နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, May 27, 2008

တဏှာအရင်းခံရှိသော တရားကိုးမျိုး-

သူတော်ကောင်းတို့

တဏှာအရင်းခံရှိသော တရားကိုးမျိုးကို ဟောပေအံ့၊

ထိုတရားကိုနာကုန်လော့---

၁။ တဏှာကိုစွဲ၍ ရှာမှီးခြင်းဖြစ်၏၊
၂။ ရှာမှီးခြင်းကိုစွဲ၍ ရခြင်းဖြစ်၏၊
၃။ ရခြင်းကိုစွဲ၍ ကြံစည်ဆုံးဖြတ်ခြင်းဖြစ်၏၊
၎။ ကြံစည်ဆုံးဖြတ်ခြင်းကိုစွဲ၍ ဆန္ဒရာဂဖြစ်၏၊
၅။ ဆန္ဒရာဂကိုစွဲ၍ ငါ ငါ့ဟာဟု အားကြီးသော ဆုံးဖြတ်ခြင်းဖြစ်၏၊
၆။ အားကြီးသော ဆုံးဖြတ်ခြင်းကိုစွဲ၍ သိမ်းဆည်းခြင်းဖြစ်၏၊
၇။ သိမ်းဆည်းခြင်းကိုစွဲ၍ ဝန်တိုခြင်းဖြစ်၏၊
၈။ ဝန်တိုခြင်းကိုစွဲ၍ စောင့်ရှောက်ခြင်းဖြစ်၏၊
၉။ စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့်

တုတ်ကိုင်ခြင်း လက်နက်ကိုင်ခြင်း ခိုက်ရန်ဖြစ်ခြင်း
ငြင်းခုံခြင်း စကားများခြင်း ကုန်းတိုက်ခြင်း အမှားပြောခြင်းဟူသော
များစွာကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။

ဤသည်တို့ကား တဏှာအရင်းခံရှိသော တရားကိုးမျိုးတို့တည်း။

တဏှာမူလကသုတ် အင်္ဂုတ္တိုရ်။