နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, June 23, 2009

ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်၏...

ဟိရီဂါရဝသုတ်

ရဟန်းတို့ ဤညဥ့်၌ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံ အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင် ကိုယ်ဝါဖြင့် တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား ဤစကားကို လျှောက်၏-

အသျှင်ဘုရား…
ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ…

မြတ်စွာဘုရား၌ ရိုသေမှု၊
တရား၌ ရိုသေမှု၊
သံဃာ၌ ရိုသေမှု၊
အကျင့်သိက္ခာ၌ ရိုသေမှု၊
သမာဓိ၌ ရိုသေမှု၊
မကောင်းမှုမှ ရှက်ခြင်း၌ ရိုသေမှု၊
မကောင်းမှုမှ ကြောက်ခြင်း၌ ရိုသေမှုတို့ ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည်
ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ ဟု လျှောက်၏။

ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ ပင် ကွယ်ပျောက်လေ၏'' ဟု မိန့်တော်မူ၏။


လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှု ရှိ၏၊ ဟိရီသြတ္တပ္ပနှင့် ပြည့်စုံ၏၊ တုပ်ဝပ်မှု အလေး အမြတ် ပြုမှုရှိ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည် သာလျှင် ဖြစ်၏။ 33
၂ - ဟိရီဂါရဝသုတ်၊ ဒေဝတာဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: