ယသောဇမထေရ်ဝတ္ထု-
တစ်ယောက်တည်းနေသော ရဟန်းသည်
ဗြဟ္မာကဲ့သို့ ၀ိဝေကသုခကိုပွားလျက် နေနိုင်၏၊
နှစ်ယောက်နေမူ နတ်နှစ်ယောက်တို့ကဲ့သို့
အချင်းချင်းထိပါးသဖြင့် အမျက်ဒေါသဖြစ်ရာ၏၊
သုံးယောက်တို့ နေကြကုန်မူ ရွာ၌နေသော သူတို့ကဲ့သို့
ဆိတ်ငြိမ်မှု ၀ိဝေက မဖြစ်နိုင်၊
ထို့ထက် အလွန်များစွာ နေကြကုန်မူ
အုတ်အုတ်ကျက်ကျက် ဖြစ်ကြရကုန်၏။
ယသောဇမထေရ်ဝတ္ထု။ ထေရ၊ ဋ္ဌ၊ ၁၊ ၄၅၇။
No comments:
Post a Comment