နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, March 27, 2008

သွားရောက်ချဉ်းကပ်သင့်သော ဒါယကာအိမ်-

ကုလသုတ္တံ တရားတော်-

သွားရောက်ချဉ်းကပ်သင့်သော ဒါယကာအိမ်

ရဟန်းတို့ အင်္ဂါကိုးမျိုးနှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့
မသွားရောက်ရသေးသော် သွားရောက်ရန်သင့်၏၊
သွားရောက်ပြီးသော်ကား ထိုင်နေရန်သင့်၏။

အဘယ်ကိုးမျိုးတို့နည်းဟူမူ-

၁။ ပျူပျူငှာငှာ ခရီးဦး ကြိုဆိုကြခြင်း။
၂။ မြတ်မြတ်နိုးနိုး ရှိခိုးကြခြင်း။
၃။ ရိုရိုသေသေ နေရာထိုင်ခင်းပေးကြခြင်း။
၎။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ရဟန်းတို့အား မလျှို့ဝှက်ကြခြင်း။
၅။ လှူဖွယ်ဝတ္ထု များစွာရှိသော် များစွာပင် ပေးလှူကြခြင်း။
၆။ မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိသော် ထိုလှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း။
၇။ လှူရာ၌လည်း ဂရုတစိုက် ရိုရိုသေသေ ပေးလှူကြခြင်း။
၈။ တရားနာရန် ရိုသေစွာ ချဉ်းကပ်နေထိုင်ကြခြင်း။
၉။ ဟောကြားသောတရားကို လိုလိုချင်ချင် ရိုသေစွာနာယူကြခြင်း။

သင်သူတော်ကောင်းတို့သည်
ဤအင်္ဂါကိုးပါးနှင့် ပြည့်စုံအောင် ကြိုးစားနိုင်ကြပါစေ။

No comments: