နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, March 25, 2008

ဒါသမထေရ် ရွတ်ဆိုသော ဂါထာ မြန်မာပြန်-

ဒါသမထေရ် ရွတ်ဆိုသော ဂါထာ မြန်မာပြန်-

ဒါသမထေရ်သည် အစားကြီး အအိပ်ကြီး၍ ပျင်းရိသူဖြစ်ရာ တစ်နေ့၌
ပြင်းစွာ ဟောက်၍ အိပ်ပျော်နေစဉ် ဘုရားရှင်က ဟောကြားတော်မူလေသည်။
ထို့နောက် မြတ်စွာဘုရား၏ ဟောကြားသော ဂါထာကို မိမိအတွက်
အလွန်အကျိုးဖြစ်ထွန်းသည်ဟု ရွတ်ဆိုကျူးရင့်၏။

အကြင်အခါ၌ ပညာနည်းသူသည် အစားကြီးသည်ဖြစ်၍ လေးလံထိုင်းမှိုင်းခြင်း
ထိနမိဒ္ဓဖြင့်နှိပ်စက်ခံရကာ အစာပြည့်နေသော ၀က်ကြီးကဲ့သို့ တပြောင်းပြန်ပြန်
လူးလိမ့်လျက် အအိပ်ကြူး၏၊ ထိုအခါ အဖန်တလဲလဲ ပဋိသန္ဓေ နေခြင်းသို့
ရောက်ရ၏ဟု ဒါသမထေရ်က ရွတ်ဆို၏။

No comments: