နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၁။ ပျက်စီးကြောင်းတရား-

နတ်ဗြဟ္မာများ ကိုယ်တော်စား လျှောက်ထားပါသည် ဘုရား-

နတ်ဗြဟ္မာများ ကိုယ်တော်စား လျှောက်ထားပါသည် ဘုရား၊

လောကအလယ် ဂုဏ်မကြွယ် သိမ်ငယ်မှုန်မွှားမွှား၊
မကြီးမပွား ဆုတ်ပျက်ပြား မျက်ဝါးထင်အရှား၊
ဤသို့ဖြစ်ခြင်း အကြောင်းရင်း ရှင်းလင်းတော်မူဘုရား။

နတ်တို့ကိုယ်စား မေးလျှောက်ထား နတ်သား ဤသို့ မှတ်လေလော့။

ပင်ကိုယ်ဉာဏ်ကြွယ် အမြင်ကျယ် လူဝယ်ကြီးပွားကြောင်း၊
ထုံ အ နုံ ဖျင်း အမြင်ကျဉ်း ယိုယွင်းပျက်စီးကြောင်း၊
တရားကိုချစ် ဤသို့ဖြစ် စင်စစ်ပြန့်ပွားကြောင်း၊
တရားကိုမုန်း လူညွန့်တုံး လူလုံးမလှတောင်း။

ဆိုလိုရင်း

၁။ အလိမ္မာနည်းခြင်း။
၂။ တရားကိုမုန်းခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: