နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၁၂။ ပျက်စီးကြောင်းတရား-

ဥစ္စာဓန မကြွယ်ဝဘဲ ဟန်ပြ၍ ပျက်စီးကြောင်းတရား-

ဥစ္စာဓန မကြွယ်ဝဘဲ ဟန်ပြ၍ ပျက်စီးကြောင်းတရား

ဘုန်းကံကြီးမား မြတ်ဘုရား လျှောက်ထားပါရစေ၊
ပျက်စီးကြောင်းတရား နောက်ဆုံးထား နာကြားလိုပါပေ၊
အားလုံးပေါင်းစု ပျက်စီးမှု ကြောင်းပြုမိန့်တော်ချွေ။

ဥစ္စာဂုဏ်သိမ် မှေးမှိန်မှိန် ရောင်ရှိန်မထွန်းပ၊
မတန်မရာ ကြံစည်ကာ တဏှာတကြွကြွ၊
မင်းနွယ်မင်းမျိုး ဂုဏ်ဖြင့်မိုး ဟန်ရှိုးတပြပြ၊
စင်စစ်ထိုသူ မင်းဖြစ်မူ ပြည်သူဆင်းရဲစွ၊
ထို့ကြောင့်လည်းကောင်းနတ်အပေါင်း မှတ်ကြောင်း ပရာဘ၀။

ဆိုလိုရင်း

ဥစ္စာစည်းစိမ် မရှိပါဘဲလျက် အလိုကြီးခြင်း၊
ဥစ္စာစည်းစိမ် ဂုဏ်သိမ်တန်ခိုး မရှိဘဲလျက်
မင်းအဖြစ်ကို တောင့်တခြင်း။

ပျက်စီးကြောင်းများ ထင်အရှား နတ်သားသိရပြီ၊
ပညာအမြင် ဉာဏ်ဆင်ခြင် ဘေးစင်ဝေးကွာမည်၊
ချမ်းသာအေးမြ ဘုံဘ၀ လားရကပ်ရမည်၊
ထိုကြောင်းနတ်သား ဤတရား ဟောကြားပြီးဆုံးပြီ။

ဆိုလိုရင်း

လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပညာရှိသည် ဤပျက်စီးဆုတ်ယုတ်ကြောင်း တရားတို့ကို ကောင်းစွာရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ယခုဘ၀မှာလည်း ကြီးပွားချမ်းသာ နောင်ဘ၀မှာလည်း အေးမြချမ်းသာသော နတ်ပြည်လောက၌ ဖြစ်ကြရလေတော့သတည်း။

စာအုပ်လေးယူပြီး ပူဇော်လိုပါလျှင်၊
ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: