နီဝရဏသုတ်- (ပိတ်ပင်တတ်သောတရား)
ရဟန်းတို့ အပိတ်အပင် {နီဝရဏ} တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ ကာမဂုဏ်တို့၌ လိုချင်မှု အပိတ်အပင် {ကာမစ္ဆန္ဒနီဝရဏ}၊
၂။ သူတစ်ပါး အကျိုးမဲ့ ကြံစည်မှု အပိတ်အပင် {ဗျာပါဒနီဝရဏ}၊
၃။ ထိုင်းမှိုင်းမှု အပိတ်အပင် {ထိနမိဒ္ဓနီဝရဏ}၊
၎။ ပျံ့လွင့်မှု နောင်တတဖန် ပူပန်မှု အပိတ်အပင် {ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ}၊
၅။ မဆုံးဖြတ်နိုင်မှု အပိတ်အပင် {၀ိစိကိစ္ဆာနီဝရဏ}တို့တည်း။
ရဟန်းတို့ ဤအပိတ်အပင် {နီဝရဏ} ငါးမျိုးတို့ကိုပယ်ရန်၊
သတိပဋ္ဌာန် လေးပါးတို့ကို ပွါးများအပ် ကုန်၏။
အဘယ်လေးးမျိုးတို့နည်းဟူမူ -
၁။ ကာယာ နုပဿနာ သတိပဋ္ဌာန်၊
၂။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊
၃။ စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊
၎။ ဓမ္မာ နုပဿနာ သတိပဋ္ဌာန်၊
ဒုတိယသုတ်။
၂ - နီဝရဏသုတ်၊ သတိပဋ္ဌာန၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။
Showing posts sorted by relevance for query နီဝရဏ. Sort by date Show all posts

Tuesday, November 4, 2008
နီဝရဏသုတ်- (ပိတ်ပင်တတ်သောတရား)
Labels:
အင်္ဂုတ္တိုရ်ပါဠိတော်
Wednesday, September 17, 2008
(၈) ပိတ်ပင် တားဆီးတတ်သောတရား ငါးပါး
(၈) ပိတ်ပင် တားဆီးတတ်သောတရား ငါးပါး
အဘယ်တို့သည် ဈာန် မဂ် ဖိုလ်တရားတို့ကို
ပိတ်ပင် တားဆီးတတ်သော {နီဝရဏ} တရားငါးပါးတို့ မည်သနည်း။
၁။ {ကာမစ္ဆန္ဒနီဝရဏ}
ကာမတို့၌ လိုချင်တောင်းတမူဟူသော ပိတ်ပင်တားဆီးမှု ၊
၂။ {ဗျာပါဒနီဝရဏ}
အမျက်ထွက်မှုဟူသော ပိတ်ပင်တားဆီးမှု ၊
၃။ {ထိနမိဒ္ဓနီဝရဏ}
(စိတ် စေတသိက်တို့၏) မခံ့မှု ငိုက်မည်းမှု ဟူသော ပိတ်ပင် တားဆီးမှု ၊
၎။ {ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ}
ပျံ့လွင့်မှု နောင်တ တဖန် ပူပန်မှု ဟူသော ပိတ်ပင်တားဆီးမှု ၊
၅။ {၀ိစိကိစ္ဆာနီဝရဏ}
တွေးတောယုံမှားမှုဟူသော ပိတ်ပင်တားဆီးမှု ။
ဤသည်တို့သည် (ဈာန် မဂ် ဖိုလ်တရားတို့ကို)
ပိတ်ပင်တားဆီးတတ်သော {နီဝရဏ} တရားငါးပါး တို့တည်း။
၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။

ဝိဘင်္ဂင်္ပါဠိတော်
Monday, August 11, 2008
မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း
မဂ္ဂင်္ဂင်္ဝိဘင်္ဂ
(မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း)
(မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း)
သုတ္တန္တဘာဇနီယနည်း
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)
မဂ္ဂင်ရှစ်ပါး
(နိဗ္ဗာန်ရောက်ကြောင်းတရားရှစ်ပါး)
ဖြူစင်မြင့်မြတ်သည့် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် ရှိ၏။
ဤအင်္ဂါရှစ်ပါးတို့သည် အဘယ်တို့နည်း။
၁။ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}၊
၂။ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ}၊
၃။ ကောင်းစွာပြောဆိုမှု {သမ္မာဝါစာ}၊
၎။ ကောင်းစွာ ပြုလုပ်မှု {သမ္မာကမ္မန္တ}၊
၅။ ကောင်းစွာ အသက်မွေးမှု {သမ္မာအာဇီဝ}၊
၆။ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}၊
၇။ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ}၊
၈။ ကောင်းစွာ တည်ကြည်မှု {သမ္မာ သမာဓိ} တို့တည်း။
(၁) သမ္မာဒိဋ္ဌိ
ထိုတွင် အဘယ်သည် ကောင်းစွာသိမြင်မှု သမ္မာဒိဋ္ဌိ မည်သနည်း။
ဆင်းရဲ၌ သိမှုပညာ၊ ဆင်းရဲဖြစ်ကြောင်း၌ သိမှုပညာ၊ ဆင်းရဲချုပ်ရာ၌ သိမှုပညာ၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ သိမှုပညာသည် ရှိ၏။ ဤသဘောကို ကောင်းစွာ သိမြင်မှု သမ္မာဒိဋ္ဌိ ဟု ဆိုအပ်၏။
(၂) သမ္မာသင်္ကပ္ပ
ထိုတွင် အဘယ်သည် ကောင်းစွာ ကြံစည်မှု သမ္မာသင်္ကပ္ပ မည်သနည်း။
ကာမတို့မှ ထွက်မြောက်ရန် ကြံစည်မှု နေက္ခမ္မသင်္ကပ္ပ၊ မပျက်စီးစေရန် ကြံစည်မှု အဗျာပါဒ သင်္ကပ္ပ၊ မညှဉ်းဆဲရန် ကြံစည်မှု အ၀ိဟိံသာသင်္ကပ္ပသည် ရှိ၏။ ဤ သဘောကို ကောင်းစွာ ကြံစည်မှု သမ္မာသင်္ကပ္ပ ဟု ဆိုအပ်၏။
(၃) သမ္မာဝါစာ
ထိုတွင် အဘယ်သည် ကောင်းစွာပြောဆိုမှု သမ္မာဝါစာ မည်သနည်း။
မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်မှု၊ ကုန်းချောစကားမှ ရှောင်ကြဉ်မှု၊ ကြမ်းတမ်း သော စကားမှ ရှောင်ကြဉ်မှု၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်မှုသည် ရှိ၏။ ဤသဘောကို ကောင်းစွာ ပြောဆိုမှု သမ္မာဝါစာ ဟု ဆိုအပ်၏။
(၄) သမ္မာကမ္မန္တ
ထိုတွင် အဘယ်သည် ကောင်းစွာ ပြုလုပ်မှု သမ္မာကမ္မန္တ မည်သနည်း။
အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမ ဂုဏ်တို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်မှုသည် ရှိ၏။ ဤသဘောကို ကောင်းစွာ ပြုလုပ်မှု သမ္မာကမ္မန္တ ဟု ဆိုအပ်၏။
(၅) သမ္မာအာဇီဝ
ထိုတွင် အဘယ်သည် ကောင်းစွာအသက်မွေးမှု သမ္မာအာဇီဝ မည်သနည်း။
ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သာဝကသည် မှားသော အသက် မွေးမှုကို ပယ်၍ ကောင်းသော အသက်မွေးမှုဖြင့် အသက်ကို မွေးမြူ၏။ ဤ သဘောကို ကောင်းစွာ အသက်မွေးမှု သမ္မာအာဇီဝ ဟု ဆိုအပ်၏။
(၆) သမ္မာဝါယာမ
ထိုတွင် အဘယ်သည် ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ် အယုတ်တရားတို့ ကို မဖြစ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့် ၏၊ အထပ်ထပ် အားထုတ်၏။ ဖြစ်ပြီးသော အကုသိုလ် အယုတ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန်၊ မပျောက်ပျက်ရန်၊ အထပ်ထပ်ဖြစ်ရန်၊ ပြန့်ပွါးရန်၊ တိုးပွါးရန်၊ ပြည့်စုံစေရန်၊ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။
ဤသဘောကို ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ ဟု ဆိုအပ်၏။
(၇) သမ္မာသတိ
ထိုတွင် အဘယ်သည် ကောင်းစွာ အောက်မေ့မှု သမ္မာသတိ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿကို ပယ်ဖျောက်၍ ဆံပင်စသော ရုပ် အပေါင်း၌ ဆံပင်စသော ရုပ်အပေါင်းဟု အဖန်ဖန် အထပ်ထပ် ရှုလျက်နေ၏။
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြား အားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာ ကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမန ဿကို ပယ်ဖျောက်၍ ခံစားမှု ဝေဒနာတို့၌ ချမ်းသာစသော ခံစားမှု ဝေဒနာတို့ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿကို ပယ်ဖျောက်၍ စိတ်တို့၌ (ရာဂစသော) စိတ်ဟု အဖန်ဖန် အထပ် ထပ် ရှုလျက်နေ၏။ ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံး မသာယာမှု ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ (ခန္ဓာစသော) တရားတို့ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ ဤသဘောကို ကောင်းစွာ အောက်မေ့မှု သမ္မာသတိဟု ဆိုအပ်၏။
(၈) သမ္မာသမာဓိ
ထိုတွင် အဘယ်သည် ကောင်းစွာ တည်ကြည်မှု သမ္မာသမာဓိ မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍ ကြံစည်ခြင်း ၀ိတက်နှင့်တကွဖြစ်သော၊ ဆင်ခြင်သုံးသပ် ခြင်း ၀ိစာရနှင့်တကွဖြစ်သော၊ နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
ကြံစည်ခြင်း ၀ိတက်၊ ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရတို့၏ ငြိမ်းအေးခြင်းကြောင့် မိမိသန္တာန်၌ ဖြစ်သော၊ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း သမာဓိကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ၀ိတက်, ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရ မရှိသော၊ တည်ကြည်ခြင်း သမာဓိကြောင့်ဖြစ်သော နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။
နှစ်သက်ခြင်း ပီတိကိုလည်း စက်ဆုပ်ခြင်းကြောင့် လျစ်လျူရှုလျက်သာလျှင် နေ၏။ အောက်မေ့ခြင်း သတိ, ကောင်းစွာ အပြားအားဖြင့် သိခြင်း သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း သုခကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် တတိယဈာန်ကြောင့် ထိုသူကို အရိယာပုဂ္ဂိုလ်တို့က လျစ်လျူရှုနိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ချီးမွမ်းတော် မူကြကုန်၏။ ထိုတတိယဈာန်ကို ပြည့်စုံ စေ၍ နေ၏။
ချမ်းသာခြင်း သုခ, ဆင်းရဲခြင်း ဒုက္ခကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ရှေးဦး ကပင်လျှင် ၀မ်းမြောက်ခြင်း သောမနဿ, စိတ်နှလုံးမသာယာခြင်း ဒေါမနဿတို့ ၏ ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း, ဆင်းရဲခြင်း ဒုက္ခလည်းမဟုတ်, ချမ်းသာ ခြင်း သုခလည်း မဟုတ်သော လျစ်လျူရှုခြင်း ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍နေ၏။
ဤသဘောကို ကောင်းစွာ တည်ကြည်မှု သမ္မာသမာဓိဟု ဆိုအပ်၏။

Monday, January 26, 2009
ဌာနိယသုတ် - (အကြောင်းရှိသည်) နီဝရဏ
ဌာနိယသုတ် - (အကြောင်းရှိသည်)
ရဟန်းတို့ ...
ကာမ၌ စွဲမက်မှု 'ကာမရာဂ'၏ အကြောင်း(အာရုံ)ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ...
ပျက်စီးစေလိုမှု 'ဗျာပါဒ'၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း အ တိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ...
လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော လေးလံ ထိုင်း မှိုင်းမှု 'ထိနမိဒ္ဓ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'သည် လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ...
စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'၏ အကြောင်း(အာရုံ) ဖြစ် ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ် သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း ဖြစ် ၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ...
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိ- ကိစ္ဆာ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'သည်လည်း အတိုင်း ထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ...
သတိသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း
ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများ ပြည့်စုံခြင်းသို့ ရောက်၏။ ။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ဥပေက္ခာ သမ္ဗောဇ္ဈင်သည်လည်းဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများ ပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။
၃ - ဌာနိယသုတ်၊ ဥဒါယိဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

သံယုတ်ပါဠိတော်
Subscribe to:
Posts (Atom)