နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 24, 2008

ရဟန်းတို့ အမြဲဆင်ခြင်အပ်သော တရား ၁၀-မျိုး-

ရဟန်းတို့ အမြဲဆင်ခြင်အပ်သော တရား ၁၀-မျိုး

၁။ လူတို့နှင့် အသွင်အပြင် အသုံးအဆောင် မတူသည်ကိုလည်းကောင်း။
၂။ သူတစ်ပါးကိုမှီ၍ အသက်မွေးရသည့် အဖြစ်ကိုလည်းကောင်း။
၃။ လူတို့နှင့် သွားလာခြင်းစသည်၌ မတူသည့် အဖြစ်ကိုလည်းကောင်း။
၎။ မိမိကိုယ်ကိုပြန်၍ သီလပျက်စီးသလောဟူ၍ လည်းကောင်း။
၅။ မိမိအပေါ်၌ သီတင်းသုံးဖေါ်တို့ သီလပျက်သည်ဟု မစွပ်စွဲပါသလော
ဟူ၍လည်းကောင်း။
၆။ နာနာဘာဝ(ရှင်ကွဲ)၊ ၀ိနာဘာဝ(သေကွဲ)ကိုလည်းကောင်း။
၇။ ကမ္မဿကာ ကမ္မဒါယာဒါ စသည်ကိုလည်းကောင်း။
၈။ ကုန်လွန်သွားသော အချိန်များမှာ အကျိုးရှိ မရှိကို လည်းကောင်း။
၉။ ကိုယ်စိတ်နှစ်ပါး ဆိတ်ငြိမ်ရာ၌ ပျော်မွေ့ပါသလောဟူ၍ လည်းကောင်း။
၁၀။ သေခါနီး၌ သီတင်းသုံးဖေါ်တို့က မဂ်ဖိုလ်ရပါသလောဟု မေးခဲ့လျှင်
ရွှင်လန်းစွာ ဖြေကြားနိုင်အံ့လောဟူ၍ လည်းကောင်း။

(ဤ ၁၀-ချက်ကို အမြဲဆင်ခြင်ရမည်။)
သာရဏိယသုတ်၊ အံ-၃-ပါ-၁၀၅၊ ဋ္ဌ-၇၅။

No comments: