နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 24, 2008

မိမိကိုယ်ကို ချစ်သောသူသည်-

သဗ္ဗာဒိသာ အနုပရိဂမ္မ စေတသာ၊
နေ၀ဇ္ဈဂါပိယတရ မတ္တနာကွစိ။
ဧ၀ံပိယော ပုထုအတ္တာ ပရေသံ၊
တသ္မာနဟိံသေ ပရမတ္တကာမော။

သဗ္ဗာဒိသာ၊ အလုံးစုံသော အရပ်မျက်နှာသို့။
စေတသာ၊ စိတ်ဖြင့်။
အနုပရိဂမ္မ၊ ရှာဖွေလှည့်လည်၍။
အတ္တနာ၊ မိမိထက်။
ပိယတရံ၊ သာလွန်၍ ချစ်သောသူကို။
ကွစိ၊ တစ်စုံတစ်ခုသော အရပ်၌။
နေ၀အဇ္ဈဂါ၊ မရနိုင်ပါ။
ပရေသံ၊ အခြားသူတို့သည်လည်း။
ပုထုအတ္တာ၊ အသီးသီးသော သူတို့ကိုယ်ကို။
ဧ၀၊ ဤအတူပင်။
ပိယော၊ ချစ်အပ်ပါ၏။
တသ္မာ၊ ထို့ကြောင့်။
အတ္တကာမော၊ မိမိကိုချစ်သောသူသည်။
ပရံ၊ သူတစ်ပါးကို။
နဟိံသေ၊ ကိုယ်ချင်းစာကာမညှဉ်းဆဲရာ။

No comments: