နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 4, 2008

ပထမ သုခသုတ်- (ချမ်းသာ)

အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌ နေတော်မူစဉ်-

ချမ်းသာ ဆင်းရဲ...

ပထမ သုခသုတ်...

ထိုအခါ သာမဏ္ဍကာနိပရိဗိုဇ်သည် အသျှင်သာရိပုတြာ အထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့်အတူ ၀မ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးနောက် တစ်ခုသော နေရာ၌ထိုင်လျက်-

ငါ့သျှင်သာရိပုတြာ...

ချမ်းသာ ဟူသည် အဘယ်နည်း၊
ဆင်းရဲ ဟူသည် အဘယ်နည်း ဟု မေးလျှောက်၏။

ငါ့သျှင် ဘ၀သစ်၌ ဖြစ်ရမှုသည် ဆင်းရဲတည်း၊
မဖြစ်ရမှုသည် ချမ်းသာတည်း။

ငါ့သျှင် ဘ၀သစ်၌ ဖြစ်မှုရှိလျှင် အေးမှု၊ ပူမှု၊ စားလိုမှု၊ သောက်လိုမှု၊ ကျင်ကြီး စွန့်လိုမှု၊ ကျင်ငယ်စွန့်လိုမှု၊ မီးလောင်မှု၊ တုတ် လှံတံထိခိုက်မှု၊ လက်နက်ထိခိုက်မှု၊ ဆွေမျိုးနှင့် မိတ်ဆွေတို့ စုဝေး လာရောက်ကြ၍ ခြုတ်ခြယ်မှု ဟူသော ဤဆင်းရဲကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်နိုင်၏။

ငါ့သျှင်... ဘ၀သစ်၌ ဖြစ်မှု မရှိလျှင် ထိုထိုဒုက္ခအားလုံး ငြိမ်း၏။

ပထမ သုခသုတ်၊ ယမက၀ဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

No comments: