နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, March 30, 2008

သင်သည် မေတ္တာနှင့်ယှဉ်သော စိတ်ကို နှလုံးသွင်းအံ့-

သူတော်ကောင်းတို့...

သင်သည် ...
လက်ဖျစ်တစ်တွက်ခန့်မျှလည်း
မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍နှလုံးသွင်းအံ့၊
ဤသူသည် ဈာန်မှ ဆိတ်သုံးခြင်းမရှိမူ၍ နေသူ၊
မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊
အဆုံးအမကို လိုက်နာ၍ နေသူ၊
တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို
အချည်းနှီးမဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။

ထိုမေတ္တာနှင့်ယှဉ်သော စိတ်ကို...
အဖန်ဖန် အလေ့အလာပြုကုန်သော သူတို့ကိုမူကား
အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အစ္ဆရာသင်္ဃတ၀ဂ်၊ အဂုင်္တ္တိုရ်။

No comments: