နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, October 28, 2009

ရိုသေမှု ရှိသော ထိုရဟန်းသည်...

ဒုတိယ အဂါရဝသုတ် မှ...

ရဟန်းတို့ ရိုသေမှု တုပ်ဝပ်မှု တူသော အသက်မွေးမှု ရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လတ်သော် ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤ အကြောင်းမျိုးသည် ရှိနိုင်၏။

ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လတ်သော် သီလအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

သီလအစုကို ဖြည့်ကျင့်လတ်သော် သမာဓိအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

သမာဓိအစုကို ဖြည့်ကျင့်လတ်သော် ပညာအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏ ဟု (မိန့်တော်မူ၏)။ 22

၂ - ဒုတိယ အဂါရဝသုတ်၊ မှ ၊ပဉ္စင်္ဂိကဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: