နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, October 26, 2009

ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည်...

သုဒတ္တသုတ် -(အနာထပိဏ်သူဌေးအမည်)

ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဒါယကာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည် အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁... အသက်ကို ပေးလှူသည် မည်၏၊
၂... အဆင်း ကို ပေးလှူသည် မည်၏၊
၃... ချမ်းသာကို ပေးလှူသည် မည်၏၊
၎... ခွန်အားကို ပေးလှူသည် မည်၏။

အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက် သော်လည်းကောင်းရှည်ရန် ဖြစ်၏၊ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်။ ခွန်အားကို ပေးလှူသည် မည်ခြင်း ကြောင့် နတ်ခွန်အားသော် လည်းကောင်း၊ လူခွန်အားသော် လည်းကောင်း ကြီးရန် ဖြစ်၏။

ဒါယကာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည် အလှူခံ ပုဂ္ဂိုလ်တို့အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ ဟု မိန့်တော်မူ၏။

အကြင်သူသည် (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းတတ်ကုန်သော သူတစ်ပါးတို့ ပေးလှူသည်ကိုသာ စားရကုန်သော ပုဂ္ဂိုလ်တို့အား သင့်လျော်သော အခါကာလ၌ ရိုသေစွာ ဘောဇဉ်ကို ပေးလှူ၏၊ ထိုသူသည် အသက်ကို လည်းကောင်း၊ အဆင်းကို လည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ခွန်အားကို လည်းကောင်း ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။ အသက် အဆင်း ချမ်းသာ ခွန်အားကို ပေးလှူတတ်သူသည် အကြင် အကြင် ဘုံဌာန၌ ဖြစ်၏၊ ထို ထို ဖြစ်လေရာရာ ဘုံဌာန၌ အသက်ရှည်ခြင်းသည် လည်းကောင်း၊ အခြံအရံများ ခြင်းသည် လည်းကောင်း ဖြစ်ရလေသတည်း။ 58

၈ - သုဒတ္တသုတ်၊ ပုညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: