နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 24, 2008

အရိယာတို့၏ အပြောအဆို ၈-မျိုး-

ရဟန်းတို့-
အရိယာတို့၏ အပြောအဆိုတို့သည် ဤ၈-မျိုးတို့တည်း။

၁။ မမြင်သည်ကို မမြင်ဟု ဆိုလေ့ရှိခြင်း၊
၂။ မကြားသည်ကို မကြားဟု ဆိုလေ့ရှိခြင်း၊
၃။ မတွေ့ထိသည်ကို မတွေ့ထိဟု ဆိုလေ့ရှိခြင်း၊
၎။ မသိသည်ကို မသိဟု ဆိုလေ့ရှိခြင်း၊
၅။ မြင်သည်ကို မြင်သည်ဟု ဆိုလေ့ရှိခြင်း၊
၆။ ကြားသည်ကို ကြားသည်ဟု ဆိုလေ့ရှိခြင်း၊
၇။ တွေ့ထိသည်ကို တွေ့ထိသည်ဟု ဆိုလေ့ရှိခြင်း၊
၈။ သိသည်ကို သိသည်ဟု ဆိုလေ့ရှိခြင်း။

သူတော်စဉ် အရိယာတို့၏ အပြောအဆို ၈-မျိုးတို့သည် ဤ ၈-မျိုးတို့တည်း။

No comments: