နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, December 14, 2009

သုဘနိမိတ်သည်...



သုဘနိမိတ်သည်...
ရဟန်းတို့ ဤသုဘနိမိတ်သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူမဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန်ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
ရဟန်းတို့ သုဘနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 11

ပဌမသုတ်။

အသုဘနိမိတ်သည်...
ရဟန်းတို့ ဤအသုဘနိမိတ်သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ် ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှ လည်း ငါမမြင်။

ရဟန်းတို့ အသုဘနိမိတ်ကို သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း ကင်းပျောက်၏ ဟု မိန့်တော်မူ၏။ 16
ဆဋ္ဌသုတ်။
၂၂- နီဝရဏပ္ပဟာနဝဂ်၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: