၆။ မိဟိတပုဗ္ဗဘာဏီ= ပြုံးရွှင်ခြင်းကို ရှေးဦးပြုပြီး ပြောရသည်။

၇။ မိတဘာဏီ= မပိုမလွန် ချင့်ချိန်ပြီး ပြောရသည်။

၈။ အတုရိတ၀ါဒီ= အဆောတလျင်မဖြစ်အောင် ပြောရသည်။

၉။ ပေါရီ= မြို့ကြီးသား၊ မြို့ကြီးသူတို့ပြောသကဲ့သို့ ချိုသာစွာ ပြောရသည်။

၁၀။ ၀ိသဒ၀ါဒီ= ပီပီသသ ဌာန်ကရိုဏ်းကျကျ ပြောရသည်။