နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 15, 2009

သိင်္ဂါလ...



ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏...

သိင်္ဂါလသုတ်

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။
ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ညဥ့်၏ မိုးသောက်ချိန်၌ ညည်းညူသော မြေခွေးအို၏အသံကို ကြားဖူးကြကုန်၏လော၊ အသျှင်ဘုရား ကြားဖူးပါကုန်၏။ ရဟန်းတို့ ထိုမြေခွေးအိုသည် ဥက္ကဏ္ဍကအမည် ရှိသော ဝဲနာရောဂါဖြင့် တွေ့ထိအပ်သည်ဖြစ်၍ တွင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်းရင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင်သို့ ရောက်သော် လည်း မမွေ့လျော်၊ သွားလေရာရာ ရပ်လေ ရာရာ ထိုင်လေရာရာ အိပ်လေရာရာ အရပ်တိုင်း၌ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်ရ၏။

ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်ရကား ဆိတ်ငြိမ်ရာအရပ်သို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်းရင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင်သို့ ရောက်သော် လည်း မမွေ့လျော်၊ သွားလေရာရာ ရပ်လေရာရာ ထိုင်လေရာရာ အိပ်လေရာရာ အရပ်တိုင်း၌ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ရ၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။
ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 164

၈ - သိင်္ဂါလသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: