နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 12, 2011

ကာမဂုဏ်ငါးပါး...



ကာမဂုဏ

ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးမျိုးတို့တည်း...

အဘယ်ငါးမျိုးတို့နည်းဟူမူ...

အဆင်း... ရူပါရုံဆိုသည်...
အသံ... သဒ္ဒါရုံဆိုသည်...
အနံ့... ဂန္ဓာရုံဆိုသည်...
အရသာ... ရသာရုံဆိုသည်...
အတွေ့အထိ... ဖောဋ္ဌဗ္ဗာရုံဆိုသည်...



ရဟန်းတို့ ဤသည်တို့ကား ကာမဂုဏ် ငါးမျိုးတို့တည်း။
ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို ပယ်ရန်။ပ။
ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ ဟု မိန့်တော်မူ၏။ 65



၃ - ကာမဂုဏသုတ်၊ သတိပဋ္ဌာန၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, April 10, 2011

ဘ၀...


ဘဝသုတ်

အသျှင်ဘုရား 'ဘဝ ဘဝ' ဟု ဆိုအပ်ပါ၏၊
အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း

ကာမဘုံ၌ တောင့်တသည်ရှိသော်...

ရူပဘုံ၌ တောင့်တသည်ရှိသော်...

အရူပဘုံ၌ တောင့်တသည်ရှိသော်...


၇ - ဒုတိယ ဘဝသုတ်၊ အာနန္ဒ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ pdf...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, April 7, 2011

အလှူ၏ အကျိုးတရားများ...



၎ - သီဟသေနာပတိသုတ်၊ သုမန၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, April 5, 2011

ချမ်းသာ ခံစားခြင်း အကျင့်...

ချမ်းသာ ခံစားခြင်း အကျင့်

စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် ချမ်းသာခံစားခြင်း အကျင့်ကို အားထုတ်လျက် နေကြကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ''ငါ့သျှင်တို့ ထိုချမ်းသာခံစားခြင်းအကျင့်ဟူသည် အဘယ်နည်း၊ ချမ်းသာခံစားခြင်း အကျင့်တို့သည် များကုန်၏၊ များသော အစီအရင် ရှိကုန်၏၊ အထူးထူး အပြားပြား များကုန်၏'' ဟု ဆိုအပ်ကုန်၏။

စုန္ဒ ဤ (ဆိုလတ္တံ့သော) လေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် ယုတ်ညံ့ကုန်၏၊ ရွာနေသူတို့၏ အကျင့်ဖြစ်ကုန်၏၊ ပုထုဇဉ်တို့သာ မှီဝဲအပ်ကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ မမှီဝဲအပ်ကုန်၊ အကျိုးစီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ ချုပ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်ကုန်၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဖြစ်ကုန်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်ကုန်။

လူမိုက်တို့၏ ချမ်းသာခံစားခြင်း လေးမျိုး




စုန္ဒ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် ယုတ်ညံ့ကုန်၏၊ ရွာနေသူတို့၏ အကျင့်ဖြစ်ကုန်၏၊ ပုထုဇဉ်တို့သာ မှီဝဲအပ်ကုန်၏၊ အရိယာ ပုဂ္ဂိုလ်တို့ မမှီဝဲအပ်ကုန်၊ အကျိုးစီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲချုပ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်ကုန်၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဖြစ်ကုန်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်ကုန်။

စုန္ဒ ''သာကီဝင်မင်သား ဘုရားသားတော် ရဟန်းတို့သည် ဤလေးပါးသော ချမ်းသာ ခံစားခြင်းအကျင့်ကို အားထုတ်လျက် နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သင်တို့သည် ထိုပရိဗိုဇ်တို့ကို ''ဤသို့ မဆိုကုန်လင့်'' ဟု ဆိုအပ်ကုန်၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကို ဟုတ်မှန်စွာ ဆိုလိုသည်ဖြစ်၍ ဆိုသည်မမည်ကုန်ရာ၊ မဟုတ်မမှန်သောအားဖြင့် စွပ်စွဲ ပြောဆိုသည် မည်ကုန်ရာ၏။ 183



စုန္ဒ ဤဆိုလတ္တံ့သော လေးပါးသော ချမ်းသာခံစားခြင်း အကျင့်ကို အားထုတ်ခြင်းတို့သည် စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဝဋ်ဆင်းရဲချုပ်ရန် ဝဋ်ဆင်းရဲငြိမ်းရန် သစ္စာ လေးပါးကို ထိုးထွင်း၍ သိရန် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် နိဗ္ဗာန်ရောက်ရန် ဖြစ်ကုန်၏။

သူတော်ကောင်းတို့၏ ချမ်းသာ ခံစားခြင်းလေးမျိုး



စုန္ဒ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဝဋ်ဆင်းရဲချုပ်ရန် ဝဋ်ဆင်းရဲငြိမ်းရန် သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် နိဗ္ဗာန်ရောက်ရန် ဖြစ်ကုန်၏။

စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော်တို့သည် ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့ကို အားထုတ်ကြကုန်လျက် နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သင်တို့သည် ပရိဗိုဇ်တို့ကို ''မှန်ပေ၏'' ဟု ဆိုအပ်ကုန်၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကိုဟုတ် မှန်စွာဆိုလိုသည်ဖြစ်၍ ဆိုသည် မည်ကုန်ရာ၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကို မဟုတ်မမှန်သောအားဖြင့် စွပ်စွဲပြောဆိုသည် မမည်ကုန်ရာ။ 184

ချမ်းသာ ခံစားခြင်း အကျင့်
၆ - ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, April 4, 2011

ထိုရဟန်းသည် ဤတရား ကိုးပါးအား ကျင့်ခြင်းငှာ မထိုက်...



ထိုရဟန်းသည် ဤတရား ကိုးပါးအား ကျင့်ခြင်းငှာ မထိုက်...


စုန္ဒ ''သာကီဝင်မင်းသား ဘုရားသားတော်တို့သည် အယူဝါဒ၌ မတည်တံ့သော သဘော ရှိကုန်သည် ဖြစ်၍ နေကုန်၏'' ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ဆိုအပ်ကုန်၏ -

''ငါ့သျှင်တို့ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြားပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့သျှင်တို့ မြေသို့ နက်စွာ ဝင်သော မြဲစွာ စိုက်အပ်သော ကျောက်တိုင်သည် လည်းကောင်း သံတိုင်သည် လည်းကောင်း မရွေ့ရှား မတုန်လှုပ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြား ပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် မရွေ့ရှား မတုန်လှုပ်ကုန်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ် တည်းဟူသော မိမိအကျိုးရှိ၏၊ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်။

၁... ငါ့သျှင်တို့ အာသဝေါကင်းပြီးသော ရဟန်းသည် သေစေလို၍ သတ္တဝါကို ဇီဝိတိနြေ္ဒမှချခြင်းငှါမထိုက်။

၂... အာသဝေါကင်းပြီးသော ရဟန်းသည် မပေးသည်ကို ခိုးလိုသောစိတ်ဖြင့် ခိုးယူခြင်းငှါ မထိုက်။

၃... အာသဝေါကင်းပြီးသော ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်းငှါ မထိုက်။

၎... အာသဝေါကင်းပြီးသော ရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းငှါ မထိုက်။

၅... အာသဝေါကင်းပြီးသော ရဟန်းသည် ရှေးလူဖြစ်စဉ် အခါက ပြုလုပ်သကဲ့သို့ ဝတ္ထုကာမ, ကိလေသာကာမ တို့ကို စုဆောင်း သိုမှီး၍ သုံးဆောင်ခြင်းငှါ မထိုက်။

၆... အာသဝေါကင်းပြီးသော ရဟန်းသည် ချစ်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၇... အာသဝေါကင်းပြီးသော ရဟန်းသည် မုန်းသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၈... အာသဝေါကင်းပြီးသော ရဟန်းသည် မသိသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

၉... အာသဝေါကင်းပြီးသော ရဟန်းသည် ကြောက်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စ ရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ် တည်းဟူသော မိမိအကျိုး ရှိ၏၊ ဘဝ သံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ဤဆိုပြီးသော ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်'' ဟု ဆိုအပ်ကုန်၏။ 186

အာသဝေါကင်းသူ၏ မထိုက်သော အရာ၊
၆--- ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, April 2, 2011

အင်္ဂါရှစ်ပါးရှိသော မဂ်

အင်္ဂါရှစ်ပါးရှိသော မဂ်

သုတ္တန်နည်း နှင့် အဘိဓမ္မာနည်း






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


မဂ္ဂင်ရှစ်ပါး မဂ္ဂင် ၈-ပါး

Thursday, March 31, 2011

ချစ်ခြင်းလျှင် အမွန်အစ ရှိကုန်၏...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 22, 2011

ဥပုသ်သီလကို နာကြားခဲ့ရသော ဥပါသိကာမများ...



မြတ်ဗုဒ္ဓထံပါးမှ 
အင်္ဂါရှစ်မျိုးရှိ ဥပုသ်ကို နာကြားခဲ့ရသော ဥပါသိကာမများ

ဗောဇ္ဈာဥပါသိကာ၊
သိရီမာ၊
ပဒုမာ၊
သုတနာ၊
မနုဇာ၊
ဥတ္တရာ၊
မုတ္တာ၊
ခေမာ ဥပါသိကာ၊
ရုစီ၊
စုန္ဒီမင်းသမီး၊
ဗိမ္ဗီဥပါသိကာ၊
သုမနာမင်းသမီး၊
မလ္လိကာမိဖုရား၊
တိဿာဥပါသိကာ၊
တိဿ မာတာ၊
သောဏာဥပါသိကာ၊
သောဏမာတာ၊
ကာဏာဥပါသိကာ၊
ကာဏမာတာ၊
နန္ဒမာတာ ဥတ္တရာ၊
မိဂါရ မာတာ ဝိသာခါ၊
ခုဇ္ဇုတ္တရာဥပါသိကာ၊
သာမာဝတီဥပါသိကာ၊
ကောလိယမင်းသမီး သုပ္ပဝါသာ၊
သုပ္ပိယာ ဥပါသိကာ၊
နကုလမာတာသူကြွယ်မ၊

ဤဥပါသိကာမတို့အား အင်္ဂါရှစ်မျိုးရှိ ဥပုသ်ကို ဟောတော်မူသည်။

(၁-၂၆) သာမညဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ဝါသေဋ္ဌသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ် ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော ဝါသေဋ္ဌဥပါသကာအား မြတ်စွာဘုရားသည် -

''ဝါသေဋ္ဌ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏။ မကဲ့ရဲ့အပ် ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက်ရကုန်၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် ဝါသေဋ္ဌဥပါသကာသည် မြတ်စွာဘုရားအား -

''အသျှင်ဘုရား အကျွန်ုပ် ချစ်မြတ်နိုးအပ်ကုန်သော ဆွေမျိုးသားချင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကြပါမူ အကျွန်ုပ် ချစ်အပ်သော ဆွေမျိုးသားချင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏၊ အသျှင်ဘုရား အလုံးစုံသော မင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏၊ အသျှင်ဘုရား အလုံးစုံသော ပုဏ္ဏားတို့သည်။ပ။ ကုန်သည်တို့သည်။ သူဆင်းရဲတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏ ဟု လျှောက်၏။ ဝါသေဋ္ဌ ဤစကားသည် လျှောက်သည့်အတိုင်း မှန်၏၊

ဝါသေဋ္ဌ အလုံးစုံသော မင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဝါသေဋ္ဌ အလုံးစုံသော ပုဏ္ဏားတို့သည်။ပ။ ကုန်သည်တို့သည်။ သူဆင်းရဲတို့သည် အင်္ဂါ ရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏၊

ဝါသေဋ္ဌ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကသည် လည်းကောင်း၊ သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကသည် လည်းကောင်း အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောကအားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏၊ ဝါသေဋ္ဌ ဤအင်ကြင်းပင်ကြီးတို့သော်လည်း အကယ်၍ စိတ်စေတနာ ရှိသဖြင့် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကြပါမူ ဤအင်ကြင်းပင်ကြီးတို့ အားသော်လည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာသေး၏၊ လူဖြစ်သူ အားမူ အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း ဟု မိန့်တော်မူ၏။ 44

၎ - ဝါသေဋ္ဌသုတ်၊ ဥပေါသထ၀ဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။