နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label ရောတိရောရာ. Show all posts
Showing posts with label ရောတိရောရာ. Show all posts

Saturday, December 27, 2008

အနတ္တ- (အစိုးမရ)

အနတ္တ- (အစိုးမရ)

အနတ္တဆိုတာ ...

ငါပိုင် ငါဆိုင် ငါ့အလို ငါ့အကြိုက်လိုက်တာ ဘာတစ်ခုမျှမရှိဘူးတဲ့-

သူသဘောသူဆောင်နေတယ်။

ဒါ့ကြောင့်...
မအိုချင်လို၊ ငါကဆိုလည်း၊ ဆိုတိုင်းမရ အိုကြရ၊ အနတ္တ ခန္ဓာကိုယ်။
မနာချင်လို၊ ငါကဆိုလည်း၊ ဆိုတိုင်းမရ နာကြရ၊ အနတ္တ ခန္ဓာကိုယ်။
မသေချင်လို၊ ငါကဆိုလည်း၊ ဆိုတိုင်းမရ သေကြရ၊ အနတ္တ ခန္ဓာကိုယ်။

ဒီမှာနေရာမှာ ဆက်ပြီးကြည့်ရအောင်...

Thursday, August 7, 2008

သမ္ဖပ္ပလာပ၀ါစာ သိမှတ်ဖွယ်= (အကျိုးမရှိ အနှစ်မပါသောစကား)

သမ္ဖပ္ပလာပ၀ါစာ သိမှတ်ဖွယ်= (အကျိုးမရှိ အနှစ်မပါသောစကား)
(မဂ်ဖိုလ်နှင့် ဖီလာကန့်လန့်ဖြစ်သော စကားအမျိုးမျိုး)

မင်းနှင့် စပ်သောစကား၊
ခိုးသူနှင့် စပ်သောစကား၊
မှူးမတ်နှင့် စပ်သောစကား၊
စစ်သည်နှင့် စပ်သောစကား၊
ကြောက်ဖွယ်ဘေးနှင့် စပ်သောစကား၊
စစ်နှင့် စပ်သောစကား၊
အစားနှင့် စပ်သောစကား၊
အသောက်နှင့် စပ်သောစကား၊
အ၀တ်နှင့် စပ်သောစကား၊
နေရာနှင့် စပ်သောစကား၊
ပန်းနှင့် စပ်သော စကား၊
နံ့သာနှင့် စပ်သောစကား၊
ဆွေမျိုးနှင့် စပ်သောစကား၊
ယာဉ်နှင့် စပ်သော စကား၊
ရွာနှင့် စပ်သောစကား၊
နိဂုံးနှင့် စပ်သောစကား၊
မြို့နှင့် စပ်သောစကား၊
နယ်နှင့် စပ်သော စကား၊
မိန်းမနှင့် စပ်သောစကား၊
ယောက်ျားနှင့် စပ်သောစကား၊
သူရဲကောင်းနှင့် စပ်သောစကား၊
ခရီးဆုံနှင့် စပ်သောစကား၊
ရေခပ်ဆိပ်နှင့် စပ်သောစကား၊
သေလွန်သူနှင့် စပ်သောစကား၊
အထွေထွေနှင့် စပ်သောစကား၊
လောက (အကြောင်း) နှင့် စပ်သောစကား၊
သမုဒ္ဒရာ (အကြောင်း)နှင့် စပ်သောစကား၊
ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကားတို့တည်း။

Wednesday, July 30, 2008

သံဃာတော်များ ဥပုသ်ပြုရန် လပြည့် လကွယ်နေ့များ-

သာသနာ ၂၅၅၁-ခု၊ ခရစ် ၂ဝဝ၈-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၉-၁၃၇ဝ-ခု။

လပြည့် လကွယ်နေ့များ သိလိုပါလျှင်

သံဃာတော်များ ဥပုသ်ပြုရန် လပြည့် လကွယ်နေ့များ

၁.ဝ၇.၂ဝဝ၈၊ တနင်္လာ၊ နတ်တော်လကွယ်။
၁.၂၂.၂ဝဝ၈၊ အင်္ဂါ၊ ပြာသိုလပြည့်။
၂.ဝ၆.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ ပြာသိုလကွယ်။
၂.၂၁.၂ဝဝ၈၊ ကြာသပတေး၊ တပိုတွဲလပြည့်။ သြဝါဒပါတိမောက်နေ့။
၃.ဝ၆.၂ဝဝ၈၊ ကြာသပတေး၊ တပိုတွဲလကွယ်။
၃.၂၁.၂ဝဝ၈၊ သောကြာ၊ တပေါင်းလပြည့်။ တပေါင်းပွဲတော်နေ့။
၎.ဝ၅.၂ဝဝ၈၊ စနေ၊ တပေါင်းလကွယ်။
၎.၂ဝ.၂ဝဝ၈၊ တနင်္ဂနွေ၊ တန်ခူးလပြည့်။
၅.ဝ၄.၂ဝဝ၈၊ တနင်္ဂနွေ၊ တန်ခူးလကွယ်။
၅.၁၉.၂ဝဝ၈၊ တနင်္လာ၊ ကဆုန်လပြည့်။ ညောင်ရေသွန်းပွဲတော်နေ့။
၆.ဝ၃.၂ဝဝ၈၊ အင်္ဂါ၊ ကဆုန်လကွယ်။
၆.၁၈.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ နယုန်လပြည့်။ မဟာသမယနေ့။
၇.ဝ၂.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ နယုန်လကွယ်။
၇.၁၇.၂ဝဝ၈၊ ကြာသပတေး၊ ဝါဆိုလပြည့်။ ဓမ္မစကြာနေ့။
၈.ဝ၁.၂ဝဝ၈၊ သောကြာ၊ ဝါဆိုလကွယ်။
၈.၁၆.၂ဝဝ၈၊ စနေ၊ ဝါခေါင်လပြည့်။ တရုတ်ရိုးရာကန်တော့ပွဲ။
၈.၃ဝ.၂ဝဝ၈၊ စနေ၊ ဝါခေါင်လကွယ်။ မေတ္တာအခါတော်နေ့။
၉.၁၄.၂ဝဝ၈၊ တနင်္ဂနွေ၊ တော်သလင်းလပြည့်။
၉.၂၉.၂ဝဝ၈၊ တနင်္လာ၊ တော်သလင်းလကွယ်။
၁ဝ.၁၄.၂ဝဝ၈၊ အင်္ဂါ၊ သီတင်းကျွတ်လပြည့်။ အဘိဓမ္မာအခါတော်နေ့။
၁ဝ.၂၈.၂ဝဝ၈၊ အင်္ဂါ၊ သီတင်းကျွတ်လကွယ်။
၁၁.၁၂.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ တန်ဆောင်မုန်းလပြည့်။ တန်ဆောင်တိုင်ပွဲတော်နေ့။
၁၁.၂၇.၂ဝဝ၈၊ ကြာသပတေး၊ တန်ဆောင်မုန်းလကွယ်။ ၁ဝ-ကြိမ်မြောက် ပဋ္ဌာန်းပွဲတော်
၁၂.၁၂.၂ဝဝ၈၊ သောကြာ၊ နတ်တော်လပြည့်။ အလိုတော်ပြည့်ဘုရားပွဲတော်နေ့။
၁၂.၂၆.၂ဝဝ၈၊ သောကြာ၊ နတ်တော်လကွယ်။

Monday, July 21, 2008

လယ်တီဆရာတော် မဟာသရဏဂုမ်တော်ကြီး-


မဟာသရဏဂုမ်တော်ကြီး


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မဟာသရဏဂုမ်ပါဠိ
(က) အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

(ခ) ဒုတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

(ဂ) တတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

မဟာသရဏဂုမ် ပါဠိ+အနက်

(က)
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဓမ္မံ၊ တရားတော်မြတ်ကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သံဃံ၊ သံဃာတော်မြတ်အပေါင်းကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

(ခ)
ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဓမ္မံ၊ တရားတော်မြတ်ကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သံဃံ၊ သံဃာတော်မြတ်အပေါင်းကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

(ဂ)
တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဓမ္မံ၊ တရားတော်မြတ်ကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သံဃံ၊ သံဃာတော်မြတ်အပေါင်းကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

ဘုရားရှိခိုး

Sunday, July 6, 2008

ဘဝလက်ကျန် အချိန်ဇယားလေး-

ကံကောင်းထောက်မ၍ ၇၅-နှစ်ထိနေရမည့် သူများ၏ လက်ကျန်သက်တမ်းလေး ???

ရခဲလှသောလူ့ဘဝတွင် ကံကောင်း၍ ကျန်နေမည့် လက်ကျန်အချိန်ကို
မမေ့မလျော့သော သတိတရားနှင့် ထိရောက်အကျိုးရှိစွာ အသုံးပြုကြပါစို့။

မရဏံ မေ ဘဝိဿတိ။
မရဏမင်း သူလက်တွင်းသို့၊
သက်ဆင်းရမှာ မလွဲသာသည်၊
သူငါကြုံရ သဘာဝမို့၊
ဤငါ့တွက်တာ တစ်နေ့ခါ၊
သေမှာမလွဲပါတကား။

ဘဝလက်ကျန် အချိန်ဇယား
မိမိနေရမည့် လက်ကျန်ရက်ကို မှန်းကြည့်ကြရအောင်....



လက်ရှိအသက်၊ သုံးခဲ့ပြီး ရက်ပေါင်း၊ ၇၅-နှစ် မတိုင်မှီ လက်ကျန်ရက်ပေါင်း။
၂ဝ-နှစ်၇၃ဝဝ-ရက်၂ဝဝ၇၅-ရက်
၂၅-နှစ်၉၁၂၅-ရက်၁၈၂၅ဝ-ရက်
၃၀-နှစ်၁ဝ၉၅ဝ-ရက်၁၆၄၂၅-ရက်
၃၅-နှစ်၁၂၇၇၅-ရက်၁၄၆ဝဝ-ရက်
၄၀-နှစ်၁၄၆ဝဝ-ရက်၁၂၇၇၅-ရက်
၄၅-နှစ်၁၆၄၂၅-ရက်၁ဝ၉၅ဝ-ရက်
၅၀-နှစ်၁၈၂၅ဝ-ရက်၉၁၂၅-ရက်
၅၅-နှစ်၂ဝဝ၇၅-ရက်၇၃ဝဝ-ရက်
၆၀-နှစ်၂၁၉ဝဝ-ရက်၅၄၇၅-ရက်
၆၅-နှစ်၂၃၇၂၅-ရက်၃၆၅ဝ-ရက်
၇၀-နှစ်၂၅၅၅ဝ-ရက်၁၈၂၅-ရက်
၇၅-နှစ်၂၇၃၇၅-ရက်??????- ရက်


သင်၏လက်ကျန်အချိန်ကို ဘယ်လိုသုံးကြမည်နည်း ???....

ဗုဒ္ဓဝင်အကျဉ်း-

ဗုဒ္ဓဝင်အကျဉ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဂေါတမဘုရားအလောင်းတော်သည် ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။

၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ် တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်သော်လည်း သံသရာ၌ နစ်မွန်း ပျော်ပါးနေကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားတော်မူလှသဖြင့် ရယူတော်မမူခဲ့ပေ။

၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေသန္တရာမင်းဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝတို့၌...
* ဒါနပါရမီ၊ ရွှေ ငွေ ဆင် မြင်းစသည် လှူဒါန်းခြင်း။
* ဒါနဥပပါရမီ၊ ခြေ လက် နား နှာခေါင်း စသည်လှူဒါန်းခြင်း။
* ဒါနပရမတ္ထပါရမီ၊ ကိုယ့်အသက်ကိုလှူဒါန်းခြင်းစသော
ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၎။ ထို့ပြင် အလွန်စွန့်နိုင်ခဲစွာသော-
* ဓနပရိစ္စာဂ၊ ပဒေသရာဇ် ဧကရာဇ် စကြာမင်းစည်းစိမ်ကို စွန့်ခြင်း။
* ပုတ္တပရိစ္စာဂ၊ သားသမီးကို စွန့်ခြင်း။
* ဘရိယပရိစ္စာဂ၊ မယားကို စွန့်ခြင်း။
* အင်္ဂပရိစ္စာဂ၊ ခြေ လက် နား နှာခေါင်း စသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
* ဇီဝိတပရိစ္စာဂ၊ ကိုယ်အသက်ကိုစွန့်ခြင်းဟု ဆိုအပ်သော
စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘဝများစွာ သံသရာ တစ်လျှောက်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတ ကေတု နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်နေစဉ် စကြာဝဠာတိုက်တစ် သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည်၊ ''ဘုရားဖြစ် ချိန်တန်ပါပြီ လူ့ပြည်သို့ဆင်း၍ ဘုရား ဖြစ်တော်မူပါ''ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြလေသည်။

၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည်-
* ကာလ၊ ဘုရားဖြစ်ရာ အချိန်ကာလ။
* ဒီပ၊ ဘုရားဖြစ်ရာ ကျွန်းအရပ်။
* ဒေသ၊ ဘုရားဖြစ်ရာ အရပ်ဒေသ။
* ကုလ၊ ဘုရားဖြစ်ရာ အမျိုးအနွယ်။
* မာတုအာယုပရိစ္ဆေဒ၊ ဘုရားအလောင်း မယ်တော်၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုတော်မူလေသည်။

၇။ ယင်းသို့ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓန မင်းကြီး၏ တောင်ညာဒေဝီ မိဖုရားကြီး မယ်တော်မာယာ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေလေ သည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့် သောကြာနေ့၌ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏အကြားရှိ လုဗ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာမှ မီးရူးသန့်စင် ဖွားမြင်တော်မူလေသည်။

၉။ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် ၁၆-နှစ်အရွယ် ရောက်သော အခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ၁၃-နှစ် တိတိ ခံစားလေသည်။

၁ဝ။ ၂၉-နှစ်အရွယ်ရောက်သောအခါ သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော (မှားယွင်းသော) ဒုက္ခရ စရိယာ အကျင့်ကို ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွ သွားတော်မူလေသည်။

၁၃။ သောတ္ထိယငစင် မြက်ထမ်းသမား မြက်ရိတ်လုလင်သည် မဟာဗောဓိ ပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

၁၄။ ဘုရားအလောင်းတော်မြတ်သည် လှူဒါန်းလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲ ဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပ ရာဇိတပလ္လင် ဖြစ်လာလေသည်။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ နေတော်မူစဉ်-
* နေမဝင်မီ ဒေဝပုတ္တမာရ် မာရ်နတ်ရန်ကို အောင်မြင်တော်မူသည်။
* ညဥ့်ဦးယံတွင် ရှေးဘဝတို့၌ ဖြစ်ခဲ့ဘူးသော ဘဝအစဉ်အဆက်ကို အောက်မေ့ တတ်သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
* သန်းခေါင်ယံ၌ သတ္တဝါတို့၏ ဤဘဝမှ သေဆုံးခြင်း နောက်ဘဝ ပဋိသန္ဓေ နေခြင်း စသည်တို့ကို မြင်တတ်သော နတ်တို့၏မျက်စိထက် ထူးခြားသော ဒိဗ္ဗ စက္ခုဉာဏ်ကို ရတော်မူလေသည်။
* မိုးသောက်ယံ၌ အာသဝေါတရား ၄-ပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသ ဝက္ခယဉာဏ်ကို ရတော်မူလေသည်။
*သက်တော် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁ဝ၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သဗ္ဗညုတဘုရားရှင်သည် ဘုရားဖြစ်ပြီးသည်နောက် ၄၅-ဝါ (၄၅-နှစ်) ပတ် လုံး တရားဓမ္မတို့ကို ဟောပြတော်မူကာ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုး စီးပွားကို ဆောင်ရွက်တော်မူခဲ့ လေသည်။

၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက် တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော် ၈ဝ-အရွယ် ရောက်သော အခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။

၁၈။ ကြွင်းကျန်ခဲ့သောဓာတ်တော်များမှာ
* စွယ်တော် ၄-ဆူ၊
* ညှပ်ရိုးတော် ၂-ဆူ၊
* နဖူးသင်းကျစ်တော် ၁-ဆူ၊ (မပြိုမကွဲ သောဓာတ်တော် ၇-ဆူ) နှင့်၊
* အသားတော် အသွေးတော် အရိုးတော်တို့မှ ဓာတ်တော်များ
ကြွင်းကျန် ခဲ့လေသည်။

Friday, July 4, 2008

သံဝေဂ=(သံ+ဝိဇီ+ဏ) ထိတ်လန့်ခြင်း-

သံဝေဂ=(သံ+ဝိဇီ+ဏ) ထိတ်လန့်ခြင်း

သံသရာဝဋ်ဒုက္ခ စသည်တို့မှ ထိတ်လန့်ကြောက်ရွံ့ခြင်း။
သံဝေဂဝတ္ထု ၈-ပါးမှာ

၁။ ဇာတိဒုက္ခမှ ကြောက်ရွံ့ခြင်း။
၂။ ဇရာဒုက္ခမှ ကြောက်ရွံ့ခြင်း။
၃။ ဗျာဓိဒုက္ခမှ ကြောက်ရွံ့ခြင်း။
၎။ မရဏဒုက္ခမှ ကြောက်ရွံ့ခြင်း။
၅။ အပယ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။
၆။ အတိတ်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။
၇။ အနာဂတ်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။
၈။ ပစ္စုပ္ပန်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။

