ရခဲလှသောလူ့ဘဝတွင် ကံကောင်း၍ ကျန်နေမည့် လက်ကျန်အချိန်ကို
မမေ့မလျော့သော သတိတရားနှင့် ထိရောက်အကျိုးရှိစွာ အသုံးပြုကြပါစို့။
မရဏံ မေ ဘဝိဿတိ။
မရဏမင်း သူလက်တွင်းသို့၊
သက်ဆင်းရမှာ မလွဲသာသည်၊
သူငါကြုံရ သဘာဝမို့၊
ဤငါ့တွက်တာ တစ်နေ့ခါ၊
သေမှာမလွဲပါတကား။
ဘဝလက်ကျန် အချိန်ဇယား
မိမိနေရမည့် လက်ကျန်ရက်ကို မှန်းကြည့်ကြရအောင်....
လက်ရှိအသက်၊ | သုံးခဲ့ပြီး ရက်ပေါင်း၊ | ၇၅-နှစ် မတိုင်မှီ လက်ကျန်ရက်ပေါင်း။ |
၂ဝ-နှစ် | ၇၃ဝဝ-ရက် | ၂ဝဝ၇၅-ရက် |
၂၅-နှစ် | ၉၁၂၅-ရက် | ၁၈၂၅ဝ-ရက် |
၃၀-နှစ် | ၁ဝ၉၅ဝ-ရက် | ၁၆၄၂၅-ရက် |
၃၅-နှစ် | ၁၂၇၇၅-ရက် | ၁၄၆ဝဝ-ရက် |
၄၀-နှစ် | ၁၄၆ဝဝ-ရက် | ၁၂၇၇၅-ရက် |
၄၅-နှစ် | ၁၆၄၂၅-ရက် | ၁ဝ၉၅ဝ-ရက် |
၅၀-နှစ် | ၁၈၂၅ဝ-ရက် | ၉၁၂၅-ရက် |
၅၅-နှစ် | ၂ဝဝ၇၅-ရက် | ၇၃ဝဝ-ရက် |
၆၀-နှစ် | ၂၁၉ဝဝ-ရက် | ၅၄၇၅-ရက် |
၆၅-နှစ် | ၂၃၇၂၅-ရက် | ၃၆၅ဝ-ရက် |
၇၀-နှစ် | ၂၅၅၅ဝ-ရက် | ၁၈၂၅-ရက် |
၇၅-နှစ် | ၂၇၃၇၅-ရက် | ??????- ရက် |
သင်၏လက်ကျန်အချိန်ကို ဘယ်လိုသုံးကြမည်နည်း ???....