နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 1, 2008

ရဟန်းတို့ ချဉ်းကပ်ထိုက်သော ဂုဏ်အင်္ဂါ ကိုးပါး-

ကျောင်းဒါယကာ အနာထပိဏ်၊
ကျောင်းဒါယိကာမ ဝိသာခါတို့သည်
သံဃာတော်များအား-


၁။ ပျူပျူငှာငှာ ကြိုဆိုကြ၏။
၂။ မြတ်မြတ်နိုးနိုး ရှိခိုးကြ၏။
၃။ ရိုရိုသေသေ နေရာပေးကြ၏။
၎။ လှူဖွယ်ဝတ္ထု ရှိသမျှကို တံခါးဖွင့်၍ ထားကြ၏။
၅။ များများရှိလျှင် ရှိသလို များများလှူကြ၏။
၆။ အကောင်းရှိလျှင် အကောင်းကိုသာ လှူကြ၏။
၇။ လှူရာ၌လည်း ဂရုတစိုက် ရှိကြ၏။
၈။ တရားနာရန် ရိုသေစွာ ချဉ်းကပ်ကြ၏။
၉။ ဟောကြားသောတရားကို လိုလိုချင်ချင် နားဆင်ကြ၏။

ဤသို့အားဖြင့် ရဟန်းသံဃာတို့ ချဉ်းကပ်ထိုက်သော ဂုဏ်အင်္ဂါ ကိုးပါးနှင့် ပြည့်စုံသဖြင့် သူတို့အိမ်များ၌ သင်္ကန်းရောင် ထိန်ထိန်ဝင်း၍ နေပေသည်။

သင်သူတော်ကောင်းတို့သည်လည်း ကျောင်းဒါယကာ အနာထပိဏ်၊ ကျောင်းဒါယိကာမ ဝိသာခါတို့ကဲ့သို့ ဂုဏ်အင်္ဂါ ကိုးပါးနှင့် ပြည့်စုံအောင် ကြိုးစားကြရပေမည်။

ကုလသုတ်၊ သီဟနာဒဝဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။