ကြောက်ရွံ့ခြင်း ၄-မျိုး

စိတ္တုတြာသသံဝေဂ= ဒေါသစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။
သြတ္တပ္ပသံဝေဂ= သြတ္တပ္ပစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။
ဉာဏသံဝေဂ= သြတ္တပ္ပနှင့်တကွ ပညာစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။
ဓမ္မသံဝေဂ= အမောဟစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။

သမ္ပဒါ(ပြည့်စုံခြင်း)တရား ၄-ပါး-

သမ္ပဒါ(ပြည့်စုံခြင်း)တရား ၄-ပါး

၁။ ဥဋ္ဌာနသမ္ပဒါ= ထကြွလုံ့လရှိခြင်း။
၂။ အာရက္ခသမ္ပဒါ= လုံခြုံစွာ သိမ်းဆည်းစောင့်ရှောက်တတ်ခြင်း။
၃။ ကလျာဏသမ္ပဒါ= မိတ်ဆွေကောင်းရှိခြင်း။
၎။ သမဇီဝိတသမ္ပဒါ= အဝင်အထွက် မျှတသော အသက်မွေးမှုရှိခြင်း။

၁။ ဥဋ္ဌာနသမ္ပဒါ-
အလုပ်ဆိုင်ရာ၊ ကျွမ်းကျင်စွာဘိ၊
ပညာရှိ၍၊ ဝီရိယဇွဲ၊ သတ္တိခဲနှင့်၊
ကိုယ်လဲလုပ်တတ်၊ စီမံတတ်မှ၊
ဥဋ္ဌာန၊ မည်ရ သမ္ပဒါ။

၂။ အာရက္ခသမ္ပဒါ-
ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊
မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊
မပျက်ပြားလတ်၊ စောင့်ရှောက်တတ်မှ၊
အာရက္ခ၊ မည်ရ သမ္ပဒါ။

၃။ ကလျာဏသမ္ပဒါ-
သဒ္ဓါ သီလ၊ စာဂ ပညာ၊
လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊
ပေါင်း၍အတု၊ ကိုယ်လဲပြုမှ၊
ကလျာဏမိတ္တ ပြည့်စုံသည်။

၎။ သမဇီဝိတသမ္ပဒါ-
စားဝတ်နေပုံ၊ နေ့စဉ်ခြုံလျက်၊
အကုန်အရ၊ နှိုင်းချိန်ဆသော်၊
အရဘက်က၊ သာစေမှ၊
သမ ဇီဝိတခေါ်။

Tuesday, July 1, 2008

သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး-

လျှော်တေ သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး

သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး

၁။ အဖိုးနည်း၍ ကောင်းမွန်ပြီးလျှင် ရှင်ရသေ့တို့နှင့် အပ်စပ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၂။ မိမိလက်ဖြင့် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၃။ သုံးဆောင်ရာမှာ ဖြည်းဖြည်းသာ ညစ်နွမ်း၍ လျှော်သောအခါ ကိစ္စ ကျယ်ဝန်းမှုမရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၎။ သုံးဆောင်သဖြင့် ဆွေးသွားသော်လည်း ချုပ်စပ်ဖာထေးနေဖွယ်မရှိ စွန့်ပစ်လိုက်ရုံသာ ဖြစ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၅။ တဖန်အသစ်ရအောင် ရှာသောအခါ အလွယ်တကူရအောင် ပြုလုပ်နိုင်ခြင်း သည် ဂုဏ်ကျေးဇူးတစ်ပါး။
၆။ ရှင်ရသေ့အဖြစ်နှင့် လျောက်ပတ် သင့်လျော်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၇။ ရန်သူလူဆိုးတို့၏ အသုံးအဆောင် မဟုတ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၈။ သုံးဆောင်သောသူမှာ တန်းဆာဆင်ရာ မရောက်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၉။ ဝတ်ရုံဆောင်ယူရာ၌ ပေါ့ပါးခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁ဝ။ သင်္ကန်းပစ္စည်း၌ အလိုနည်းခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁၁။ လျှော်ကိုထုလျှင် တေလျှင်ပင် လျှော်တေသင်္ကန်း ဖြစ်နိုင်သဖြင့် လျှော်တေသင်္ကန်း ဖြစ်ပေါ်စေခြင်း၌ တရားနှင့်ညီ၍ အပြစ်မရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁၂။ လျှော်တေသင်္ကန်း ပျောက်ဆုံးပျက်စီးသွားသော်လည်း ငဲ့ကွက်နှမြောနေဘို့ မရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။

Tuesday, May 27, 2008

ငွေ, ရွှေသည် ရဟန်းသီလ ညစ်နွမ်းခြင်း-

ကျေးဇူးတော်ရှင် ရမည်းသင်းမြို့နယ် နဘူးကျင်း
ရန်ကင်းတောရဆရာတော်ဘုရားကြီး၏ သြဝါဒ

ငွေ, ရွှေသည် ရဟန်းသီလ ညစ်နွမ်းခြင်း

ပဋိဂ္ဂဟော ပရိဂ္ဂါဟော၊ ပရိဘောဂေါ ဟိရညာဒိံ။
မလဿ ပစ္စယော ဟောတိ၊ နေဝ သီလ ဝိသုဒ္ဓဿ။

ရဇတံ ဇာတရူပံဝါ၊ ပဋိဂ္ဂဟာဒိပစ္စယာ။
ကာမဂ္ဂုဏာ န ခီဏန္တိ၊ အထ ခေါ ပရိဝဍ္ဎုရေ။

ငွေစသည်ကို အလှူခံယူခြင်း၊
သိုမှီးသိမ်းဆည်းထားခြင်း၊
အသုံးပြုသုံးဆောင်ခြင်းသည်
ရဟန်းများမှာ သီလညစ်နွမ်းခြင်း၏ အကြောင်းဖြစ်ပေ၏။
သီလစင်ကြယ်ခြင်း အကြောင်းကားမဟုတ်ပေ။
ငွေနှင့်ရွှေကို အလှူခံယူခြင်း၊ သိမ်းဆည်းထားခြင်း
အသုံးပြုသုံးဆောင်ခြင်းဟူသော အကြောင်းကြောင့်
ကာမဂုဏ်လောဘကိလေသာ တဏှာတို့သည် မကုန်ခန်းမလျော့ပါးကြကုန်၊
စင်စစ်အမှန်မှာကား များပြားတိုးပွားလို့သာ လာတတ်ကြကုန်၏။

Sunday, May 25, 2008

ဗုဒ္ဓဘာသာဝင်များယူသော ၃၁-ဘုံ-

ဗုဒ္ဓဘာသာဝင်များယူသော ၃၁-ဘုံ

၁။ နေဝသညာနာသညာယတနဘုံ
၂။ အာကိဉ္စညာယတနဘုံ
၃။ ဝိညာဏဉ္စာယတနဘုံ
၎။ အာကာသာနဉ္စာယတနဘုံ
၅။ အကနိဋ္ဌဘုံ
၆။ သုဒဿီဘုံ
၇။ သုဒဿာဘုံ
၈။ အတပ္ပါဘုံ
၉။ အဝိဟာဘုံ
၁ဝ။ အသညသတ်ဘုံ
၁၁။ ဝေဟပ္ဖိုလ်ဘုံ
၁၂။ သုဘကိဏှာဘုံ
၁၃။ အပ္ပမာဏသုဘာဘုံ
၁၄။ ပရိတ္တသုဘာဘုံ
၁၅။ အာဘဿရာဘုံ
၁၆။ အပ္ပဏာဘာဘုံ
၁၇။ ပရိတ္တာဘာဘုံ
၁၈။ မဟာဗြဟ္မာဘုံ
၁၉။ ဗြဟ္မပုရောဟိတာဘုံ
၂ဝ။ ဗြဟ္မပါရိသဇ္ဇာဘုံ (ဗြဟ္မာဘုံ-၂၀)

၂၁။ ပရနိမ္မိတဝသဝတ္တီဘုံ
၂၂။ နိမ္မာနရတိဘုံ
၂၃။ တုသိတာဘုံ
၂၄။ ယာမာဘုံ
၂၅။ တာဝတိံသာဘုံ
၂၆။ စာတုမဟာရာဇ်ဘုံ (နတ်ဘုံ-၆)

၂၇။ မနုဿ=လူ (လူဘုံ-၁)

၂၈။ နိရယ=ငရဲဘုံ
၂၉။ တိရစ္ဆာန်ဘုံ
၃ဝ။ ပေတ=ပြိတ္တာဘုံ
၃၁။ အသူရကာယ်ဘုံ (အပါယ်ဘုံ-၄)

Friday, May 16, 2008

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး-

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး-

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး

၁။ ပလ္လင်္ကသတ္တာဟ။
ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကို ရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည်၊ ဘုန်းကြွယ်လက်ဦး ပွဲပေကို။

၂။ အနိမိသသတ္တာဟ။
နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရှု၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်၊ ကြည်လင်ညွတ်နူး ဖွယ်ပေကို။

၃။ စင်္ကမသတ္တာဟ။
သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်၊ တရားဆင်ခြင် လျက်ပေကို။

၎။ ရတနာဃရသတ္တာဟ။
လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်၊ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

၅။ အဇပါလသတ္တာဟ။
ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည်၊ ရိုသေမြတ်နိုး ဖွယ်ပေကို။

၆။ မုစလိန္ဒသတ္တာဟ။
ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်၊ ရှေးကျိုးသမ္ဘာတော်ကြောင့်ကိုး။

၇။ ရာဇာယတနသတ္တာဟ။
ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်၊ ကြီးမားဉာဏ်တော် ဖွင့်လို့ကို။

ထိုခုနှစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ၀န္ဒနာမာန၊ ဂါရ၀ဖြင့်၊
ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်။

သာဓု သာဓု သာဓု။
ဘုရားရှိခိုး

ခုနစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်း အမျှဝေ-

လယ်တီဆရာတော်၏ ခုနစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်း အမျှဝေ-
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
လယ်တီဆရာတော်၏ ခုနစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်း အမျှဝေ

ကြာသပတေးနေ့။ ။သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာ ရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ ကိန်းပါကို။

သောကြာနေ့။ ။သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူ အောင်မြို့ လမ်းပါကို။

တနင်္လာနေ့။ ။ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်း ပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ဗုဒ္ဓဟူးနေ့။ ။တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။

စနေနေ့။ ။ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့တွင်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

အင်္ဂါနေ့။ ။တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ ၀ါလေး ဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

တနင်္ဂနွေနေ့။ ။နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ဆုတောင်း။ ။ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။

အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို တရားစည်ကြီး၊ ဖိမ့်ဖိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်၊ နိဗ္ဗာန်အောင်မြို့ရောက်စေသော်။

သာဓု- သာဓု- သာဓု။
ဘုရားရှိခိုး

Thursday, May 15, 2008

လေဘေးဒုက္ခသည်များအား ကူညီကြပါကုန်စို့-

မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များအား ကူညီကြပါကုန်စို့-


Monday, May 12, 2008

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး-

ဒါတွေလှူလျှင် အပါယ်လားတတ်ပါသည်-

အပါယ်-

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး

မပေးလှူကောင်းသော အလှူဆယ်မျိုး၊ ပေးလှူသော် အပါယ်ကျတတ်၏၊


(၁) သမဇ္ဇဒါန၊ ကချေသည် အငြိမ့်ဇာတ်ပွဲ အလှူ၊
(၂) မဇ္ဇဒါန၊ သေရည်အရက် အလှူ၊
(၃) ဣတ္ထိဒါန၊ မိန်းမ အလှူ၊
(၄) ဥသဘ ဒါန၊ နွားမများထံ နွားထီးလွှတ်ခြင်းမျိုး အလှူ၊
(၅) စိတ္တကမ္မ ဒါန၊ ကာမဂုဏ်ကို နှိုးဆွပေးသော ပန်းချီဓါတ်ပုံ အလှူ၊
(၆) သတ္ထ ဒါန၊ လက်နက်ခဲယမ်းမီးကျောက် အလှူ၊
(၇) ၀ိသ ဒါန၊ အဆိပ်အလှူ၊ သတ္တ၀ါတို့သေစေရန်၊
(၈) သင်္ခလိက ဒါန၊ လက်ထိပ် သံခြေချင်း နှောင်ကြိုး အလှူ၊
(၉) ကုက္ကဋ သူကရ ဒါန၊ ကြက် ၀က် သားကောင် အလှူ၊
(၁၀) တုလာကူဋ မာနကူဋ ဒါန၊ ချိန်စဉ်းလဲ တင်းစဉ်းလဲ အလှူ။

Saturday, May 3, 2008

ဘုရားအနေကဇာတင်

ဗုဒ္ဓါဘိသေက မင်္ဂလာ ဘုရားအနေကဇာတင်-




အနေကဇာတိသံသာရံ
ဗုဒ္ဓဘိသေက အနေကဇာတင် ဘုရားအနေကဇာတင်

Friday, May 2, 2008

လူကြီးများပြောကြသော အရွယ် ၃-ပါး-

လူကြီးများပြောကြသော အရွယ် ၃-ပါး-

လူကြီးများပြောကြသော အရွယ် ၃-ပါး-

(၁) ပဌမအရွယ်မှာ။ ။ အသက်၂၀-နှစ်အတွင်း ဥစ္စာရကြောင်း နည်းကောင်းပညာများကို ရှာမှီးရန် အရွယ်၊

(၂) ဒုတိယအရွယ်မှာ။ ။အသက်၅၀-နှစ်အထိ ပစ္စည်းဥစ္စာ ရှာဖွေဆည်းပူးရန် အရွယ်၊

(၃) တတိယအရွယ်မှာ။ ။အသက် ၅၀-နှစ်ကျော်ကစ၍ ဘ၀သံသရာရေးအတွက်
ကိုယ်ကျိုးသက်သက် တရားဓမ္မပြုကျင့် အားထုတ်ရန် အရွယ်။

တကယ် ပြုလုပ်သင့်သည်မှာကား-

(၁) ပဌမအရွယ်မှာ ဥစ္စာရကြောင်း နည်းကောင်းပညာရှာရင်း တရားကိုလည်းရှာ။

(၂) ဒုတိယအရွယ်မှာ ပစ္စည်းဥစ္စာ ရှာဖွေရန်နှင့် တရားကိုလည်းရှာ။

(၃) တတိယအရွယ်မှာ ဘ၀သံသရာရေးအတွက် ကိုယ်ကျိုးသက်သက် တရားကိုသာရှာ။

Wednesday, April 23, 2008

ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး-


ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး-


ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး

၁။ ခြေဖ၀ါးပြန့်ကျယ်လှခြင်း၊ (ဗလင်္ကပါဒ)
၂။ ခြေသည်းလက်သည်းပုတ်ခြင်း၊ (အန္ဓနခ)
၃။ လျောကျသောအသားစိုင်ရှိခြင်း၊ (သြ၀ဒ္ဓပိဏ္ဍိက)
၎။ အောက်နှုတ်ခမ်းတွဲခြင်း၊ (ဒီဃုတ္တရောဋ္ဌ)
၅။ ပါးစပ်မှ အရိအရွဲယိုကျခြင်း၊ (စပလ)
၆။ သွားများ ကိုးယို့ကားယားရှိခြင်း၊ (ကဠာရ)
၇။ နှာယောင်ကောက်ခြင်း၊ နှာခေါင်းအထက်လန်ခြင်း၊ (ဘဂ္ဂနာသိက)
၈။ ၀မ်းဗိုက်ကြီးခြင်း၊ (ကုမ္ဘောဒရ)
၉။ ကျောက်ကုန်း(ကျောကုန်း)တိုခြင်း၊ (ဘဂ္ဂပါဋ္ဌိ)
၁၀။ မျက်စိစွေစောင်းခြင်း၊ (၀ိသမစက္ခုက)
၁၁။ ကြေးနီရောင်အမွေးအမျှင်များရှိခြင်း၊ (လောမဿု)
၁၂။ ဆံပင်အ၀ါရောင်ရှိခြင်း၊ (ဟိရိတကေသ)
၁၃။ တွန့်သောအရေရှိခြင်း၊ (၀လီန)
၁၄။ မှဲ့မည်းပြောက်တို့ပြည့်နှက်နေခြင်း၊ (တိလကာဟတ)
၁၅။ ပြူးထွက်သောမျက်စိရှိခြင်း၊ (ပင်္ဂလ)
၁၆။ ခါး ကျောက်ကုန်း ပခုံးတို့၌ ကောက်ကွေးနေခြင်း၊ (၀ိနတ)
၁၇။ သွားလာသောအခါ အဆစ်များမှမည်ခြင်း၊ (၀ိကဋ)
၁၈။ အရပ်ရှည်လွန်းခြင်း၊ (ဗြဟာ)

ဇာတက၊ ပါ၊ ဒု၊ စာ-၃၅၁။