နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, October 27, 2009

ကျော်လွန်ခဲ့ပြီးသော ကမ္ဘာအရေအတွက်ကို ရေတွက်ခြင်းငှါ မရနိုင်...

သာဝကသုတ်


သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်။ပ။ မြတ်စွာဘုရားအား ''အသျှင်ဘုရား ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် အဘယ်မျှလောက် များပါကုန်သနည်း''ဟု လျှောက်၏။ ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် များလှကုန်၏၊ ထိုလွန်ကုန်ပြီးသော ကမ္ဘာတို့ကို ''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအရာတို့''ဟူ၍လည်းကောင်း၊ ''ဤမျှ သော ကမ္ဘာအထောင်တို့'' ဟူ၍လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်း'' တို့ ဟူ၍ လည်းကောင်း ရေတွက် ခြင်းငှါ မလွယ် ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်းတို့ တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့ ဤသာသနာတော်၌ အနှစ် တစ်ရာ အသက်တမ်းရှိသည် ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော တပည့် 'သာဝက' လေးယောက်တို့သည် နေ့တိုင်း နေ့တိုင်း ကမ္ဘာကပ်ပေါင်းတစ်သိန်း ကမ္ဘာကပ်ပေါင်း တစ်သိန်းကို အောက်မေ့ကုန်ရာ၏၊ ထိုသို့ အောက်မေ့စဉ် အနှစ်တစ်ရာ အသက်တမ်း ရှိသည်ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော ဤတပည့် 'သာဝက' လေးယောက်တို့သည် အနှစ်တစ်ရာ ကို လွန်သောအခါ၌ သေခြင်းကို ပြုကုန်ရာ၏၊ ရဟန်းတို့ ထိုတပည့် 'သာဝက' လေးယောက်တို့သည် ကမ္ဘာတို့ကို ကုန်အောင် မအောင့်မေ့နိုင်သည်သာတည်း။

ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် ဤသို့ များလှကုန်၏၊ ထိုကမ္ဘာတို့ကို ''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာ အရာတို့''ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအထောင်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကုန်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။
လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 130

၇ - သာဝကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

5 comments:

Cho said...

Thank you for this post. But I am not so sure about that our Buddha cannot know what the beginning of lives. " ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။" Our Buddha is supposed to know and understand everything in this world and universe. Does our Buddha really reply like that in it? I would appreciate if you could explain about it.

ဦးလောကနာထ said...

Cho ရေ...

ဒါ့ကြောင့်ဘုရားလို့ ခေါ်ပါတယ်...
နားလည်အောင် နှလုံးသွင်းပါ...

ပြောတဲ့သူ သင်တဲ့သူ ဘယ်လောက်ပဲပြောပြော သင်သင်ပေါ့...
နှလုံးသွင်းတဲ့သူဘက်ကလည်း အရေးကြီးပါတယ်...
သာမန်အဓိပ္ပါယ်လေးတွေတောင်မှ သဘောပေါက်လွဲနေကြတာပါ...
ဘုန်းကြီးတို့ ဆင်းရဲနေကြရတာ နှလုံးသွင်း မမှန်ကြသေးလို့...
ရိုးရိုးပြောရရင်တော့ အမှန်မသိကြသေးလို့ပေါ့...
အမှန်သိသွားတဲ့ကိစ္စမှန်သမျှဟာ အမှားကင်းသွားစေတယ်...
အမှားကင်းတော့ မကောင်းကျိုးတွေ မပေးတော့ဘူးပေါ့...
ဒါ့ကြောင့်ဘုန်းကြီးတို့တွေ အမှန်သိအောင် ကြိုးစားနေကြရတယ်...

မြတ်ဗုဒ္ဓကတော့ အမှန်သိသွားပါပြီ...
သိသွားတာမှ သိစရာမှန်သမျှ မကျန်ရအောင်ကို သိသွားပါတယ်...
ဒါပေမဲ့ သံသရာရဲ့အစကို မသိနိုင်လို့လဲ ဆိုပြန်တယ်...
ဒီနေရာမှာ များသောအားဖြင့် သဘောမပေါက် ဖြစ်သွားတတ်ပါတယ်...

ဘုန်းကြီးတို့က အရာရာကို အမှန်မသိတဲ့အတွက်ကြောင့် ဟုတ်နိုးနိုးနဲ့ ဖြစ်နေကြရပါတယ်...
သံသရာရဲ့အစဆိုတာ ဟိုလောက်များလား ဒီလောက်များလား...
သတ္တဝါတွေရဲ့အစဆိုတာ ဟိုကများလား ဒီကများ စသလား...
စသည် ဇဝေဇဝါနဲ့ပဲ ဘဝတွေ လမ်းဆုံးရတာ မနည်းတော့ပါဘူး...

မြတ်ဗုဒ္ဓကတော့ ဒီလိုမဟုတ်ဖူးလေ...
အမှန်သိတော့ အပိုင်ပြောပါတယ်...
သံသရာရဲ့အစကို မသိနိုင်တဲ့...
ကမ္ဘာတွေ မည်၍မည်မျှ ရေတွက်ခြင်းငှါ မရနိုင်တဲ့...
သတ္တဝါတွေရဲ့အစဟာ ဘယ်ကဆိုတာ မထင်နိုင်တဲ့...
ဒီလို အပိုင်ပြော အတတ်ပြောနိုင်တာကိုက သဗ္ဗညုတဉာဏ်ရဲ့ အစွမ်းပါပဲတဲ့...
ဟိုလိုလို ဒီလိုလို အဖြေမဟုတ်ဖူးနော်...
တိတိကျကျ ပြောတာပါ...

ဒီမေးခွန်းမျိုး ဘုန်းကြီးကိုများမေးရင် ဘယ်လိုဖြေမလဲဆို...
အင်း... သံသရာရဲ့အစဆိုတာ ဟိုဟာနေမှာပါ ဒါလည်းဖြစ်နိုင်ပါတယ်...
သတ္တဝါတွေရဲ့အစဆိုတာလား...
ဟို ရေညှိကလို့လည်း ပြောကြတယ်လေ...
မြောက်ကြီးကစဖြစ်တယ်ဆိုတာလည်း အင်း... ဟုတ်ချင်ဟုတ်မှာပေါ့...
ဒီလိုနဲ့ပဲ ဟိုလိုလို ဒီလိုလို အဖြေတွေပဲရမှာပါ... တိတိကျကျအဖြေမရပါဘူး...

ခု မြတ်ဗုဒ္ဓကတော့ တိကျတယ်နော်...
ရေတွက်လို့မရဆိုတာကို တိတိကျကျပြောရဲပါတယ်...

ဒီကိစ္စတွေနဲ့ပါတ်သက်ပြီး သုတ်အားလုံးမှာ မြတ်ဗုဒ္ဓက ဥပမာတွေနဲ့ ပြထားပါတယ်...
ဒီဥပမာထဲမှာပါတဲ့ အရေအတွက်လေးတွေကိုပဲ သာမန်လူသားတွေ ဘယ်လိုရေတွက်မယ်ဆိုတာ စဉ်းစားကြည့်ပါလေ...
နံပါတ်စဉ်တွေ ပါးစပ်နဲ့တောင် ဆံ့မထင်ပါဘူး...

ဒကာဒကာမအားလုံးပဲ သေသေချာချာ နှလုံးသွင်းနိုင်ကြပါစေ...
အင်္ဂလိပ်လို နားလည်အောင် မရှင်းတတ်လို့ မြန်မာလိုပဲ ဖြေပေးလိုက်ပါတယ်...

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၁၀.၂၉.၂၀၀၉

ဒါက Cho အတွက်တော့ မဟုတ်ဖူးနော် ကြုံလို့ရေးတာပါ...
နောက်တစ်ခုကတော့ ဘုန်းကြီး မသေချင်သေးဘူး...
လောကကြီးကို ချစ်လွန်းအားကြီး ခင်တွယ်လွန်းလို့တော့ မဟုတ်ပါဘူး...
၂၀၁၂-ခုကိုစောင့်ကြည့်ပြီး မြတ်ဗုဒ္ဓဘက်က လက်မလေး ထောင်ပြချင်သေးလို့ပါ...
ကမ္ဘာကြီးကတော့ ပျက်မှာမဟုတ်ပါဘူး...
ဒုစရိုက်မှုများတဲ့သူ အကုသိုလ်အားကြီးသူများရဲ့ နေရာတွေကတော့ စိတ်မချရဘူးပေါ့...

flowerpoem said...

ဘုန်း၂တပည့်တော် ဘုန်း၂ဖြေကြားပေးသော စာကို လာဖတ်ပါတယ် ဘုရား ဘုန်း၂ ဒါကို ပို့စ်တစ်ခု အနေနဲ့ တင်ပေးရင် ပိုကောင်းပါတယ် ဘုရား

ညခင်း said...

ဘုန်းဘုန်း ဦးချကန်တော့ပါတယ်။ သံသရာဘယ်က စ ရေတွက်ခြင်းငှာမရနိုင်...ဖတ်မှတ်သွားပါတယ်ဘုန်းဘုန်း
ဘုန်းဘုန်းကျန်းမာစွာနဲ့ ခန္ဓာဝန်ကိုရွက်ဆောင်နိုင်ပါစေ။

Cho said...

Firstly I pay homage and respect to our Buddha and you for all these concepts and dhama. What makes me confused is the origin of human being came from Africa and the evolution of great apes, according to the current archaeological findings. Reasonable evidences have already shown for that matter. So, I tend to believe those things because of practical proofs. As a Buddhist, however, I would like to look for whether there is any clue about left from our Buddha. Thank you so much for your answer to suggest me how to think about Buddha's dhama. But, I need to take time to understand these concepts deeply and correctly as Buddha preached. Thank again for answering in Myanmar to make it clear.