နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, July 3, 2008

မန်လည်ဆရာတော်၏ ငါးပါးသီလ တောင်းခံလွှာ-

မန်လည်ဆရာတော်၏ ငါးပါးသီလ တောင်းခံလွှာ

မွေတော်ရုပ်ရှင်၊ စေတီတော်ပြင်၊ ဤအရပ်၌ ချဉ်းကပ်ရောက်လာကြကုန်သော သမ္မာဒေဝါ၊ လောကပါလာ၊ ဣန္ဒာသူယာမ်၊ သဟမ္ပတိ အစရှိသော နတ်အပေါင်းတို့နှင့်တကွ၊ သူတော်ကောင်း အပေါင်းတို့-

ယခုအခါ၊ နတ်ရွာနိဗ္ဗာန်၊ သုံးတန်ချမ်းသာ၊ ပေးတတ်စွာသော၊ စေတနာငါးလီ၊ ဝိရတီငါးချက်၊ ဖိုလ်မဂ်၏ အဆောက်အအုံ၊ သုံးပါးသော သရဏဂုံနှင့်၊ ငါးစုံသော ပဉ္စသီလ၊ ဂဟဋ္ဌသိက္ခာပုဒ်တို့ကို ကောင်းမွန်စွာ ခံယူဆောက်တည်ကြပါဦးစို့။