နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, December 4, 2008

ခိုးသူကြီးငါးယောက်-

ခိုးသူကြီးငါးယောက်
ဝဂ္ဂုမုဒါ မြစ်ကမ်းနေ ရဟန်းများ ဝတ္ထု မှ...

ရဟန်းတို့......
လောက၌ ဤခိုးသူကြီး ငါးယောက်တို့သည် ထင်ရှားရှိကုန်၏၊

ပထမ သူခိုး ...
ရဟန်းတို့ ဤလောက၌ အချို့သောခိုးသူကြီးအား''ငါသည် ဘယ်အခါ၌ (တပည့်) အရာအထောင်ခြံရံ၍ သတ်လျက် သတ်စေလျက် ဖြတ်လျက် ဖြတ်စေလျက် ချက်ပြုတ်လျက် ချက်ပြုတ်စေလျက် ရွာနိဂုံး မင်းနေပြည်တို့၌ လှည့်လည် ကျက် စားရပါအံ့နည်း''ဟု အကြံအစည်ဖြစ်၏၊ အခါတစ်ပါး၌ ထိုခိုးသူကြီးသည် (တပည့်) အရာ အထောင်ခြံရံ၍ သတ်လျက် သတ်စေလျက် ဖြတ်လျက် ဖြတ်စေလျက် ချက်ပြုတ်လျက် ချက်ပြုတ်စေလျက် ရွာ နိဂုံး မင်းနေပြည်တို့၌ လှည့်လည် ကျက် စားရ၏။

ရဟန်းတို့ .....
ဤအတူပင် ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်အား.....
''ငါသည် အဘယ်အခါ၌ (တပည့်) အရာအထောင် ခြံရံ၍ လူရှင် ရဟန်းတို့၏ ကောင်းသော အပြုအစုခံလျက် အလေးပြုခံလျက် အမြတ်နိုးခံလျက် အပူဇော်ခံ လျက် အရိုအသေခံလျက် သင်္ကန်းဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရသည်ဖြစ်၍ ရွာ နိဂုံး မင်းနေပြည်တို့၌ ဒေသစာရီ လှည့်လည်ရပါအံ့နည်း''ဟု အကြံ ဖြစ်၏။

အခါတစ်ပါး၌ ထိုရဟန်းယုတ်သည် (တပည့်) အရာအထောင် ခြံရံ၍ လူရှင်ရဟန်း တို့၏ ကောင်းသောအပြုအစုခံလျက် အလေးပြုခံလျက် အမြတ်နိုးခံလျက် အပူ ဇော်ခံလျက် အရိုအသေခံလျက် သင်္ကန်းဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါး တို့ကို ရသည်ဖြစ်၍ ရွာ နိဂုံး မင်းနေပြည်တို့၌ ဒေသစာရီ လှည့်လည်ရ၏။

ရဟန်းတို့ ....
ဤသည်ကားလောက၌ ထင်ရှားရှိသော ပဌမ ခိုးသူကြီးပေတည်း။

ဒုတိယ သူခိုး .....
ရဟန်းတို့ ထို့ပြင်လည်း ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်သည် မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်း ဒေသနာတော်ကို သင်ယူ၍ ကိုယ်ပိုင်ပြုထား၏ (ဆရာစားမထား)။ ရဟန်းတို့ ဤသည်ကားလောက ၌ ထင်ရှားရှိသော ဒုတိယ ခိုးသူကြီး ပေတည်း။

တတိယ သူခိုး .....
ရဟန်းတို့ ထို့ပြင်လည်း ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်သည် စင်ကြယ်သော အကျင့်ရှိသော ထက်ဝန်းကျင်စင်ကြယ်သော အကျင့်ကို ကျင့် သော သီတင်းသုံးဘော်ကို အခြေအမြစ်မရှိသော မမြတ်သော အကျင့် (မေထုန် အကျင့်) ဖြင့် စွပ်စွဲ၏။

ရဟန်းတို့ .....
ဤသည်ကားလောက၌ ထင်ရှားရှိသော တတိယ ခိုးသူကြီးပေတည်း။

စတုတ္ထ သူခိုး .....
ရဟန်းတို့ ထို့ပြင်လည်း ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်သည် သံဃာ၏ ဂရုဘဏ် ဂရုပရိက္ခရာဖြစ်ကုန်သော အရံ၊ အရံမြေရာ၊ ကျောင်း၊ ကျောင်းမြေရာ၊ ညောင်စောင်း 'ခုတင်'၊ အင်းပျဉ် 'ခုံရှည်'၊ ဘုံလျှို 'ဖုံ'၊ ခေါင်းအုံး၊ ကြေးအိုး - သံအိုး၊ ကြေးသံအိုးစရည်းကြီး၊ ကြေးသံအင်တွဲ 'အင်တုံ ဇလုံ'၊ ကြေးသံဖျဉ်းအိုး၊ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ ပေါက်တူး၊ ဆောက်၊ နွယ်၊ ဝါး၊ ဖြူဆံမြက်၊ ပြိတ်မြက်၊ (ကြွင်းသော) မြက်၊ မြေညက်၊ သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ (ဤနှစ်ဆယ့် ငါးမျိုး) တို့ဖြင့် လူကို ချီးမြှောက်၏၊ ဖြားယောင်း၏။

ရဟန်းတို့ .....
ဤသည်ကားလောက၌ ထင်ရှားရှိသော စတုတ္ထ ခိုးသူကြီးပေတည်း။

ပဉ္စမ သူခိုးကြီး .....
ရဟန်းတို့ အကြင်ရဟန်းသည် (မိမိသန္တာန်၌)ထင်ရှားမရှိသော မဟုတ်မမှန်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ် တရားကို ဝါကြွား ပြောဆို၏၊
ဤရဟန်းသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွ သော ဤသြကာသလောက၌ လည်းကောင်း၊ ရဟန်း ပုဏ္ဏားနှင့်တကွသော မင်းများ လူများနှင့် တကွသော ဤသတ္တဝါ အပေါင်း၌ လည်းကောင်း အဆိုးဆုံး အကြီးဆုံး ခိုးသူကြီးပေတည်း၊

ထိုသို့ ဖြစ်ရခြင်းသည် အဘယ်ကြောင့်နည်း ဆိုလျှင် ရဟန်းတို့ တိုင်းသူပြည်သား တို့၏ ဆွမ်းကို ခိုး၍ စားသောကြောင့်ပေတည်း။

မိမိသန္တာန်မှာ မြင့်မြတ်သော တရားမရှိဘဲလျက် မြင့်မြတ်သော တရားရှိဟန် ပြောဆိုသောရဟန်းသည် စဉ်းလဲသော ကစားသမား (ငှက်မုဆိုး) ကဲ့သို့ ပြည်သူ တို့၏ ဆွမ်းကို ခိုးစားသည် မည်၏။

သင်္ကန်းကို လည်တွင် သိုင်း၍ ညစ်ညမ်းသော သဘောရှိကုန်သော စောင့်စည်းမှု ကင်းကွာ၍ ယုတ်မာကုန်သော များစွာသော ရဟန်းတို့သည် မကောင်းမှု အကု သိုလ် ကံကြောင့် ငရဲသို့ ကပ်ရောက် ကြရကုန်၏။

အကျင့်သီလမရှိဘဲစောင့်ထိန်းမှု 'သံဝရ' မရှိဘဲ တိုင်းသူပြည်သားတို့ လှူဒါန်း သော ဆွမ်းကို စားခြင်းထက် ရဲရဲညီး ဖုတ်ထားသော သံတွေခဲကို စားရခြင်းက မြတ်သေး၏။
ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ထိုရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း၏။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

စတုတ္ထပါရာဇိက သိက္ခာပုဒ် မှ- ပါရာဇိကတ်ပါဠိတော်။