နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label ဝိဘင်္ဂင်္ပါဠိတော်. Show all posts
Showing posts with label ဝိဘင်္ဂင်္ပါဠိတော်. Show all posts

Wednesday, February 10, 2010

ငါ သူ့ထက် မြတ်၏ ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သေယျမာန်'...

တူမျှသူ၌ ဖြစ်သော

'သေယျမာန်'

ထိုတွင် အဘယ်သည် တူသောသူ၏
ငါ သူ့ထက်မြတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'သေယျမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည် တူ၏။
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသားဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့်လည်းကောင်း၊
အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့်
မိမိကိုယ်ကို သူတစ်ပါးတို့ထက် အမြတ်ထား၏။
ထိုသူသည် ထိုကို မှီ၍ မှတ်ထင်ထောင်လွှား၏။

မာန်ထောင်၏
ဤသို့သဘောရှိသော အကြင်
မှတ်ထင်ထောင်လွှားမှု 'မာန'၊
မှတ်ထင် ထောင်လွှားသော အခြင်းအရာ 'မညနာ'၊
မှတ်ထင်ထောင်လွှားသည်၏ အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ထားခြင်း သဘော 'ဥန္နာမ'၊
တံခွန်သဖွယ်ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ' သည် ရှိ၏။
ဤသဘောကို တူသောသူ၏ ငါ (သူ့ထက်) မြတ်၏ ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သေယျမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 872



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါ သူ့အောက် ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်' ...

မြတ်သူ၌ ဖြစ်သော

'ဟီနမာန်'

ထိုတွင် အဘယ်သည်
မြတ်သောသူ၏ ငါသူ့အောက်ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'ဟီိနမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည် မြတ်၏။
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသားဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့်လည်းကောင်း၊
အမှတ်မထား တစ်ပါးပါးသောအကြောင်းဖြင့် မိမိကိုယ်ကို တစ်ပါးသူတို့အောက် အယုတ်အားဖြင့်ထား၏။ ထိုသူသည် ထိုကို မှီ၍ အယုတ်အားဖြင့် မာန်ထောင်၏။

မာန်ထောင်၏

ဤသို့သဘောရှိသော
အကြင်အယုတ်မှတ်ထင်မှု 'သြမာန'၊
အယုတ်မှတ်ထင်သော အခြင်းအရာ 'သြမညနာ'၊
အယုတ်မှတ်ထင်တတ်သည်၏အဖြစ် 'သြမညိတတ္တ'၊
ရှုတ်ချမှု 'ဟီဠနာ'၊
အယုတ်ရှုတ်ချသောအခြင်းအရာ 'သြဟီဠနာ'၊
အယုတ်ရှုတ်ချသည်၏ အဖြစ် 'သြဟီဠိတတ္တ'၊
မိမိကိုယ်ကိုအယုတ်သိမှု 'အတ္တုညာ'၊
မိမိကိုယ်ကို အယုတ်အားဖြင့် သိသော အခြင်းအရာ 'အတ္တဝညာ'၊
မိမိကိုယ်ကိုနှိမ့်ချမှု 'အတ္တပရိဘဝ'သည် ရှိ၏။
ဤသဘောကို မြတ်သောသူ၏
ငါ (သူ့အောက်) ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်' ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 871



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါသူနှင့် တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သဒိသမာန်'...

မြတ်သူ၌ ဖြစ်သော 

'သဒိသမာန်'

ထိုတွင် အဘယ်သည် မြတ်သောသူ၏ ငါ (သူနှင့်) တူ၏ဟု မှတ်ထင်ထောင်လွှားမှု
'သဒိသမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည် မြတ်၏။
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသားဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့်
တစ်ပါးသူတို့နှင့် အတူ မိမိကိုယ်ကို ထား၏။

မာန်ထောင်၏

ဤသို့သဘောရှိသော အကြင် မှတ်ထင်ထောင်လွှားမှု 'မာန'၊
မှတ်ထင် ထောင်လွှားသော အခြင်းအရာ 'မညနာ'၊
မှတ်ထင်ထောင်လွှားသည်၏
အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ထားခြင်း သဘော 'ဥန္နာမ'၊
တံခွန်သဖွယ်ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ'သည် ရှိ၏။
ဤသဘောကို မြတ်သော သူ၏
ငါသူနှင့် တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သဒိသမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါ သူ့ထက် မြတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သေယျမာန်'...

မြတ်သူ၌ ဖြစ်သော

'သေယျမာန်'

ထိုတွင် အဘယ်သည် မြတ်သောသူ၏
ငါ သူ့ထက် မြတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'သေယျမာန်' မည်သနည်း။
ဤလောက၌ အချို့သူသည် မြတ်၏။
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသား ဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့် လည်းကောင်း
အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့်
မိမိကိုယ်ကို သူတစ်ပါးတို့ထက် အမြတ်ထား၏။

မာန်ထောင်၏

ဤသို့ သဘောရှိသော အကြင်
မှတ်ထင် ထောင်လွှားမှု 'မာန'၊
မှတ်ထင် ထောင်လွှားသော အခြင်းအရာ 'မညနာ'၊
မှတ်ထင် ထောင်လွှားသည်၏ အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ ထားခြင်းသဘော 'ဥန္နာမ'၊
တံခွန်သဖွယ်ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု 'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ'သည် ရှိ၏။

ဤသဘောကို မြတ်သောသူ၏
ငါ သူ့ထက် မြတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သေယျမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 869




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါ သူ့အောက် ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်'...

ယုတ်၏ဟု မှတ်ထင်မှု

'ဟီနမာန်'

ထိုတွင် အဘယ်သည်
ငါ သူ့အောက် ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်'မည်သနည်း။

ဤလောက၌ အချို့သူသည်
အမျိုးဖြင့်လည်းကောင်း၊
အနွယ်ဖြင့်လည်းကောင်း၊
အမျိုးကောင်းသား ဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့်လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့်လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့် လည်းကောင်း
အမှတ်မထင်သော အကြောင်းဖြင့် အယုတ်မှတ်ထင်၏။

မာန်ထောင်၏

ဤသို့သဘောရှိသော အကြင်
မှတ်ထင် မာန်ထောင်မှု 'သြမာန'၊
အယုတ်မှတ်ထင် (မာန်ထောင်) သောအခြင်းအရာ 'သြမညနာ'၊
အယုတ်မှတ်ထင်သည်၏ အဖြစ် 'သြမညိတတ္တ'၊
ရှုတ်ချမှု 'ဟီဠနာ'၊
အယုတ်ရှုတ်ချသော အခြင်းအရာ'သြဟီဠနာ'၊
အယုတ် ရှုတ်ချသည်၏အဖြစ် 'သြဟီဠိတတ္တ'၊
မိမိကိုယ်ကို အယုတ်အားဖြင့်သိမှု 'အတ္တုညာ'၊
မိမိကိုယ်ကို အယုတ်အားဖြင့် သိသောအခြင်းအရာ 'အတ္တဝညာ'၊
မိမိကိုယ်ကို နှိမ့်ချမှု 'အတ္တပရိဘဝ'သည် ရှိ၏။

ဤ သဘောကို ငါ သူ့အောက် ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 868





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါ သူနှင့်တူ၏ဟု မှတ်ထင်မှု 'သဒိသမာန်'...

ငါ သူနှင့်တူ၏ဟု မှတ်ထင်မှု 

သဒိသမာန်

အဘယ်သည် ငါ သူနှင့်တူ၏ဟု မှတ်ထင်ထောင်လွှားမှု 'သဒိသမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည်
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသား ဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့်လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့် လည်းကောင်း၊
အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့် မှတ်ထင်၏၊

မာန်ထောင်၏

ဤသို့ သဘောရှိသော
အကြင် မှတ်ထင် (မာန်ထောင်) မှု 'မာန'၊
မှတ်ထင် (မာန်ထောင်) သောအခြင်းအရာ 'မညနာ'၊
မှတ်ထင်သည်၏အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ထားခြင်းသဘော 'ဥန္နာမ'၊
တံခွန်သဖွယ်ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု 'သမ္ပဂ္ဂါဟ'၊
စိတ်၏မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ'သည် ရှိ၏။
ဤသဘောကို ငါ (သူနှင့်) တူ၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'သဒိသမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 867



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါမြတ်၏ဟု မှတ်ထင်မှု သေယျမာန်...

ငါမြတ်၏ဟု မှတ်ထင်မှု

သေယျမာန်

အဘယ်သည် ငါမြတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'သေယျမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည်
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသား ဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့် လည်းကောင်း အမှတ်မထား တစ်ပါး ပါးသော အကြောင်းဖြင့် မှတ်ထင်၏၊

မာန်ထောင်၏

ဤသို့ သဘောရှိသော

အကြင်မှတ်ထင်မှု မာန်ထောင်မှု 'မာန'၊
မှတ်ထင်သော အခြင်းအရာ 'မညနာ'၊
မှတ်ထင်သည်၏ အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ ထားခြင်းသဘော 'ဥန္နာမ'၊
တံခွန်သဖွယ် ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု 'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ' သည် ရှိ၏။

ဤသဘောကို ငါမြတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'သေယျမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 866





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, May 12, 2009

လာဘ်ချူမှု...

လာဘ်ချူမှု...

ထိုတွင် အဘယ်သည် လာဘ်ချူခြင်း 'လပနာ' မည်သနည်း။

လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍
ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်း၏ တစ်ပါးသူတို့အား အကြင်
မိမိကိုယ်ကို မြှောက်ပင့်ကြွားဝါမှု 'အာလပနာ'၊
မေး၍ ဝါကြွားဖြေဆိုခြင်း 'လပနာ'၊
လာဘ်ကို လို၍ ချိုချိုသာသာ ကောင်းစွာ ပြောဆိုမှု 'သလ္လပနာ'၊
မြှောက်ပင့်၍ ပြောဆိုမှု 'ဥလ္လပနာ'၊
အထပ်ထပ် မြှောက်ပင့်၍ ပြောဆိုမှု 'သမုလ္လပနာ'၊
ရရာရကြောင်း စကားတောင်း၍ ပြောဆိုမှု 'ဥန္နဟနာ'၊
ရရာရကြောင်း စကားတောင်း၍ အထပ်ထပ် ပြောဆိုမှု 'သမုန္နဟနာ'၊
ချီးမွမ်း၍ပြောဆိုမှု 'ဥက္ကာစနာ'၊ အထပ်ထပ် ချီးမွမ်း၍ ပြောဆိုမှု 'သမုက္ကာစနာ'၊
ချစ်ဖွယ်စကားကို ပြောဆိုမှု 'အနုပ္ပိယဘာဏိတာ'၊
မိမိကိုယ်ကို နှိမ့်ချပြောဆိုမှု 'စာဋုကမျတာ'၊
အစိမ်းနီးပါး အကျက်များသော ပဲနောက်ဟင်းကဲ့သို့ -
အမှန်နည်းပါး အမှားများသော စကားပြောဆိုမှု 'မုဂ္ဂသူပျတာ'၊
ရွာသူသားငယ်ကို ချီပိုးခြင်း 'ပါရိဘဋျတာ' သည် ရှိ၏။
ဤသဘောကို လာဘ်ချူခြင်း (ဝါကြွား) 'လပနာ' ဟု ဆိုအပ်၏။862

လာဘ်ချူမှု 'လပနာ'၊ ခုဒ္ဒကဝတ္ထုဝိဘင်္ဂ၊



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, March 26, 2009

ထိန နှင့် မိဒ္ဓ သဘော...

ထိန နှင့် မိဒ္ဓ သဘော...

လေးလံထိုင်းမှိုင်းခြင်း "ထိနမိဒ္ဓ" ဟူရာ၌ ...
"ထိန"သည် ထိုင်းခြင်းဖြစ်၏၊
"မိဒ္ဓ"သည် မှိုင်းခြင်းဖြစ်၏။

ထိုတွင် အဘယ်သည် ''ထိုင်းခြင်း'' မည်သနည်း...

အကြင် စိတ်၏ ...
မခံ့ကျန်းမှု 'အကလျတာ'၊
အမှုကိစ္စ၌ မဆောင်ရွက်နိုင်မှု 'အကမ္မညတာ'၊
ပျင်းရိခြင်း၌ ငြိတွယ်ပုံ အခြင်းအရာ 'သြလီယနာ'၊
ငြိကပ်ပုံ အခြင်းအရာ 'သလ္လီယနာ'၊
တွန့်ဆုတ်ခြင်းသဘော 'လီန'၊
တွန့်ဆုတ်ပုံ အခြင်းအရာ 'လီယနာ'၊
တွန့်ဆုတ်တတ်သည်၏ အဖြစ် 'လီယိတတ္တ'၊
စိတ်၏ လေးလံမှုသဘော 'ထိန'၊
စိတ်၏ လေးလံသော အခြင်းအရာ 'ထိယနာ'၊
စိတ်၏ လေးလံသည်၏အဖြစ် 'ထိယိတတ္တ' သည် ရှိ၏။

ဤသဘောကို ထိုင်းခြင်း "ထိန"ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် ''မှိုင်းခြင်း'' မည်သနည်း...

အကြင် စေတသိက်၏ ...
မခံ့ကျန်းမှု 'အကလျတာ'၊
အမှုကိစ္စ၌ မဆောင်ရွက်နိုင်မှု 'အကမ္မညတာ'၊
မြှေးယှက်ခြင်း သဘော 'သြနာဟ'၊
ထက်ဝန်းကျင် မြှေးယှက်ခြင်းသဘော 'ပရိယောနာဟ'၊
အတွင်း၌ ပိတ်ဆို့ခြင်းသဘော 'အန္တောသမောရောဓ'၊
မှိုင်းခြင်းသဘော 'မိဒ္ဓ'၊ အိပ်ခြင်းသဘော 'သုပ္ပ'၊
ငိုက်မျဉ်းခြင်း သဘော 'ပစလာယိကာ'၊
အိပ်မှု သဘော 'သုပ္ပ'၊
အိပ်သော အခြင်းအရာ 'သုပ္ပနာ'၊
အိပ်သည်၏အဖြစ် 'သုပ္ပိတတ္တ'သည် ရှိ၏။

ဤသဘောကို မှိုင်းခြင်း "မိဒ္ဓ"ဟု ဆိုအပ်၏။

ဗောဓိပက္ခိယတရားများ-မှ၊ ဈာန၀ိဘင်္ဂ္ဂ၊ ၀ိဘင်းပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 24, 2009

''ရဟန်း'' ဟူသည်ကား ...


၂ - သုတ္တန္တဘာဇနီယနည်း (အကျယ်-မှ)

''ရဟန်း'' ဟူသည်ကား ...

ရဟန်းဟု ခေါ်ဝေါ် ပညတ်ခြင်းကြောင့် ရဟန်း၊
ရဟန်းဟု ဝန်ခံခြင်းကြောင့် ရဟန်း၊
ဆွမ်းခံစားတတ်သောကြောင့် ရဟန်း၊
ဆွမ်းခံစားလေ့ရှိသော သဘောကြောင့် ရဟန်း၊
ဆွမ်းခံအကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ရဟန်း၊
အပိုင်းပိုင်းပြတ်သော အဝတ်ကို ချုပ်စပ်၍ ဝတ်တတ်သောကြောင့် ရဟန်း၊
အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ရဟန်း၊
အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးပြီးသောကြောင့် ရဟန်း၊
အဆင့်ဆင့်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊
တစ်ပြိုင်နက်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊
ကျင့်ဆဲဖြစ်သော ရဟန်း၊
ကျင့်ပြီးသော ရဟန်း၊
ကျင့်ဆဲကျင့်ပြီး မဟုတ်သော ရဟန်း၊
မြတ်သော ရဟန်း၊
ကောင်းသော ရဟန်း၊
ကြည်ညိုဖွယ်ဖြစ်သော ရဟန်း၊
အနှစ်သာရရှိသော ရဟန်း၊
ညီညွတ်သော သံဃာသည် ပြုအပ်သော, မြတ်စွာဘုရား သာသနာအား ထိုက် သော, မပျက်သော ဉတ်လျှင် လေးကြိမ်မြောက်ရှိသော 'ဉတ္တိစတုတ္ထ'ကံနှင့် ပြည့်စုံ သော ရဟန်းတည်း။ ၅၁၀

ရဟန်း ဟူသည်ကား ဈာနဝိဘင်္ဂ၊ ၀ိဘင်းပါဠိတော်၊ အဘိဓမ္မာပိဋက။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, March 1, 2009

နီဝရဏ ငါးပါး ပယ်ပုံ... (ပိတ်ပင်တတ်သောတရား)

နီဝရဏ ငါးပါး ပယ်ပုံ... (ပိတ်ပင်တတ်သောတရား)

၁...
ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာဟူသော) လောက၌ တပ်မက်ခြင်း 'အဘိဇ္ဈာ' ကို ပယ်၍ တပ်မက်ခြင်း 'အဘိဇ္ဈာ' ကင်းသောစိတ်ဖြင့်နေ၏။ တပ်မက်ခြင်း 'အဘိဇ္ဈာ' မှ စိတ်ကို စင်ကြယ်စေ၏။

၂...
ပျက်စီးစေလိုမှု 'ဒေါသ' ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ အလုံးစုံ သော သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားလျက်နေ၏။ ပျက်စီးစေလိုသော 'ဒေါသ' မှ စိတ်ကို စင်ကြယ်စေ၏။

၃...
လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' မှ ကင်းသည် ဖြစ်၍ အလင်းရောင်၌ ဖြစ်သော အမှတ်သညာရှိသည် ဖြစ်၍ သတိ, ပညာနှင့် ပြည့်စုံလျက် နေ၏။ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'မှ စိတ်ကို စင်ကြယ် စေ၏။

၎...
ပျံ့လွင့်မှု'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ'ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေး သောစိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏။ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တ တစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' မှ စိတ်ကို စင်ကြယ်စေ၏။

၅...
ယုံမှားမှု 'ဝိစိကိစ္ဆာ' ကို ပယ်၍ ယုံမှားမှု 'ဝိစိကိစ္ဆာ' ကို လွန်မြောက်၍ ကုသိုလ် တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏။ ယုံမှားမှု 'ဝိစိကိစ္ဆာ' မှ စိတ်ကို စင်ကြယ်စေ၏။

ဈာနဝိဘင်္ဂ၊ ၀ိဘင်းပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တရားအားထုတ်ရန် ရှေးဦးကျင့်စဉ်...

သုတ္တန္တဘာဇနီယနည်း (အကျဉ်း)
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)
တရားအားထုတ်ရန် ရှေးဦးကျင့်စဉ်

ဤသာသနာတော်၌ ...
ရဟန်းသည် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏။

အကျင့် 'အာစာရ'၊ ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံ၏။
အနည်းငယ်မျှသော အပြစ်တို့၌သော်လည်းဘေးဟု ရှုလေ့ရှိ၏။
သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။
(မျက်စိစသော) ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိ၏။
စားဖွယ် 'ဘောဇဉ်' ၌ အတိုင်းအရှည်ကို သိ၏။
ညဥ့်ဦးယံ, မိုးသောက်ယံပတ်လုံး နိုးကြားခြင်းငှါ အားထုတ်ခြင်းနှင့် ယှဉ်၏။
မပြတ်မလပ် ဖြစ်စေအပ်သော လုံ့လ, ရင့်ကျက်သော ပညာနှင့် ပြည့်စုံ၏။
ဗောဓိပက္ခိယတရားတို့ကို ပွါးများခြင်းငှါ အားထုတ်ခြင်းနှင့် ယှဉ်၏။

((သတိသမ္ပဇဉ် ပွါးများနည်း...))

ထိုရဟန်းသည် ...
ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
ကွေးရာ ဆန့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောဆိုရာ ဆိတ်ဆိတ် နေရာတို့၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏။

((တောကျောင်းအင်္ဂါ))

ထိုရဟန်းသည်
နည်းသော အသံရှိသော၊
ကျယ်လောင်သော အသံမရှိသော၊
လှည့်လည် သွားလာသော လူတို့၏ အနံ့မှ ကင်းသော၊
လူသံစသည်တို့မှ တိတ်ဆိတ်သော၊
တစ်ယောက်တည်း ကိန်းအောင်း ရန်သင့်လျှော် လျောက်ပတ်သော၊
တော, သစ်ပင်ရင်း, တောင်, ချောက်, တောင်ခေါင်း (ဂူ) သင်္ချိုင်း, တောအုပ်, လွင်ပြင်, ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏။
ထိုရဟန်းသည် တောသို့ ကပ်၍သော် လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်၍သော် လည်းကောင်း၊
ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍သော် လည်းကောင်း၊
ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍
ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏။

ဈာနဝိဘင်္ဂ၊ ၀ိဘင်းပါဠိတော်၊ အဘိဓမ္မာပိဋက။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, February 26, 2009

တရား ၁၂-မျိုး အမေး အဖြေ...

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဓမ္မဟဒယဝိဘင်္ဂ
(တရားနှလုံးတို့ကို ဝေဖန်၍ ပြသော ဝိဘင်း)

၁ - သဗ္ဗသင်္ဂါဟိကဝါရ-
(တရားအားလုံးတို့ကို သိမ်းကျုံးယူသောဝါရ)


တရား ၁၂-မျိုး အမေး ...

ခန္ဓာတို့သည် အဘယ်မျှတို့နည်း၊
အာယတနတို့သည် အဘယ်မျှတို့နည်း၊
ဓာတ်တို့သည် အဘယ်မျှတို့နည်း၊
သစ္စာတို့သည် အဘယ်မျှတို့နည်း၊
ဣနြေ္ဒတို့သည် အဘယ်မျှတို့နည်း၊
အကြောင်း 'ဟိတ်' တို့သည် အဘယ်မျှတို့နည်း၊
အာဟာရတို့သည် အဘယ်မျှတို့နည်း၊
တွေ့ထိမှု 'ဖဿ' တို့သည် အဘယ်မျှတို့နည်း၊
ခံစားမှု 'ဝေဒနာ' တို့သည် အဘယ်မျှတို့နည်း၊
သိမှတ်မှု 'သညာ' တို့သည် အဘယ်မျှ တို့နည်း၊
စေ့ဆော်မှု 'စေတနာ' တို့သည် အဘယ်မျှတို့နည်း၊
စိတ်တို့သည် အဘယ်မျှတို့နည်း။

တရား ၁၂-မျိုး အဖြေ...
ခန္ဓာတို့သည် ငါးပါးတို့တည်း၊
အာယတနတို့သည် တစ်ဆယ့်နှစ်ပါးတို့တည်း၊
ဓာတ်တို့သည် တစ်ဆယ့်ရှစ်ပါးတို့တည်း၊
သစ္စာတို့သည် လေးပါးတို့တည်း၊
ဣနြေ္ဒတို့သည် နှစ်ဆယ့်နှစ်ပါးတို့တည်း၊
အကြောင်း 'ဟိတ်' တို့သည် ကိုးပါးတို့တည်း၊
အာဟာရတို့သည် လေးပါးတို့တည်း၊
တွေ့ထိမှု 'ဖဿ'တို့သည် ခုနစ်ပါးတို့တည်း၊
ခံစားမှု 'ဝေဒနာ' တို့သည် ခုနစ်ပါးတို့တည်း၊
မှတ်သားမှု 'သညာ' တို့သည် ခုနစ်ပါးတို့တည်း၊
စေ့ဆော်မှု 'စေတနာ' တို့သည် ခုနစ်ပါးတို့တည်း၊
စိတ်တို့သည် ခုနစ်ပါးတို့တည်း။

ဓမ္မဟဟဒယဝိဘိဘိဘင်္ဂ
၁...
ခန္ဓာ ၅-ပါး...
ထိုတွင် အဘယ်တို့သည် ခန္ဓာငါးပါးတို့ မည်သနည်း။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ ဤသည်တို့ကို ခန္ဓာငါးပါးတို့ဟု ဆိုအပ်ကုန်၏။

၂...
အာယတန ၁၂-ပါး...
ထိုတွင် အဘယ်တို့သည် အာယတနတစ်ဆယ့်နှစ်ပါးတို့ မည်သနည်း။
စက္ခာယတန+ရူပါယတန၊
သောတာယတန+သဒ္ဒါယတန၊
ဃာနာယတန+ဂန္ဓာယတန၊
ဇိဝှါယတန+ရသာယတန၊
ကာယာယတန+ဖောဋ္ဌဗ္ဗာယတန၊
မနာယတန+ဓမ္မာယတန။
ဤသည်တို့ကို အာယတန တစ်ဆယ့်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၃...
ဓာတ် ၁၈-ပါး...
ထိုတွင် အဘယ်တို့သည် ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ မည်သနည်း။

စက္ခုဓာတ်+ရူပဓာတ်+စက္ခုဝိညာဏဓာတ်၊
သောတဓာတ်+သဒ္ဒဓာတ်+သောတဝိညာဏဓာတ်၊
ဃာနဓာတ်+ဂန္ဓဓာတ်+ဃာနဝိညာဏဓာတ်၊
ဇိဝှါဓာတ်+ရသဓာတ်+ဇိဝှါဝိညာဏဓာတ်၊
ကာယဓာတ်+ ဖောဋ္ဌဗ္ဗဓာတ်+ ကာယဝိညာဏဓာတ်၊
မနောဓာတ်+ဓမ္မဓာတ်+မနောဝိညာဏဓာတ်။
ဤသည်တို့ကို ဓာတ် တစ်ဆယ့်ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၎...
သစ္စာ ၄-ပါး...
ထိုတွင် အဘယ်တို့သည် သစ္စာလေးပါးတို့ မည်သနည်း။

ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ၊ ဤသည်တို့ကို သစ္စာလေးပါးတို့ဟု ဆိုအပ်ကုန်၏။

၅...
ဣနြေ္ဒ ၂၂-ပါး...
ထိုတွင် အဘယ်တို့သည် ဣနြေ္ဒနှစ်ဆယ့်နှစ်ပါးတို့ မည်သနည်း။

စက္ခုနြေ္ဒ သောတိနြေ္ဒ ဃာနိနြေ္ဒ ဇိဝှိနြေ္ဒ ကာယိနြေ္ဒ မနိနြေ္ဒ ဣတ္ထိနြေ္ဒ ပုရိသိနြေ္ဒ ဇီဝိတိနြေ္ဒ သုခိနြေ္ဒ ဒုက္ခိနြေ္ဒ သောမနဿိနြေ္ဒ ဒေါမနဿိနြေ္ဒ ဥပေက္ခိနြေ္ဒ သဒ္ဓိနြေ္ဒ ဝီရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒ အနညာတညဿာမိတိနြေ္ဒ အညိနြေ္ဒ အညာတာဝိနြေ္ဒ၊ ဤသည်တို့ကို ဣနြေ္ဒ နှစ်ဆယ့်နှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၆...
ဟိတ် ၉-ပါး...
ထိုတွင် အဘယ်တို့သည် အကြောင်း (ဟိတ်) ကိုးပါးတို့ မည်သနည်း။

ကုသိုလ်ဟိတ်သုံးပါး၊ အကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါးတို့တည်း။

ထိုတွင် အဘယ်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့ မည်သနည်း။
မလိုချင်မှု (အလောဘ) ကုသိုလ်ဟိတ်၊
မပြစ်မှားမှု (အဒေါသ) ကုသိုလ်ဟိတ်၊
မတွေဝေမှု (အမောဟ) ကုသိုလ်ဟိတ်။
ဤသည်တို့သည် ကုသိုလ်ဟိတ်သုံးပါးတို့တည်း။

ထိုတွင် အဘယ်တို့သည် အကုသိုလ်ဟိတ်သုံးပါးတို့ မည်သနည်း။
လိုချင်မှု (လောဘ) အကုသိုလ်ဟိတ်၊
ပြစ်မှားမှု (ဒေါသ) အကုသိုလ်ဟိတ်၊
တွေဝေမှု (မောဟ) အကုသိုလ်ဟိတ်။
ဤသည်တို့သည် အကုသိုလ်ဟိတ်သုံးပါးတို့တည်း။

ထိုတွင် အဘယ်တို့သည် အဗျာကတဟိတ်သုံးပါးတို့ မည်သနည်း။
ကုသိုလ်တရားတို့၏ အကျိုး (ဝိပါက်) အားဖြင့် လည်းကောင်း၊
ကိရိယာအဗျာကတ တရားတို့၌ လည်းကောင်း (ဖြစ်ကြသော) မလိုချင်မှု (အလောဘ)၊
မပြစ်မှားမှု (အဒေါသ)၊ မတွေဝေမှု (အမောဟ)။
ဤသည်တို့သည် အဗျာကတဟိတ်သုံးပါးတို့တည်း။
ဤသည်တို့ကို ဟိတ်ကိုးပါးတို့ဟု ဆိုအပ်ကုန်၏။

၇...
အာဟာရ ၄-ပါး...
ထိုတွင် အဘယ်တို့သည် အာဟာရလေးပါးတို့ မည်သနည်း။
အလုတ်အလွေးပြုအပ်သော 'ကဗဠီကာရ' အာဟာရ၊
တွေ့ထိမှု 'ဖဿ' အာဟာရ၊
စိတ်စေ့ဆော်မှု 'မနောသဉ္စေတနာ' အာဟာရ၊
သိမှု 'ဝိညာဏ' အာဟာရ။
ဤသည်တို့ကို အာဟာရလေးပါးတို့ဟု ဆိုအပ်ကုန်၏။

၈...
ဖဿ ၇-ပါး...
ထိုတွင် အဘယ်တို့သည် တွေ့ထိမှု 'ဖဿ' ခုနစ်ပါးတို့ မည်သနည်း။

မျက်စိအတွေ့'စက္ခုသမ္ဖဿ'၊
နားအတွေ့ 'သောတသမ္ဖဿ'၊
နှာခေါင်းအတွေ့ 'ဃာနသမ္ဖဿ'၊
လျှာအတွေ့ 'ဇိဝှါသမ္ဖဿ'၊
ကိုယ်အတွေ့ 'ကာယသမ္ဖဿ'၊
မနောဓာတ်အတွေ့ 'မနောဓာတုသမ္ဖဿ'၊
မနောဝိညာဏဓာတ်အတွေ့ 'မနောဝိညာဏဓာတုသမ္ဖဿ'၊
ဤသည်တို့ကို တွေ့ထိမှု 'ဖဿ' ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၉...
ဝေဒနာ ၇-ပါး...
ထိုတွင် အဘယ်တို့သည် ခံစားမှု 'ဝေဒနာ' ခုနစ်ပါးတို့ မည်သနည်း။

မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'စက္ခုသမ္ဖဿဇာ ဝေဒနာ'၊
နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'သောတသမ္ဖဿဇာ ဝေဒနာ'၊
နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဃာနသမ္ဖဿဇာ ဝေဒနာ'၊
လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ဇိဝှါသမ္ဖဿဇာ ဝေဒနာ'၊
ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'ကာယသမ္ဖဿဇာ ဝေဒနာ'၊
မနောဓာတ် အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'မနောဓာတုသမ္ဖဿဇာ ဝေဒနာ'၊
မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော ခံစားမှု 'မနောဝိညာဏဓာတု
သမ္ဖဿဇာ ဝေဒနာ'၊
ဤသည်တို့ကို ခံစားမှု 'ဝေဒနာ' ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၁၀...
သညာ ၇-ပါး...
ထိုတွင် အဘယ်တို့သည် မှတ် သားမှု 'သညာ'ခုနစ်ပါးတို့ မည်သနည်း။

မျက်စိအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု 'စက္ခုသမ္ဖဿဇာ သညာ'၊
နားအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု 'သောတသမ္ဖဿဇာ သညာ'၊
နှာခေါင်းအတွေ့ကြောင့် ဖြစ်သော မှတ်သားမှု 'ဃာနသမ္ဖဿဇာ သညာ'၊
လျှာအတွေ့ကြောင့်ဖြစ်သော မှတ်သားမှု 'ဇိဝှါသမ္ဖဿဇာ သညာ'၊
ကိုယ်အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု 'ကာယသမ္ဖဿဇာ သညာ'၊
မနောဓာတ် အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု 'မနောဓာတုသမ္ဖဿဇာသညာ'၊
မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော မှတ်သားမှု
'မနောဝိညာဏဓာတုသမ္ဖဿဇာသညာ'၊
ဤသည်တို့ကို မှတ်သားမှု 'သညာ' ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၁၁...
စေတနာ ၇-ပါး...
ထိုတွင် အဘယ်တို့သည် စေ့ဆော်မှု 'စေတနာ' ခုနစ်ပါးတို့ မည်သနည်း။

မျက်စိအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု 'စက္ခုသမ္ဖဿဇာ စေတနာ'၊
နားအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု 'သောတသမ္ဖဿဇာ စေတနာ'၊
နှာခေါင်းအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု 'ဃာနသမ္ဖဿဇာ စေတနာ'၊
လျှာအတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု 'ဇိဝှါသမ္ဖဿဇာ စေတနာ'၊
ကိုယ်အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု 'ကာယသမ္ဖဿဇာ စေတနာ'၊
မနောဓာတ် အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု 'မနောဓာတုသမ္ဖဿဇာ စေတနာ'၊
မနောဝိညာဏဓာတ် အတွေ့ကြောင့်ဖြစ်သော စေ့ဆော်မှု
'မနောဝိညာဏ ဓာတုသမ္ဖဿဇာ စေတနာ'၊
ဤသည်တို့ကို စေ့ဆော်မှု 'စေတနာ' ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

၁၂...
စိတ် ၇-ပါး...
ထိုတွင် အဘယ်တို့သည် စိတ်ခုနစ်ပါးတို့ မည်သနည်း။

မြင်သိစိတ် 'စက္ခုဝိညာဏ်'၊
ကြားသိစိတ် 'သောတဝိညာဏ်'၊
နံသိစိတ် 'ဃာနဝိညာဏ်'၊
လျက်သိစိတ် 'ဇိဝှါဝိညာဏ်'၊
ထိသိစိတ် 'ကာယဝိညာဏ်'၊
သိကာမျှသဘော 'မနောဓာတ်'၊
အထူးသိမှု သဘော 'မနောဝိညာဏ ဓာတ်'၊
ဤသည်တို့ကို စိတ်ခုနစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

သဗ္ဗသင်္ဂါဟိကဝါရ (တရားအားလုံးကို သိမ်းကျုံးယူသော ဝါရ) ပြီး၏။
ဝိဘင်္ဂပါဠိတော်၊ အဘိဓမ္မပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, February 21, 2009

၆... အဝိဟိံသဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၆... အဝိဟိံသဓာတ်
ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည်
မနှိပ်စက်မညှဉ်းဆဲမှုသဘော 'အဝိဟိံသဓာတ်' မည်သနည်း။

မနှိပ်စက် မညှဉ်းဆဲခြင်းနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'၊
ပြင်းစွာ ကြံစည်မှု 'သင်္ကပ္ပ'၊
အာရုံသို့ မြဲမြံစွာ ရောက်စေမှု 'အပ္ပနာ'၊
အာရုံသို့ အထူးမြဲမြံစွာ ရောက်စေမှု 'ဗျပ္ပနာ'၊
စိတ်ကို အာရုံသို့ ရှေးရှုတင်မှု 'စေတသောအဘိနိရောပနာ'၊
ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို မနှိပ်စက် မညှဉ်းပန်းမှုသဘော 'အဝိဟိံသဓာတ်' (အဝိဟိံသဝိတက်)ဟု ဆိုအပ်၏။

တစ်နည်းဆိုသော် သတ္တဝါတို့၌ အကြင် သနားကြင်နာမှု 'ကရုဏာ'၊
သနားကြင်နာပုံ အခြင်းအရာ 'ကရုဏာယနာ'၊
သနားကြင်နာတတ်သူ၏ အဖြစ် 'ကရုဏာယိတတ္တ'၊
နှိပ်စက် ညှဉ်းဆဲလိုမှု သဘောမှ-
စိတ်ကို လွတ်မြောက်စေသော ကရုဏာ 'ကရုဏာစေတောဝိမုတ္တိ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို
မနှိပ်စက် မညှဉ်းဆဲလိုမှုသဘော 'အဝိဟိံသဓာတ်' (ကရုဏာ)ဟု ဆိုအပ်၏။

ဤဆိုခဲ့ပြီးသော တရားတို့ကား ဓာတ်ခြောက်ပါးတို့တည်း။
ဤသို့ ဤဆက္ကသုံးပါး (၆-ပါးစီပါသော နည်း ၃-မျိုး) တို့သည် ဖြစ်ကုန်၏၊ ထိုဆက္ကသုံးပါးတို့ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ ဖြစ်ကုန်၏။

တစ်နည်း ဓာတ် ၆-ပါး၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

၂။ ကရုဏာ, ကရုဏာယနာ, ကရုဏာယိတတ္ထ= ကရုဏာ (မဟာကုသိုလ်, မဟာကြိယာ, လောကီဈာန်စိတ်တို့၌ ရှိသော ကရုဏာကို ယူရမည်)။ ကရုဏာစေတောဝိမုတ္တိ= အပ္ပနာသို့ရောက်သော ကရုဏာ (ဈာန်စိတ်နှင့် ယှဉ်သော ကရုဏာ)။

ဓါတ် ၆-ပါး သုတ္တန်နည်း အစသို့ --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

၅... အဗျာပါဒဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၅... အဗျာပါဒဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင် အဘယ်သည်
မပျက်စီးစေလိုမှုသဘော 'အဗျာပါဒဓာတ်' မည်သနည်း။

မပျက်စီးစေလိုမှုနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို ...
မပျက်စီးစေလိုမှု သဘော 'အဗျာပါဒဓာတ်' (အဗျာပါဒဝိတက်) ဟု ဆိုအပ်၏။

တစ်နည်းဆိုသော် သတ္တဝါတို့၌ အကြင် ချစ်ခင်မှု 'မေတ္တိ'၊
ချစ်ခင်ပုံ အခြင်းအရာ 'မေတ္တာယနာ'၊
ချစ်ခင်တတ်သူ၏ အဖြစ် 'မေတ္တာယိတတ္တ'၊
စိတ်ကို ဒေါသ= ဗျာပါဒမှ လွတ်မြောက်စေသော မေတ္တာ 'မေတ္တာစေတောဝိမုတ္တိ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို မပျက်စီးစေလိုမှုသဘော 'အဗျာပါဒဓာတ်' (မေတ္တာ) ဟု ဆိုအပ်၏။

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

၁။ မေတ္တိ, မေတ္တာယနာ, မေတ္တာယိတတ္တ= မေတ္တာ (သောဘဏစိတ် ၅၉-ပါးလုံးနှင့် ယှဉ်သော မေတ္တာကို ယူရမည်)။ မေတ္တာ စေတော ဝိမုတ္တိ= အပ္ပနာသို့ ရောက်သော မေတ္တာ (ဈာန်, မဂ်, ဖိုလ်တို့နှင့် ယှဉ်သော မေတ္တာ)။ (အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၇ဝ)

(၆) အဝိဟိံသဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

၎... နေက္ခမ္မဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၎... နေက္ခမ္မဓာတ်
ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် ကာမဂုဏ် ငါးပါးတို့မှ ထွက်မြောက်လိုမှု သဘော 'နေက္ခမ္မဓာတ်' မည်သနည်း။

ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ရှိ၏။
ဤဆိုခဲ့ပြီးသော သဘောကို ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှု သဘော 'နေက္ခမ္မဓာတ်' (နေက္ခမ္မဝိတက်) ဟု ဆိုအပ်၏။

တစ်နည်းဆိုသော်...
အပြစ် မရှိမူ၍ ကောင်းကျိုးကို ပေးတတ်သော 'ကုသလဓမ္မ' ကုသိုလ်တရား အလုံးစုံတို့သည်လည်း ကာမဂုဏ် ငါးပါးတို့မှ ထွက်မြောက်လိုမှု သဘော 'နေက္ခမ္မဓာတ်' မည်၏။

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

(၅) အဗျာပါဒဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

၃... ဝိဟိံသဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၃... ဝိဟိံသဓာတ်
ထိုဓာတ်ခြောက်ပါးတို့တွင်...
အဘယ်သည် နှိပ်စက်ညှဉ်းဆဲမှုသဘော 'ဝိဟိံသဓာတ်' မည်သနည်း။

ညှဉ်းဆဲခြင်းနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ'သည် ရှိ၏။
ဤဆိုခဲ့ပြီးသော သဘောကို
နှိပ်စက်ညှဉ်းဆဲမှုသဘော 'ဝိဟိံသဓာတ်' (ဝိဟိံသဝိတက်)ဟု ဆိုအပ်၏။

ဤလောက၌ အချို့သူသည် လက်ဖြင့် လည်းကောင်း, ခဲဖြင့် လည်းကောင်း, တုတ်ဖြင့် လည်းကောင်း, (ဓားလှံစသော) လက်နက်ဖြင့် လည်းကောင်း, ကြိုးဖြင့် လည်းကောင်း တစ်ခုခုဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲ၏၊ ဤသို့ သဘောရှိသော အကြင် နှိပ်စက်မှု 'ဟေဌနာ'၊ လွန်စွာနှိပ်စက်မှု 'ဝိဟေဌနာ'၊ ညှဉ်းဆဲမှု 'ဟိံသနာ'၊ အထူးညှင်းဆဲမှု 'ဝိဟိံသနာ'၊ ခြုတ်ခြယ်မှု 'ရောသနာ'၊ လွန်စွာခြုတ်ခြယ်မှု 'ဝိရော သနာ'၊ သူတစ်ပါးတို့ကို ညှဉ်းဆဲသတ်ဖြတ်မှု 'ပရူပဃာတ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို
နှိပ်စက်ညှဉ်းဆဲမှု သဘော 'ဝိဟိံသဓာတ်' (ဝိဟိံသဝိတက်)ဟု ဆိုအပ်၏။

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

(၄) နေက္ခမ္မဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

၂... ဗျာပါဒဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၂... ဗျာပါဒဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင်...
အဘယ်သည် ပျက်စီးစေလိုမှု သဘော 'ဗျာပါဒဓာတ်' မည်သနည်း။

ပျက်စီးစေလိုမှုနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ရှိ၏၊
ဤဆိုခဲ့ပြီးသော သဘောကို ပျက်စီးစေလိုမှု သဘော 'ဗျာပါဒဓာတ်'
(ဗျာပါဒဝိတတ်) ဟု ဆိုအပ်၏။

တစ်နည်းအားဖြင့်ကား...
ရန်ငြိုးဖွဲ့ခြင်းအကြောင်း (ဒေါသဖြစ်ကြောင်း) ဆယ်ပါးတို့ကြောင့်
စိတ်၏ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု, စိတ်ကို ပျက်စီးစေမှု, ညှင်းဆဲမှု) 'အာဃာတ'၊
လွန်စွာ ရန်ငြိုးဖွဲ့မှု 'ပဋိဃာတ'၊
အာရုံ၌ ထိပါးမှု မုန်းထားမှု 'ပဋိဃ'၊
လွန်စွာဆန့်ကျင်မှု 'ပဋိဝိရောဓ'၊
စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း 'ကောပ'၊
လွန်စွာစိတ်ဆိုးခြင်း လွန်စွာအမျက်ထွက်ခြင်း 'ပကောပ'၊
အလွန်ပြင်းစွာ စိတ်ဆိုးခြင်း အလွန်ပြင်းစွာ အမျက်ထွက်ခြင်း 'သမ္ပကောပ'၊
ဖျက်ဆီးပြစ်မှားခြင်း 'ဒေါသ'၊
လွန်စွာဖျက်ဆီး ပြစ်မှားခြင်း 'ပဒေါသ'၊
အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်း 'သမ္ပဒေါသ'၊
စိတ်၏ ဖောက်ပြန်ခြင်း 'စိတ္တဿဗျာပတ္တိ'၊
စိတ်၏ ပျက်စီးခြင်း သဘော 'မနောပဒေါသ'၊
အမျက်ထွက်ခြင်း 'ကောဓ'၊
အမျက်ထွက်ပုံ အခြင်းအရာ 'ကုဇ္ဈနာ'၊
အမျက်ထွက်တတ်သူ၏ အဖြစ် 'ကုဇ္ဈိတတ္တ'၊
ဖျက်ဆီး ပြစ်မှားခြင်း သဘော 'ဒေါသ'၊
ဖျက်ဆီးပြစ်မှားပုံ အခြင်းအရာ 'ဒုဿနာ'၊
ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ် 'ဒုဿိတတ္တ'၊
ဖောက်ပြန် ပျက်စီးခြင်းသဘော 'ဗျာပတ္တိ'
ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ 'ဗျာပဇ္ဇနာ'၊
ဖောက်ပြန် ပျက်စီးတတ်သူ၏အဖြစ် 'ဗျာပဇ္ဇိတတ္တ'
ဆန့်ကျင်မှု 'ဝိရောဓ'၊ လွန်စွာဆန့်ကျင်မှု'ပဋိဝိရောဓ'၊
ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) 'စဏ္ဍိက္က'၊
ကောင်းမွန်စွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) 'အသုရောပ'၊
စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏ အဖြစ် (စိတ်တိုင်း မကျသည်၏ အဖြစ်, ဝမ်းမြောက်ခြင်း မရှိသည်၏ အဖြစ်) 'အနတ္တမနတာစိတ္တဿ' သည် (ရှိ၏)။

ရန်ငြိုးဖွဲ့ကြောင်း = ဒေါသဖြစ်ကြောင်း ၁ဝ-ပါး
ဤဆိုခဲ့ပြီးသော သဘောကို
ပျက်စီးစေလိုမှုသဘော 'ဗျာပါဒဓာတ်' ဟု ဆိုအပ်၏ (ဒေါသ)။ (ဏီ၊ ပဒ-၁၂၃၇)

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

၁။
(၁) ငါ့ကို အကျိုးမဲ့ဖြစ်အော
င် မကြီးပွားအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၂) ငါ့ကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၃) ငါ့ကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်လတ္တံဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၄) ငါချစ်ခင်သောသူကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၅) ငါချစ်ခင်သော သူကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၆) ငါချစ်ခင်သော သူကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်လတ္တံ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၇) ငါမုန်းသော သူကို အကျိုးရှိ အောင် ကြီးပွားအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၈) ငါမုန်းသော သူကို အကျိုးရှိအောင် ကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၉) ငါမုန်းသော သူကို အကျိုးရှိအောင် ကြီးပွါး အောင် သူပြုကျင့်လတ္တံ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၁ဝ) မိုးအလွန်ရွာလျှင် မိုးကလဲရွာလိုက်တာ စသည့်ဖြင့် အကြောင်းအရာ မဟုတ်သည်၌ စိတ်ဆိုး အမျက်ထွက်ခြင်း၊


အဘိ-၁၊ နှာ-၂၁၆။ အဘိ-၂၊ နှာ-၄ဝ၅။ အဘိ၊ ဋ္ဌ၊ ၁၊ နှာ-၃၉၉။ အာဃာတ ဝတ္တုဆယ်ပါး (ဏီ၊ ပဒ-၁၂၃၇၊ နှာ၂၄၄)

၂။ ဗျာပတ္တိ= (ဝိ= ဖောက်ပြန်ခြင်း။ အာပတ္တိ= ရောက်ခြင်း) ဖောက်ပြန်ခြင်းသို့ရောက်ခြင်း။
၃။ ''ဗျာပဇ္ဇိတတ္တ'ပုဒ်မှာ ဤကျမ်း၌ ကျကျန်နေခဲ့သည်၊ ဓမ္မသင်္ဂဏီ နှာ-၂၁၆ ၌ ပါရှိသဖြင့် ထည့်သွင်း ပြန်ဆိုလိုက်သည်။



(၃) ဝိဟိံသဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

၁... ကာမဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၁... ကာမဓာတ်
ထိုဓာတ်ခြောက်ပါးတို့တွင် ...
အဘယ်သည် ကာမဂုဏ်ငါးပါးတို့၌ လိုချင်မှု သဘော 'ကာမဓာတ်' မည်သနည်း။

ကာမဂုဏ် ငါးပါးတို့နှင့်စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'၊
ပြင်းစွာ ကြံစည်မှု 'သင်္ကပ္ပ'၊
အာရုံသို့ မြဲမြံစွာ ရောက်စေမှု 'အပ္ပနာ'၊
အာရုံသို့ မြဲမြံစွာ အထူးရောက်စေမှု 'ဗျပ္ပနာ'၊
စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးမှု 'စေတသောအဘိနိရောပနာ'၊
မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ရှိ၏၊
ဤဆိုခဲ့ပြီးသော သဘောကို ကာမဂုဏ်ငါးပါးတို့၌ လိုချင်မှုသဘော 'ကာမဓာတ်' (ကာမဝိတက်)ဟု ဆိုအပ်၏။
အောက်အဖို့အားဖြင့် အဝီစိငရဲကို ပိုင်းခြား အဆုံးပြုထား၍ (အဝီစိငရဲကို အောက်ဆုံးထား၍) အထက်အဖို့အားဖြင့် ပရနိမ္မိတဝသဝတ္တိ နတ်ပြည်ကို အတွင်းပြု၍ (ပရနိမ္မိတဝသဝတ္တိနတ်ပြည်ကို အထက်ဆုံးထား၍) ဤ (အောက်ဆုံး အထက်ဆုံး ဘုံ၂ခုနှင့်တကွ ယင်းဘုံ ၂-ခု) အတွင်းဘုံတို့၌ ကျင်လည် သက်ဝင်၍ ဖြစ်တတ်သော, ဤဘုံတို့၌ အကျုံးဝင်သော အကြင်ခန္ဓာ, အာယတန, ဓာတ်သည် ရှိ၏၊ ရုပ်၊ ခံစားမှု 'ဝေဒနာ'၊ မှတ်သားမှု 'သညာ'၊ ပြုပြင်မှု 'သင်္ခါရ'၊ အထူးသိမှု (စိတ်) 'ဝိညာဏ်' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော တရားတို့ကို ကာမဓာတ်ဟု ဆိုအပ်၏ (ကာမ ၁၁-ဘုံ၌ ကျင်လည်သက်ဝင်သော ခန္ဓာ ၅-ပါး, အာယတန, ဓာတ်အားလုံးသည် ကာမဓာတ် ဖြစ်သည်)။ (ဏီ၊ ပဒ-၁၂၈၇)

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

(၂) ဗျာပါဒဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဓာတ် ၆-ပါး သုတ္တန်နည်း...

သုတ္တန်နည်း... ဓာတ် ၆-ပါး..

(၁) ကာမဂုဏ်ငါးပါးတို့၌ လိုချင်တပ်မက်မှုသဘော 'ကာမဓာတ်'၊
(၂) ပျက်စီးစေလိုမှုသဘော 'ဗျာပါဒဓာတ်'၊
(၃) နှိပ်စက် ညှဉ်းဆဲလိုမှုသဘော 'ဝိဟိံသဓာတ်'၊
(၄) ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုသဘော 'နေက္ခမ္မဓာတ်'၊
(၅) မပျက်စီးစေလိုမှုသဘော 'အဗျာပါဒဓာတ်' (မေတ္တာ)၊
(၆) မနှိပ်စက် မညှင်းဆဲလိုမှုသဘော 'အဝိဟိံသဓာတ်' (ကရုဏာ) တို့တည်း။*၁

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

*၁အကုသလဝိတက် ၃-ပါး (မိစ္ဆာသင်္ကပ္ပ) နှင့် ကုသလဝိတက် ၃-ပါး (သမ္မာသင်္ကပ္ပ) ပင် ဖြစ်သည်။ အကုသလဝိတက် ၃-ပါး = (၁) ကာမဓာတ်= ကာမဝိတက်၊ (၂) ဗျာပါဒဓာတ်= ဗျာပါဒဝိတက်၊ (၃) ဝိဟိံသဓာတ်= ဝိဟိံသဝိတက်။ ကုသလ ဝိတက်၃-ပါး= (၄) နေက္ခမ္မဓာတ်= နေက္ခမ္မဝိတက်၊ (၅) အဗျာပါဒဓာတ်= အဗျာပါဒဝိတက်၊ (၆) အဝိဟိံသဓာတ်= အဝိဟိံသဝိတက်။

(၁) ကာမဓာတ်--->
(၂) ဗျာပါဒဓာတ်--->
(၃) ဝိဟိံသဓာတ်--->
(၄) နေက္ခမ္မဓာတ်--->
(၅) အဗျာပါဒဓာတ်--->
(၆) အဝိဟိံသဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။