နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၁၀။ ပျက်စီးကြောင်းတရား-

အသက်ကြီးမှ တဏှာထ၍ ပျက်စီးကြောင်းတရား-

အသက်ကြီးမှ တဏှာထ၍ ပျက်စီးကြောင်းတရား

ပျက်စီးခြင်းများ ဟောဖေါ်ကြား မှတ်သားမ၀ပြီ၊
အရှင်၏ဂုဏ် စိတ်မှာထုံ လွှမ်းခြုံကန်တော့သည်၊
ဒသမမြောက် ကျွန်ုပ်လျှောက် ၀မ်းမြောက်ပါရစေ။

အရွယ်လွန်ငြား အိုသက်ကျား ပါးနားရှုံ့တွကာ၊
ဇရာသရုပ် ကိုယ်မှာတုတ် တုန်လှုပ်ချိနဲ့ရှာ၊
သမီးအရွယ် မိန်းမငယ် နှစ်သွယ်ကြိုက်မိရှာ၊
မိန်းမအတွက် အအိပ်ပျက် စိတ်လက်မကြည်သာ၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်းသိလေပါ။

ဆိုလိုရင်း

အသက်ကြီးမှ တဏှာထ၍ သမီးအရွယ်ကို ဇနီးမယားနှယ် လက်ထပ်ပြီးမှ စိတ်မချ၍ စားမ၀င် အိပ်မပျော် ဖြစ်ရခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: