နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, October 19, 2009

ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော် လက်အုပ်ချီခြင်းငှါ ခံထိုက်၏...

သီလသုတ်

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

စောင့်ထိန်းမှု 'သီလ' နှင့် ပြည့်စုံ၏၊
တည်ကြည်မှု 'သမာဓိ' နှင့် ပြည့်စုံ၏၊
သိမှု 'ပညာ' နှင့် ပြည့်စုံ၏။
ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ် နှင့် ပြည့်စုံ၏။
အရဟတ္တဖိုလ်ကို သိသော ဉာဏ်အမြင် 'ပစ္စဝေက္ခဏာဉာဏ်' နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်း ပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန် အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ ဟု မိန့်တော်မူ၏။ 107

၇ - သီလသုတ်၊ ဖာသုဝိဟာရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

2 comments:

flowerpoem said...

သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံအောင်ကြိုးစားအားထုတ် ပါ့မယ်ဘုန်း၂ ဘုရား

U Lawkanartha said...

သာဓုခေါ်ပါတယ် ဒကာမကြီး flowerpoem ရေ...

လူ့ဘ၀ဆိုတာ ရေပွက်ပမာ
ရေပေါ်မှာ တခဏသာ နေရတာ
အသက်ဝအောင် ရှုလိုက်ပါ ဆိုတာလိုပါပဲလေ...

လူ့ဘ၀လေးရတုန်း ဖြည့်လိုက်ကြပါ သီလ သမာဓိ ပညာ...