နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, October 24, 2009

ဈာန်မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ...


ဥပညာသသုတ် - (အနီး၌ချထားခြင်း၊ စကားဦး)

ရဟန်းတို့ ဈာန်သြဘာသ နိမိတ်မျှလောက်သော ကုသိုလ်တရားတို့၌ မရောင့်ရဲ ခြင်းနှင့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်ရောက်အောင် အားထုတ် လုံ့လပြုရာ၌ မဆုတ်နစ်ခြင်း ဟူသော ဤတရားနှစ်မျိုးတို့၏ ဂုဏ်ကို ငါသည် ကပ်ရောက်၍သိပြီ။ ရဟန်းတို့ ငါသည် ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့ အသား အသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတ္တံ့'' ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်၏။

ရဟန်းတို့ ထိုငါသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မမေ့မလျော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ၊ အတုမရှိသော ယောဂတရားတို့၏ ကုန်ရာ ဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မမေ့မလျော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ။ ရဟန်းတို့ သင်တို့သည်လည်း ''ခန္ဓာကိုယ်၌ အရေအကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသား အသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်တော့ ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန်မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်ကြ ကုန်လော့။

ရဟန်းတို့ သင်တို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့။ ရဟန်းတို့ ထို့ကြောင့် ခန္ဓာကိုယ်၌ ''အရေ အကြော အရိုးသာ ကြွင်းစေတော့၊ အသား အသွေးသည် ခန်းခြောက် စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန်မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်ခြင်း ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတ္တံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု မိန့်တော်မူ၏။ 5

၅ - ဥပညာသသုတ်၊ ကမ္မကရဏဝဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: