သိကြားမင်းမှ မြတ်စွာဘုရားအား ဤသို့မေးလျှောက်လေသည်-
အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာနေရပါသနည်း၊
အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း၊
ဂေါတမအနွယ် ဖြစ်တော်မူသော မြတ်စွာဘုရား
ဘယ်တရား ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်းဟု
မေးလျှောက်လေသော်----
အမျက်ထွက်ခြင်း ဒေါသကိုဖြတ်တောက်သော် ချမ်းသာစွာနေရ၏။
အမျက်ထွက်ခြင်း ဒေါသကိုဖြတ်တောက်သော် မစိုးရိမ်ရ။
အဆိပ်ကအရင်းအမြစ် ချိုမြိန်ခြင်းက အဖျားရှိသော
အမျက်ဒေါသအား ဖြတ်တောက်ခြင်းကို
သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
No comments:
Post a Comment