နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 10, 2008

ဆင်းရဲကို မနှစ်သက်ကုန် ဆင်းရဲကို ကြောက်ကြပါမူ-

သင်တို့သည် ဆင်းရဲကို မနှစ်သက်ကုန် ဆင်းရဲကို ကြောက်ကြပါမူ-

ကုမာရကသုတ်

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏၊
လမ်းခရီးတစ်နေရာတွင် ငါးဖမ်းနေကြကုန်သော သူငယ်တို့ကိုမြင်၍၊
သူငယ်တို့ သင်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ ဆင်းရဲမှကြောက်ကြကုန်၏လော၊

မှန်လှပါ အရှင်ဘုရား-
တပည့်တော်တို့သည် ဆင်းရဲကိုကြောက်ကြပါကုန်၏။

သင်တို့သည် ဆင်းရဲကို မနှစ်သက်ကုန် ဆင်းရဲကို ကြောက်ကြပါမူ၊
မျက်မှောက်၌ဖြစ်စေ မျက်ကွယ်၌ဖြစ်စေ၊
မကောင်းမှုကို မပြုကြပါကုန်လင့်၊
သင်တို့သည် ယုတ်မာသော မကောင်းမှုကံကို ယခုလည်းပြု
နောင်လည်းပြုမည်ဖြစ်ကြမူ ထွက်ပြေးတိမ်းရှောင်ကုန်သော်လည်း
သင်တို့အား ဆင်းရဲမှ လွတ်မြောက်မှုမရှိနိုင်ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဥဒါန်းပါဠိတော် မြန်မာပြန်၊ စာ-၁၂၃။

သင်္ကန်းကို လှူရခြင်း၏ အကျိုးဆက်ကြောင့်-

ငါသည် အ၀တ်သင်္ကန်းကို လှူရခြင်း၏ အကျိုးဆက်ကြောင့်-

ဥဒကပုဉ္ဆနာနိသံသ

မြတ်စွာဘုရားအား လည်းကောင်း၊
အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအား လည်းကောင်း၊
ရေသုတ်ပုဆိုး(အ၀တ်သင်္ကန်း)တို့ကို ပေးလှူခဲ့ရသောကြောင့်
ငါသည် လျောက်ပတ်သော ဤအကျိုးငါးမျိုးကို ခံစားရပေ၏။

၁။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏၊
၂။ မြူအညစ်အကြေးကင်း၏၊
၃။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်၏၊
၎။တန်ခိုးကြီးမား၏၊
၅။ ငါ၏ကိုယ်သည် ပြေပြစ်၏၊ ငါသည် ဤအကျိုးတို့ကို ရရှိပေ၏။

ထေရာပဒါန်၊ ပထမ၊ စာ-၃၇၃။

Wednesday, April 9, 2008

အလွန်ကြီးလေးသော အကုသိုလ်ကံ ၆-ပါး-


အလွန်ကြီးလေးသော အကုသိုလ်ကံ ၆-ပါး-


အဘိဌာနာနိ-

၁။ မာတုဃာတ၊ အမိကိုသတ်ခြင်း။
၂။ ပိတုဃာတ၊ အဖကိုသတ်ခြင်း။
၃။ အရဟန္တဃာတ၊ ရဟန္တာကိုသတ်ခြင်း။
၎။ လောဟိတုပ္ပါဒ၊ မြတ်စွာဘုရားအား သွေးစိမ်းတည်အောင်ပြုခြင်း။
၅။ သံဃဘေဒ၊ သံဃာကို ကွဲအောင်ပြုခြင်း၊ ဂိုဏ်းခွဲခြင်း။
၆။ အညသတ္ထာရုဒ္ဒေသ၊ ဘုရားမှတစ်ပါး အခြားဆရာကိုညွှန်ခြင်း။

သေခြင်းလေးမျိုးရှိပေသည်-

သေခြင်းလေးမျိုးရှိပေသည်-

၁။ အသက်တန်းကုန်၍ သေရခြင်း။
၂။ ကံကုန်၍ သေရခြင်း။
၃။ သက်တန်းနှင့် ကံကုန်၍ သေရခြင်း။
၎။ အခြားပယောဂ တစ်ခုခုကြောင့် သေရခြင်း။

ပထမ သေခြင်းသုံးမျိုးကို
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်တို့သော်မှ မလွန်နိုင် သေရိုးသေစဉ် ဓမ္မတာဖြစ်သည်။
သေချိန်မရောက်သေးဘဲ သေရခြင်းသည် အကာလမရဏဖြစ်သည်။

မသေသေးခင် တို့တတွေဘာလုပ်ကြမလဲ ?

ကိုးကွယ်ရာလေးပါး-

ကိုးကွယ်ရာလေးပါး-

ဗုဒ္ဓသာသနာ၌
၁။ ဘုရား၊
၂။ တရား၊
၃။ သံဃာ၊
၎။ ကုသိုလ်ကံတည်းဟူသော ကိုးကွယ်ရာလေးပါးရှိသည်။

ဘုရား တရား သံဃာ ကိုးကွယ်ရာ သုံးပါးကား သာသနာတွင်း၌သာရှိသည်။
ကုသိုလ်ကံကား သာသနာတွင်း၌လည်းကောင်း၊
သာသနာပ၌လည်းကောင်း အခါခပ်သိမ်းရှိသည်။
လောက၌ ကုသိုလ်ကံတည်းဟူသော ကိုးကွယ်ရာနှင့်
ကင်းကွာသည့် အခါကာလဟူ၍မရှိ၊
ယခုအခါသည် ဘုရားသာသနာအတွင်း၌ဖြစ်၍ ကိုးကွယ်ရာအစုံအလင်ရှိ၏။
သို့ပါလျက် ကိုးကွယ်ရာတို့ကို ပြစ်ပယ်ပြီး
အတိတ်က ကံကြွင်းဖြင့်သာ နေကြလျှင် အမှားကြီးမှား၏။

မည်သည့်ကုသိုလ်ကံမျိုးကမှ မတားမြစ်နိုင်-

မည်သည့်ကုသိုလ်ကံမျိုးကမှ မတားမြစ်နိုင်သောတရား ၁၀-ပါး

ကာယာနုဂတတရား ၁၀-ပါး

မည်သူမဆို ကိုယ်ကာယ ရရှိသူတိုင်းကို
အစဉ်အမြဲလိုက်၍ နှိပ်စက်တတ်သော တရားမျိုးဖြစ်သည်။

(၁) သီတံ- အေးခြင်း၊
(၂) ဥဏှံ- ပူခြင်း၊
(၃) ဇိဃစ္ဆာ- ဆာလောင်ခြင်း၊
(၄) ပိပါသာ- ရေငတ်ခြင်း၊
(၅) ဥစ္စာရော- ကျင်ကြီးစွန့်ရခြင်း၊
(၆) ပဿာဝ- ကျင်ငယ်စွန့်ရခြင်း၊
(၇) ထိနမိဒ္ဓ- အိပ်ငိုက်ခြင်း၊
(၈) ဇရာ- အိုရခြင်း၊
(၉) ဗျာဓိ- နာရခြင်း၊
(၁၀) မရဏ- သေရခြင်း။

ဆဋ္ဌ-မိလိန္ဒပဥှာ ၂၄၆။

စိန္တာမဏိဂါထာ-

စိန္တာမဏိဂါထာ- အနက်အဓိပ္ပါယ်

၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
၃။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိဂါထာ- အနက်အဓိပ္ပါယ်

၁။ စိန္တာမဏိ ရတနာနိ၊ ကြံစည်တိုင်း အလိုကိုပြည့်စေနိုင်သော ရတနာတို့သည်။
ဗုဒ္ဓံ၊ ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။
ဗုဒ္ဓရတနာနံ၊ ဘုရားတည်းဟူသော ရတနာကို။
သရဏံ၊ ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။
ကရံ ကရေန္တာ၊ ပြုထိုက်သည်ဖြစ်၍။
ကရတိ၊ ပြုသောသူ၌။
ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀၊ ဆောလျင်စွာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိ ရတနာနိ၊ ကြံစည်တိုင်း အလိုကိုပြည့်စေနိုင်သော ရတနာတို့သည်။
ဓမ္မံ၊ တရားတည်းဟူသော ရတနာမြတ်ပေတည်း။
ဓမ္မရတနာနံ၊ တရားတည်းဟူသော ရတနာတို့ကို။
သရဏံ၊ ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။
ကရံ ကရေန္တာ၊ ပြုထိုက်သည်ဖြစ်၍။
ကရတိ၊ ပြုသောသူ၌။
ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀၊ ဆောလျင်စွာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိ ရတနာနိ၊ ကြံစည်တိုင်း အလိုကိုပြည့်စေနိုင်သော ရတနာတို့သည်။
သံဃံ၊ သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။
သံဃရတနာနံ၊ သံဃာတည်းဟူသော ရတနာတို့ကို။
သရဏံ၊ ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။
ကရံ ကရေန္တာ၊ ပြုထိုက်သည်ဖြစ်၍။
ကရတိ၊ ပြုသောသူ၌။
ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀၊ ဆောလျင်စွာလျှင်။
သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

စိန္တာမဏိ ဂါထာ စိန္တာမဏိဂါထာ

ရာဂ ဒေါသ မောဟကုန်ရာ အကျင့်မြတ်သည်ကား-

အရှင်ဘုရား အကျင့်မြတ်သည် အဘယ်ပါနည်း။
အကျင့်မြတ်၏ အဆုံးကား အဘယ်ပါနည်း။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အကျင့်မြတ်တည်း။

၁။ မှန်ကန်သောအမြင်၊ သမ္မာဒိဋ္ဌိ။
၂။ မှန်ကန်သော အကြံအစည်၊ သမ္မာသင်္ကပ္ပ။
၃။ မှန်ကန်သော စကားကို ပြောဆိုခြင်း၊ သမ္မာဝါစာ။
၎။ မှန်ကန်သော အမှုကို ပြုခြင်း၊ သမ္မာကမ္မန္တ။
၅။ မှန်ကန်သော အသက်မွေးခြင်း၊ သမ္မာအာဇီဝ။
၆။ မှန်ကန်သော အားထုတ်ခြင်း၊ သမ္မာဝါယာမ။
၇။ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း၊ သမ္မာသတိ။
၈။ မှန်ကန်သော စိတ်တည်ကြည်ခြင်း၊ သမ္မာသမာဓိ။

စွဲမက်မှု ရာဂကုန်ရာ၊ အမျက်ထွက်မှု ဒေါသကုန်ရာ၊ တွေဝေမှု မောဟကုန်ရာသည်
အကျင့်မြတ်၏ အဆုံးဖြစ်၏ဟု မြတ်စွာဘုရား မိန့်တော်မူ၏။

အညတရဘိက္ခု၊ အ၀ိဇ္ဇာဝဂ်၊ မဟာဝဂ္ဂသံယုတ်၊ စာ-၇။

Tuesday, April 8, 2008

ရဟန်းတို့ဖြစ်နိုင်သော ဒုက္ခ ၅-ပါး-

ရဟန်းတော်များ ခံစားရသည့် ဆင်းရဲခြင်းငါးပါး။

(၁) စီဝရ အသန္တုဋ္ဌ၊
ရရှိနေသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၂) ပိဏ္ဍပါတ အသန္တုဋ္ဌ၊
ရရှိနေသော ဆွမ်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၃) သေနာသန အသန္တုဋ္ဌ၊
ရရှိပြီးသော ကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၄) ဘေသဇ္ဇ အသန္တုဋ္ဌ၊
ရရှိပြီးသော လက်ရှိဆေးဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၅) ဗြဟ္မစရိယ အနဘိရတ၊
ရဟန်းကျင့်ဝတ်၌ မပျော်ပိုက် မကျင့်ကြံနိုင်သော ရဟန်း၊