နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 15, 2008

သံဃဘေဒသုတ်-

၈ - သံဃဘေဒသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ဥပုသ်နေ့တစ်နေ့ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင် တော်မူ၏။

ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်သော အသျှင်အာနန္ဒာကို မြင်၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား ''ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍ မြတ်စွာဘုရားမှ လည်းကောင်း၊ ရဟန်းသံဃာမှ လည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကို လည်းကောင်း၊ သံဃကံကို လည်းကောင်း ပြုအံ့'' ဟု ပြောဆို၏။

ထို့နောက် အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားကို
အသျှင်ဘုရား ယနေ့ ဒေဝဒတ်သည်
သံဃာကို သင်းခွဲလတ္တံ့။
ဥပုသ်ကို လည်းကောင်း၊
သံဃကံကို လည်းကောင်း ပြုတော့အံ့'' ဟု ဤသို့ လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကို သိတော်မူ၍ ထိုသိသော အချိန်၌-
''သူတော်ကောင်းသည်
ကောင်းသော အမှုကို ပြုလွယ်၏။
သူယုတ်မာသည် ကောင်းသော အမှုကို ပြုနိုင်ခဲ၏။
သူယုတ်မာသည် မကောင်းသော အမှုကို ပြုလွယ်၏။
အရိယာ သူတော်ကောင်းတို့သည် မကောင်းသော အမှုကို ပြုဖို့ရန် ခဲယဉ်းလှ၏''
ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။
သံဃဘေဒသုတ်၊ သောဏ၀ဂ်၊ ဥဒါန်းပါဠိတော်။