နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 12, 2008

မသင့်သော စီးပွါးရှာဖွေမှု-

ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊ မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါး-

အနေသန ၂၁-ပါး

ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊
မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါး

(၁) လူများကို ဆေးကုပေး၍ ပစ္စည်းရှာခြင်း၊
(၂) လူတို့၏ ခရီးရှည် စေတမန်လုပ်ခြင်း၊
(၃) လူတို့၏ အနီးအနား အစေအခိုင်းခံခြင်း၊
(၄) အနာကိုဓါးခွဲပေးခြင်း၊
(၅) ဆေးလိမ်းပေးခြင်း၊
(၆) ပျို့အန်ဆေးပေးခြင်း၊
(၇) ၀မ်းနုတ်ဆေးပေးခြင်း၊
(၈) နှာပေးခြင်း၊
(၉) မျက်စဉ်းပေးခြင်း၊
(၁၀) ၀ါးပေးခြင်း၊
(၁၁) သစ်ရွက် သက်ငယ် ဓနိပေးခြင်း၊
(၁၂) ပန်းပေးခြင်း၊
(၁၃) စားဖွယ်သစ်သီးပေးခြင်း၊
(၁၄) ရေချိုးဆပ်ပြာပေးခြင်း၊
(၁၅) ဒန်ပူပေးခြင်း၊
(၁၆) မျက်နှာသစ်ရေပေးခြင်း၊
(၁၇) မျက်နှာချေမှုန့် ပေါင်ဒါမှုန့်ပေးခြင်း၊
(၁၈) မြေညက်ပေးခြင်း၊
(၁၉) မိမိကိုယ်ကိုအောက်ချ၍ ကျုပ် ကျွန်တော်စသော ဝေါဟာရတို့ဖြင့်ပြောခြင်း၊
(၂၀) လိမ်လည် ၀ါကြွား၍ပြောကြားခြင်း၊
(၂၁) ကလေးထိန်းများကဲ့သို့ လူတို့၏ကလေးများကို ချီပွေ့ချော့မြူခြင်း။

မဟာနိဒ္ဒေသ။ ပါ။ ၂၉၀-၃၉၆။ မဇ္ဈိမပဏ္ဏာသ။

ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ၏ သြ၀ါဒ-

ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ၏ သြ၀ါဒ-
ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ
ရွှေဟင်္သာတောရ သီရိမန္တစံကျောင်းတိုက်

၁။ ဂုဏ်ရှိနေငြား၊ ပုဂ္ဂိုလ်အား၊ မုန်းထားမလို၊ ကဲ့ရဲ့ဆို၊ ဂုဏ်ပြိုမသွားပေ။
၂။ ဂုဏ်အနှစ်ကင်း၊ ပုဂ္ဂိုလ်ဖျင်းအား၊ ချီးမွန်းငြားလည်း၊
ဂုဏ်ကားမပို၊ နဂိုအနေ၊ ဂုဏ်ကင်းပေ။
၃။ ဤသို့အမှန်၊ လောကဓံကို၊ ဧကန်ထင်လင်း၊ အမြင်ရှင်း၍၊
သင်္ဂြိုဟ်ကဲ့ရဲ့၊ မဲ့ရွဲ့ဆိုတိုင်း၊ စိတ်ရိုင်းဒေါသ၊ မာန်မထနှင့်။
၎။ စစဖြာဖြာ၊ ဂုဏ်ထူးစွာကို၊ ထုတ်ကာဖေါ်လှိုင်း၊ ချီးကျူးတိုင်းလည်း၊
ဝမ်းထဲလှိုက်ဖို၊ ဘ၀င်စို၍၊ ပိုမိုကဲမောက်၊ ၀မ်းမမြောက်နှင့်။
၅။ ထွင်းဖေါက်မြော်မြင်၊ သူတော်စင်တို့၊ အမြင်မကောင်း၊ ပြစ်ပေါင်းတစိ၊
မကပ်ငြိဘဲ၊ ၀မ်းထဲအဇ္ဈတ်၊ သန္တာန်ဓာတ်၌၊ မြတ်ပါရမီ၊ ဂုဏ်အဆီတို့၊
စုံညီကိန်းကြောင်း၊ တရားပေါင်းကို၊ ထိန်းကျောင်းဆည်းစုရာသတည်း။

Saturday, May 10, 2008

လောကနီတိ အမှတ်-၆၃

လောကနီတိ အမှတ်-၆၃

သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းသော်လည်း
တွင်းမှထွက်သော ရေချိုကဲ့သို့ အသုံးဝင်၏။

သူယုတ်မာတို့၏ ဥစ္စာသည် များပင်များသော်လည်း
သမုဒ္ဒရာမှ ဆားငန်ရေကဲ့သို့ အသုံးမ၀င်ချေ။

Thursday, May 8, 2008

အကျင့် သိက္ခာ၏ အားနည်းကြောင်း-

အကျင့် သိက္ခာ၏ အားနည်းကြောင်း-

သိက္ခာသုတ်

ရဟန်းတို့ အကျင့် သိက္ခာ၏ အားနည်းကြောင်းတို့သည် ဤငါးမျိုးတို့တည်း။


၁။ သူ့အသက်သတ်ခြင်း။
၂။ သူ့ပစ္စည်းခိုးယူခြင်း။
၃။ သူ့သားမယား စော်ကားခြင်း။
၎။ လိမ်လည်ပြောဆိုခြင်း။
၅။ သေရည် သေရက်ကိုသောက်ခြင်း တို့တည်း။

ရဟန်းတို့ ဤသည်တို့ကား အကျင့်သိက္ခာ၏ အားနည်းကြောင်း ငါးမျိုးတို့တည်း။

အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန်-

ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများ အပ်ကုန်၏။

၁။ အကြီးအမှူးရှိသော တည်ကြည်မှု သမာဓိ
၂။ အားထုတ်မှု ၀ီရိယလျှင် အကြီးအမှူးရှိသော သမာဓိ။
၃။ စိတ်လျှင် အကြီးအမှူးရှိသော သမာဓိ။
၎။ ပညာလျှင် အကြီးအမှူးရှိသော သမာဓိနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။

ရဟန်းတို့ ဤအကျင့် သိက္ခာ၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန်
ဤဣဒ္ဓိပါဒ် လေးပါးတို့ကို ပွါးများအပ်ကုန်၏ ဟု မိန့်တော်မူ၏။

---သတိပဋ္ဌာန၀ဂ်၌ကဲ့သို့ ဣဒ္ဓိပါဒ်အစွမ်းဖြင့် ချဲ့အပ်၏---

အဂုင်္ုင်္တ္တိုရ်၊ ဣဒ္ဓိပါဒ၀ဂ်၊ သိက္ခာသုတ်။

တရားအားထုတ်လိုသူများမှာ...

တရားအားထုတ်လိုသူများမှာ ဒီတရားများကို ဖြည့်ကျင့်ရပေမည်။

သူတော်ကောင်းတရား ၇-ပါး ကျင့်ရပါမည်။
သမထကမ္မဋ္ဌာန်း ၄၀-မှ သင့်လျှော်ရာကိုလည်း ကျင့်ရပါမည်။
သတိပဋ္ဌာန် တရားတော်များကို လေ့လာ၍ ကျင့်ရပါမည်။

တရားဆိုသည်မှာ ထိုင်နေရုံနှင့် မလုံလောက်နိုင်ပါ၊
နေ့စဉ် ထိုင်နိုင်သည့်အချိန်ကား နည်းပါးလှပေသည်။

မြတ်စွာဘုရားက သွားနေစဉ်, ထိုင်နေစဉ်, ရပ်နေစဉ်, လျှောင်းနေစဉ်, တရားကို ကျင့်ရမည်ဟု ဆုံးမထားပေသည်။ ဒါကြောင့် တရားထိုင်ဆိုတာထက် ငါတရားနှင့် နေမည် တရားကိုကျင့်မည် မတရားကိုရှောင်မည်ဟု ဆုံးဖြတ်သင့်ပေသည်။

ကျောင်းသို့ ရောက်ရှိလာသော သူတော်ကောင်းများကိုတော့...
အာနာပါန ၀င်လေထွက်လေကို အားထုတ်ခိုင်းပြီးနောက် သတိပဋ္ဌာန် သုတ်တော် လာအတိုင်း ကျင့်ခိုင်းပေသည်။ မူရင်းသတိပဋ္ဌာန်သုတ်တော်ကို များများဖတ်၍ လေ့လာ နှလုံးသွင်းရပါမည်။ တရားဆိုသည်မှာကား သိနိုင်ခဲပေသည်၊ အကြိမ် များစွာ နှလုံးသွင်းမှ သဘောကြပေလိမ့်မည်။

သတိပဋ္ဌာန်ကိုတော့ ရေးမပြတော့ပါ၊ မူရင်းဆဋ္ဌမူသည်ကား အသင့်တော်ဆုံး အကောင်းဆုံး၊ သူထက်ကောင်းတာ ရှာမတွေ့တော့ပါ။ ဘုန်းကြီးကိုယ်တိုင်လည်း မူရင်း မြန်မာပြန်အတိုင်း အသံသွင်း၍ နေ့ရောညပါ နားထောင်နေသည်ကား ကြာလှပေပြီ၊ မရိုးနိုင်သော အသံဖြစ်ပေသည်။ သူတော်ကောင်းအပေါင်းတို့လည်း ကိုယ်တိုင် အသံသွင်း၍ နားထောင်ကြည့်ကြပါလေ...။

သူတော်ကောင်းတရား ၇-ပါး-

၁။ သဒ္ဓါ၊ ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း။
၂။ သတိ၊ ကုသိုလ်ကောင်းမှုတို့ကို မမေ့ခြင်း။
၃။ ဟိရီ၊ မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
၎။ သြတ္တပ္ပ၊ မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။
၅။ သုတ၊ အပြစ်ကင်းသော အကြားအမြင် ဗဟုသုတရှိခြင်း။
၆။ ၀ီရိယ၊ ကုသိုလ်ကောင်းမှုတို့ကို အားထုတ် ပြုလုပ်ခြင်း။
၇။ ပညာ၊ အသိ အလိမ္မာ ဉာဏ်ပညာ။

ဤဖော်ပြပါအရည်အသွေးများကို
သူတော်ကောင်းတရား ၇-ပါးဟူ၍လည်း ခေါ်ဝေါ်ကြသည်။

သမထ ကမ္မဋ္ဌာန်း ၄၀


သတိပဋ္ဌာန် လေးပါး

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်းမှာ-

ဆယ်ပါးသော အ၀ိနယ၀တ္ထုများ-

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်းမှာ
ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်-

(၁) သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၂) ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၃) ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၄) အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၅) အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၆) အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။

(၇) အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။

(၈) ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၉) ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၁၀) ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

Tuesday, May 6, 2008

သတိပဋ္ဌာန် ၄-ပါး မြန်မာပြန်-

စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်-

မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်



ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏စိတ်စင်ကြယ်ရန်
စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်
အရိယမဂ်ကိုရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်

တကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊

ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပေတည်း။

အဘယ်လေးပါးတို့နည်းဟူမူ- - -

ဆက်လက်ပြီး ပူဇော်လိုပါလျှင်၊

လောကနီတိ-၃

လောကနီတိ-

ပျင်းသောသူ အတတ်ပညာ မရနိုင်၊
အတတ်ပညာမရှိသောသူ ဥစ္စာ မရနိုင်၊
ဥစ္စာမရှိသောသူ မိတ်ဆွေ မရနိုင်၊
မိတ်ဆွေမရှိသောသူ ချမ်းသာ မရနိုင်၊
ချမ်းသာမရှိသောသူ ကောင်းမှု မပြုနိုင်၊
ကောင်းမှုမရှိသောသူ နိဗ္ဗာန် မရနိုင်။

ဗုဒ္ဓဖြစ်စဉ် အကျဉ်းမျှသာ-